ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့ တချိန်က အမေရိကန်ခရီးစဉ် မှတ်တမ်း

Sunday, May 5, 2013

မြန်မာနိုင်ငံရဲ့ တချိန်က အာဏာရှင်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ ဇနီး ဒေါ်ခင်မေသန်းတို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်ပြည်ထောင်စု သမ္မတ ဂျွန်ဆင်က အမေရိကန်ကို ၁၉၆၆ ခုနှစ်က ဖိတ်ကြားပြီး ကြိုဆိုခဲ့တုန်းက မှတ်တမ်း တခုပါ။ 


အဲဒီတုန်းက တော်လှန်ရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ အမေရိကန်တို့ ဆက်ဆံရေးကို ထိုစဉ် က မြန်မာနိုင်ငံရဲ့ အကြီးအကဲတယောက်ကို အမေရိကန်ပြည်ထောင်စုက ဘယ်လို ကြိုဆိုခဲ့သလဲ ဆိုတာနဲ့ ခန့်မှန်းတိုင်းတာကြည့်နိုင်ပါလိမ့်မယ်။  

TheLBJLibrary က ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့ အမေရိကန် ခရီးစဉ် မှတ်တမ်းကို ယူကျုမှာ တင်ပေးထား ပါတယ်။ ဦးနေ၀င်း ဘာပြောခဲ့သလဲ အချက်အလက်တခုအနေနဲ့ ပြန်လည် ကြည့်နိုင်၊ နားဆင်နိုင်ပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကန်- အမေရိကန် ၂ နိုင်ငံဆက်ဆံရေးတွေ မြင့်မားစေဖို့ မိန့်ခွန်း တခု လည်း ပြောကြားခဲ့ပါတယ်။ 

မကြာခင် ရက်ပို်င်းမှာလည်း မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စုကို တရားဝင် နိုင်ငံအကြီးအကဲတဦးအနေနဲ့ သွားရောက်ဖို့လည်း ရှိနေချိန်မှာ တိုက်ဆိုင်စွာနဲ့ ယူကျု က တွေ့ရှိလို့ ပြန်လည် တင်ပြပေးလိုက်ပါတယ်။


အိမ့်သံစဉ် ~

2 comments :

  1. tun said... :

    Thanks for sharing this video clip. After I watched it, I have some thoughts. Politically the way U.S. welcome U Ne Win (whether we like him or not)as a leader from Burma was very superb. I hope the US would treat current President from Burma with the same respect.

  1. Anonymous said... :

    Hope the BEST.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved