ရွာပေါင်း ၁,၅ဝဝ လျှပ်စစ်ဓာတ်အားမရသေးတဲ့ ရန်ကုန်ဒေသ

Monday, April 29, 2013


ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ဓာတ်အားမရသေးတဲ့ ရွာပေါင်း ၁,၅ဝဝ ခန့် ရှိနေတယ် လို့ တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေက ပြောဆိုကြောင်း ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ တွေ့ရပါတယ်။

တနင်္ဂနွေနေ့က ရန်ကုန်မြို့ အလုံ ဓာတ်အားပေးစက်ရုံက တည်ဆောက်ဆဲ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို သွားရောက်စဉ်မှာ အဲဒီလို ပြောလိုက်တာပါ။

တိုင်းဝန်ကြီးချုပ်က "ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်နေ ပြည်သူများ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်" လို့ သတင်းမှာ ရေးပါတယ်။

ဒီစက်ရုံက မဂ္ဂါဝပ် ၁၂ဝ စီမံကိန်းဖြစ်ပါတယ် တဲ့။
ပြီးခဲ့တဲ့ နိုဝင်ဘာမှာ စတင်ခဲ့တဲ့ ဒီစီမံကိန်းက အဆုံးမသတ်သေးပါဘူး။

၄၁ မဂ္ဂါဝပ် - လည်ပတ်နေပြီ။
၄၁ မဂ္ဂါဝပ် - လာမယ့်လ လဆန်းထပိုင်းမှာ လည်မယ်။
၃၈ မဂ္ဂါဝပ် - လာမယ့်နှစ် သြဂုတ်လမှာ လည်ပတ်ဖွယ်ရှိ။

စက်အမျိုးအစားက
UN-6000PC Aero Devivative Engine Gas Turbine ၂ လုံး
Stream Turbine ၁ လုံး ဖြစ်တယ်၊ ဟန်ဂေရီနိုင်ငံထုတ်စက်တွေပါ တဲ့။

ပူးပေါင်းလုပ်ကိုင်နေတာကတော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နဲ့ ထိုင်းနိုင်ငံက Toyo- Thai Power Myanmar Co.,Ltd. ဖြစ်ပါတယ်။



.

2 comments :

  1. Anonymous said... :

ျမြန်မာနိုင်ငံ ရဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းတည်ရှိပြီးမှာ ရှိပြီး လျှပ်စစ်ဓာတ်အားမရသေးတဲ့ ရွာပေါင်း ၁,၅ဝဝ ရှိနေတာပာာ ဘယ်သူ့ မှာ တာဝန်ရှိလဲမသိဘူးနော်။ လျုပ်စစ်မီးရဖို့ လဲ အားထည့် ကြပါလို့ ပြောချင်တယ်။

  1. Anonymous said... :

    ဟိုဟာဖွင့်တယ် ဒီဟာဖွင့် တယ်ဆို ပြီ ညာမနေနဲ့ရှင့် .. အခု မီးတို့ အိမ်မှာ မီးပြတ်နေတယ် ။ နေ့တိုင်းပဲ မိုးနက်မင်းကို တိုင်တည် နေရတာ မော်ပြီ… တိုင်တည်နည်းများ လွဲနေလား မသိဘူး ရှင် ။။။။ဒါလဲ မရပါဘူး……အလှည့်ကြတောင်မမှန်ဘူး။။ဒါနဲ့ ဒီနေ့ weekly eleven မှာဖတ် လိုက်ရတာ က တယူနစ် ကို ၁၁၃ကျပ်လို့ ရေးထားတာ တွေ့တယ်။မှားများနေတာလား ရှင်။အခု မီးတို့ ပေးနေရတာ တယူနစ် ကို ၃၅ကျပ်၊ လုပ်ငန်းသုံး က ၇၅ကျပ်လေ ဟုပ်ပါတယ်နော်။ ဘယ်လိုကြီးလဲမသိဘူး။ မီးတို့ ကတော့ ၃၅ကျပ်ပဲပေးနိုင်တာနော်။ဒါတောင် အနိုင်နိုင် လုပ်ပေးနေရတာ။တချို့အိမ်ဆို ရင် မီတာခ ပေးဘို့မနည်း လုပ်နေရတယ်။ မီး တို့ ကတော့ မီးတော့သုံးချင်တယ် မီတာခတက်မှာတော့ ကြောက်တယ် ရှင့်။ဘာလို့လဲ ဆိုတော့ မီးကို အမြဲ သုံးပြီးချက်နေ ရတာ ရှင့်။ မီးလင်းအောင် ဆောင်ရွက်ပေး တာကိုတော့ ကျေးဇူးတင်ပါတယ် ရှင် ။ဒါပေ့မဲ့ ကြောက်တယ် (မီတာခ)။ သူတက်ရင်တော့ အကုန်လုံးဈေးတက်တော့မှာပဲ။
    ဒါမှမဟုပ် ကျန်နေတဲ့ရွာပေါင်း(၁၅၀၀) အတွက်လား။ဒါဆိုရင်တော့ တောက လူတွေတော့သနားပါတယ်။ ဘယ်သူမဆို မီးတော့လင်းခြင်တာပေါ့ ။၁၁၃ကျပ် အတိုင်းပေးရမယ် ဆိုရင်တောင်း မနည်ဘူး။
    ဒါမှမဟုပ် အစိုရက စိုက်ပေးမှာလား??? လိုတဲ့ ငွေကိုလေ။မြေငှား၇မ်းခ တို့ မီးေ၇ာင်းရငွေ (၇) ရာခိုင်နူန်း တို့ ကနေ လား????? ဒါဆိုရင် အစိုးရက ဘာကျန်မှာလဲ????? ကြည့်လဲလုပ်ကြပါ အုံးရှင် အခုတောင်းနိုင်ငံသားတိုင် အကြွေး (၄)သိန်းတင်နေတယ် လို့ ပြောနေတာ ။ နောက် အကြွေးတွေ တို လာရင်တော့ မီးကတော့ ဘ၀ပျက်ပြီ ရှင့် ။။မီးလင်းအောင်လဲ လုပ်ပေးပါ …..မီတာခ မတက်အောင်လဲ ဆောင်ရွက်ပေးကြပါ။ လာဘ်ကို မျှော်ကိုး…… ပြည်သူအကြိုး ဆို ပြီးတော့ လုပ်ခြင်တိုင် မလုပ် ကြပါနဲ့…..အကြွေးတင်အောင်လဲ မလုပ်ကြပါနဲ့ တိုင်ပြည် အတွက်လဲ အကြိုးရှိ ပြည်သူတွေအတွက်လဲ အဆင်ပြေအောင် ဆောင်ရွက်ပေးကြပါလို့….. မှာခြင်ပါတယ် ရှင်။(သတိ ဒါကို အကြောင်းပြပြီ မီတာခ မတက်ပါနှင့်)………..ရွာသူမလေး အွန်လိုင်း

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved