ဥက္ကံမြို့အတွင်း မီးရှို့ဖျက်ဆီးမှု နှင့် အဖမ်းအဆီး

Thursday, May 2, 2013



ဥက္ကံမြို့ အဓိကရုဏ်းမှာ ပါဝင်တယ်လို့ ယူဆရသူ စုစုပေါင်း ၁၈ ဦးကို ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ ကြေညာပါတယ်။

ဥက္ကံမြို့မှ (၃)ဦး၊ ပနီပင်ကျေးရွာမှ (၁၅)ဦးကို အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။

သူတို့ကို ရဲတပ်ဖွဲ့က "စစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်" လို့ ရဲတပ်ဖွဲ့ Facebook မှာ ရေးထားပါတယ်။

မနေ့တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့မှာ  ဗလီ၊ လူနေအိမ်၊  ဈေးဆိုင်ခန်း အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ဥက္ကံမြို့ကို ဒီကနေ့ ရောက်ခဲ့တဲ့ ဧရာဝတီ သတင်းထောက် ဂျေပိုင် ပေးပို့လာတဲ့ ဓာတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်။

2 comments :

  1. မြန်မာပြည်မှာ ကမ္ဘာ့အငြိမ်းချမ်းဆုံး ဘာသာတရား ထွန်းကားတဲ့ နိုင်ငံ ဖြစ်တယ်... မြန်မာဟာ ကမ္ဘာမှာ အယဉ်ကျေးဆုံး... မြန်မာတွေဟာ သီးခံတတ်တယ်... လို့တော့ ပြောတာပဲ...

    ဟိုက်.... ဟိုမှာ ၀င်တိုက်မိလို့ ပြန်ချဲပြီတဲ့....
    အိုး... စပြီ... ဟိုဖက်မှာ ရန်ပွဲ...
    ဟို.... ဒီဖက်မှာ မီးရှို့ပွဲ...
    ဟာ.... ဟိုမှာလဲ လူသေပြီ...

    ဟိုးးး ဖက်မှာတော့ တရွာလုံး ကုန်ပြီ....

    ဟာ.... ဟိုမှာ ဒုက္ခသည် စခန်း ထပ်တိုး... အရင်ဟာတွေ မပြန်နိုင်သေးဘူး...

    ကရင်ပြည်က ဒုက္ခသည် စခန်းဟာ နှစ်ပေါင်း ၃၀ ကျော်လာပြီ....
    ကချင်ပြည်မှာလဲ ရွာ ၂၀၀ ကျော် ပျက်ပြီ... ဒုက္ခသည် တစ်သိန်းကျော် အိမ်မပြန်သေးဘူး....
    ရခိုင်မှာလဲ.... ရွာပေါင်း xxxxxx....
    အခု ရှမ်းမှာ ဒုက္ခသည် အသစ်တွေ ထပ်တိုးလာပြီ...
    မြောက်ဥက္ကလာပ....
    မိတ္ထီလာမှာ...
    အခု ဥက္ကံ....

    ဘယ်လိုဖြစ်တာလဲ ဗျာ.. အပြောနဲ့ အလုပ်ညီမှ ဖြစ်မှာနော့..

    Copy from Kachin Duwa (www.kachinduwa.blogspot.com)

  1. Anonymous said... :

    သီးခံတယ်ဆိုတာ ဘာကိုပြောတာလဲ လေ့လာလိုက်ပါဦး သူတပါးလုပ်သမျူကို ဘာမု ပြန်မလုပ်၇ဘူးလို့ ဆိုလိုတာလား အဲဒီလိုမျိုးလိုလား၇င်တော့ လူနဲ့၇န်မဖြစ်နဲ့ သစ်တုံးတွေနဲ့ သွား၇န်ဖြစ်ကြားလား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved