မြန်မာပါ့စ်ပို့ အတုသုံးသူတွေ ရန်ကုန်လေဆိပ်မှာ စစ်ဆေးအရေးယူနေ

Thursday, July 25, 2013

ရန်ကုန်လေဆိပ်မှာ မြန်မာနိုင်ငံကူးလက်မှတ်အတု စာအုပ်သုံး ၀င်လာသူတွေကို စစ်ဆေးအရေးယူနေ ပါပြီတဲ့။ 


ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည်ဖေ့စ်ဘုတ်စာမျက်နှာ မှာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ သတင်းကို ဖော်ပြထားတာပါ။ 

ဖြစ်စဉ်ကတော့ ယမန်နေ့ညက ရန်ကုန်လေဆိပ်မှာ မလေးရှားမှာ အလုပ်လုပ်ပြီး ပြန်လာကြသူ ၂ ဦး ဟာ နိုင်ငံကူး လက်မှတ် အတုနဲ့ ၀င်ရောက်လာတာကို လေဆိပ်စစ်ဆေးရေး လ၀က အဖွဲ့က ဖော်ထုတ်ပြီး တိုင်ကြားခဲ့လို့ အခုတော့ တိုင်ချက်ဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။ 

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ရဲဇာနည်က ဖော်ပြထားတာကတော့ ….. 

၂၄.၇.၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် ရန်ကုန်လေဆိပ်သို့ မလေးရှား နိုင်ငံမှ Air Asia လေကြောင်းလိုင်း ခရီးစဉ် အမှတ် AK 1426 ဖြင့် ရောက်ရှိလာသော ကိုယဉ်ခိုင်၊ ၃၀ နှစ်၊ (ဘ)ဦးစံရှင်း၊ စိုင်းဂေါင်းရွာ၊ မြိုင်မြို့ နယ်၊ မကွေးတိုင်း ဒေသကြီးနေသူသည် မလေးရှားနိုင်ငံသို့ ၂၀၁၀ ခုနှစ်တွင် တရားဝင်သွားရောက် အလုပ် လုပ်ကိုင်ခဲ့ပြီး Yin Khaing (မနလ M 673081/ ၆.၁.၁၀၁၂)၊ မြန်မာနိုင်ငံကူး လက်မှတ်စာအုပ်အတုအား အစစ်အမှန်အဖြစ်အသုံးပြုကာ ၀င် ရောက်လာကြောင်း ရန်ကုန်လေဆိပ်(လ၀က)မှ စစ်ဆေးတွေ့ရှိရ သဖြင့် ကိုယဉ်ခိုင်အပေါ် အရေးယူပေးရန် လ၀က (လေဆိပ်စစ်ဆေးရေးအဖွဲ့)မှ တိုင်တန်းခဲ့၍ မင်္ဂလာဒုံ မြို့မ ရဲစခန်း(ပ) ၄၄၆/၂၀၁၃၊ လ၀ကအက် ဥပဒေ ပုဒ်မ ၁၃(၁)/ ၁၃(၇)(က)(ဃ) ဖြင့်လည်းကောင်း၊ အဆိုပါဖြစ်စဉ် အား သတင်းတပ်ဖွဲ့၊ လေဆိပ်ဌာနစုမှ တိုင်တန်းမှုအား (ပ) ၄၄၇/ ၂၀၁၃၊ ပုဒ်မ ၄၂၀/၄၆၈ ဖြင့် လည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိပါသည်။ 

အလားတူအဆိုပါလေယာဉ်ဖြင့်ပင် ရောက်ရှိလာသော ကိုအောင်မျိုးထက်၊ ၂၆နှစ်၊ (ဘ)ဦးသန်းထွန်း၊ (၆)ရပ်ကွက်၊ လှိုင်သာယာမြို့နယ် နေသူသည် မလေးရှားနိုင်ငံသို့ ၂၀၁၁ ခုနှစ်တွင် တရားဝင်သွား 
ရောက်ခဲ့ပြီး Aung Myo Htet ( မနလ M 673084 / ၆.၁.၁၀၁၂) မြန်မာနိုင်ငံကူးလက်မှတ် စာအုပ် အတုအား အစစ်အမှန် အဖြစ် အသုံးပြုကာဝင် ရောက်လာကြောင်း ရန်ကုန်လေဆိပ်(လ၀က) မှ စစ်ဆေးတွေ့ရှိရသဖြင့် ကိုအောင်မျိုးထက်အပေါ် အရေးယူပေးရန် လ၀က (လေဆိပ်စစ်ဆေးရေးအဖွဲ့)မှ တိုင်တန်းခဲ့၍ မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၄၄၈/၂၀၁၃၊ လ၀ကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၇)(က)(ဃ) ဖြင့် လည်းကောင်း၊ အဆိုပါဖြစ်စဉ်အား သတင်းတပ်ဖွဲ့၊ လေဆိပ်ဌာနစုမှ တိုင်တန်းမှုအား (ပ) ၄၄၉/၂၀၁၃၊ ပုဒ်မ ၄၂၀/၄၆၈ ဖြင့်လည်းကောင်း အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါ သည်။ 

https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

1 comments :

  1. Anonymous said... :

    နဲတောင်နဲသေးတယ်...မလေးရှားလောက်မှာ..တနှစ် ၂နှစ်လောက်လုပ်၇သေးတယ်..သူတို့ကိုယ်သူတို့လည်လှပြီထင်နေတာကိုး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved