UNFC နဲ့ WGEC

Thursday, August 22, 2013

တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီ (WGEC) က ရေးဆွဲတဲ့ နိုင်ငံရေး ဆွေး နွေးရေး မူဘောင်ကို လူထုအားရှင်းလင်း ပြမယ်ဆိုတဲ့ သျှမ်းသံတော်ဆင့် သတင်းကြောင့် ဒီ WGEC က ဘာကြောင့် ရှင်းပြချင်တာလဲ ဆိုတာကို ကျွန်တော် စဉ်းစားနေမိတယ်။ 

 မကြာသေးမီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် UNFC သတင်းစာ ရှင်းလင်းပွဲ(ဓာတ်ပုံ-လင်းသန့်/ဧရာဝတီ)

သူတို့က နိုင်ငံရေး အဖွဲ့လား၊တပ်ပေါင်းစုလား၊ ရွေး ကောက်ပွဲဝင်မလို့ မဲဆွယ်တာလား၊နိုင်ငံရေး ဆွေးနွေး ပွဲ မှာ ပါချင်တာလား ဆိုတာတွေကိုကျယ်ကျယ် ပြန့်ပြန့် ဆန့်တွေးမိနေတယ်။ 

ဒီမူဘောင်ရဲ့ အဓိက-က သက်ဆိုင်ရာနယ်မြေအတွင်းက စီမံကိန်းကနေ ဝေစုတွေခွဲပေးဖို့၊ အပစ်ရပ် နယ် မှာ NGO၊ INGO တွေလှုပ်ရှားခွင့်ပေးဖို့ ၊ အစိုးရကနောင်လုပ်မည့် အစည်းအဝေးအဆင့်ဆင့်မှာ စိုးရိမ် စိတ်မကြီးဖို့ ဖြေသိမ့်တာတွေပါ ပါတယ်။ 

ဘာဖြစ်လို့ ဒီမူဘောင်ကိုဆွဲရတာလဲ ဆိုတာက စရရင် ဦးအောင်မင်းနဲ့ ဆွေးနွေပွဲတွေက တော် တော် ခေတ်စားလာနေတော့ ဆွေးနွေးပွဲပြင်ဆင်မှုတွေလုပ်ရာ ကနေ ကြံ့ဖွတ်အစိုးရ အတွက် အကွက်ဖန် အကျိုး ပြုဖို့၊ နေရာယူအမြတ်ထုတ်ဖို့ ချောင်းနေတဲ့ ဟန်ယောင်ဟွေက EU ငွေနဲ့ အစည်းဝေးစရိတ်ပေးရင်း လူမွေး တာကို မမြင်ချင်ပေမဲ့ မြင်နေရတယ်။ 

မူလက ဒီဆွေနွေးရေးမူဘောင်ဟာ UNFC အဖွဲ့ဝင်တွေ အများစုပါတဲ့ ကွန်ဖရင့်မှာ ရေးဆွဲခဲ့တာပါ။ နောက်တော့အစည်းဝေးစားရိတ်ပေးခဲ့တဲ့ဟန်ညောင်ဟွေကသူသဘောအတိုင်းဦးအောင်မင်းဆီ အစည်း အဝေး ဆုံဖြတ်ချက်ကို တင်ပြပေါက် ကြား လိုက်ပါတော့တယ်။ 

ဒီအချိန်က စပြီး WGEC ကို UNFC က ကင်းကင်းနေလာတော့တာပါ။ ဒီတော့ ပြဿနာဟာ နိုင်ငံရေး ကိစ္စမဟုတ်ဘဲ ဖေါက်ပြန်တဲ့ ပုဂ္ဂိုလ်ရေး လူလည် ကျမှု ဖြစ်နေတာကို သိသာစေ ချင်ပါတယ်။ 

ဒီမူဘောင်ကို ယေဘုယျ စီစစ်လိုက်ပါက ငြိမ်းချမ်းရေး စကားလုံးအောက်မှာ အခွင့်အရေးပြ မြူလုံးများ သာဖြစ်ပြီး ဖြစ်နိုင်ခြေ အလွန်နည်းတဲ့ စိတ်ကူးယဉ် အစီအစဉ်များသာဖြစ်နေတယ်။ 

ထူးခြား ဒါက “စစ်အာ ဏာရှင် ” ဆိုသောစကား၊ “စစ်အုပ်စု ” ဆိုသောစကား လုံးဝ မပါပါ။“ဖက်ဒရာယ်” ဆိုတဲ့ စကားလုံး လည်း မပါပါ။ UNFC က ဆုံးဖြတ်ထားတဲ့ ဖွဲ့စည်းပုံ ဥပဒေ အသစ်ရေးဆွဲရေးလည်း မပါ တော့ ပါ။

ဒါ ကြောင့် WGEC ရဲ့ မူဘောင်ဟာ UNFC နဲ့ တောင် အဆင်မပြေ လေတော့ တိုင်းပြည် စည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ အရာတွေ အတွက် များစွာ အလှမ်းဝေးလှပါတယ်။ 

WGEC ရဲ့ မူဘောင်ဟာ အစိုးရကိုဖါးပြီး၊ မက်လုံး ပေး ဂိုဏ်းဖွဲ့၊ UNFC ကို ထိုးခွဲတဲ့လုပ်ရပ်သာ ဖြစ်ပါတယ်။ 

နယ်စပ်ဒေသမှာ ဟန်ယောင်ဟွေရဲ့ လုပ်ရပ်တွေကိုလက်လှမ်းမှီသမျှ ပြန်လည်သုံးသပ်ကြည့်ပါက - ၁၉၉၅ ခုနောက်ပိုင်းမှာရောက်လာပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို ပယ်ဖျက်ဖို့လာလှုပ်ဆော်ခဲ့တယ်၊ ကြား ကာလ အုပ်ချုပ်ရေးကို စစ်အစိုးရနှင့် ပေါင်းလုပ်ဖို့ ဆွယ်ခဲ့တယ်၊ NDF ကို ENC အပြိုင်ဖွဲ့ပေးပြီ့း ထိုးခွဲတယ်။ 

နောက်ပိုင်းမှာ မူမမှန်တဲ့ ENC လည်းအားနည်း အလုပ်မဖြစ်တော့ ခေါက်ထားလိုက်တယ်။ DAB ကိုလည်း UNFC နဲ့ ပြိုင်စေဖို့ အားပေးခဲ့တယ်။ 

UNFC ကို လူမှုရေး အဖွဲ့လိုလိုWGEC အဖြစ်ပြောင်းလဲဖို့ လုံးပမ်းရာ သူရဲ့ မရိုးမသား နိုင်ငံရေး အမြတ် ထုတ်မှုတွေကြောင့် အောင်မမြင်ဖြစ်သွားတယ်။ 

သူရဲ့ လုပ်ရပ် က ရန်သူနှင့် နိုင်ငံရေး၊ စစ်ရေး ရင်ဆိုင်ရာမှာ UNFC ကို အင်အားဆုတ်ရုတ်အောင်လုပ်ပြီး ရန်သူ ကြံ့ဖွတ် အစိုးရ အကြိုက် သွေးကွဲအောင် သွေးခွဲနေတာသာ ဖြစ်ပါတယ်။ 

သူဟာ နိုင်ငံရေး ပါတီတခုကိုလည်း မထောင်၊ မဦးဆောင်ဘဲ ရှိပြီးသားတပ်ပေါင်းစုတွေကို အစည်းဝေး စာရိတ်ပေး၊ ပရိုဂျက်ချပေးပြီးငွေ သူ့သြဇာကို တည် ဆောက်နေတာ သာဖြစ်ပါတယ်။ 

သူ့သြဇာလို့ဆိုတာကလည်း သူ့ရဲ့ ကိုယ်ပိုင်အကြံထက် သူအမှုထမ်းနေတဲ့ EBO ကညွှန်ကြားချက် အတိုင်း၊ ဥရောပက နိုင်ငံတွေ အကျိုးအတွက် ကြံ့ဖွတ်အစိုးရထံက စီးပွါးရေး အကျိုးအမြတ် ရရှိရေးအတွက် တော်လှန်ရေး အင်အားစုများ နိုင်ငံရေး၊စစ်ရေး အရည်အသွေးကျဆင်းပြီး ရန်သူနဲ့ နားလည်မှုယူ အလျှော့ ပေး ပူးပေါင်းရေး အတွက် တဘက်က တော်လှန်ရေး အင်အားစုတွေကို ဖိအားပေးနေသာဖြစ်ပါတယ်။ 

အခုအချိန်မှာ သစ္စာဖေါက်ခံရတဲ့ UNFC ကို အထက်စီးကနေ “ ခေါင်းမာတယ်” “နည်းနာ ခေါင်းပါးတယ်” လို့ လိုက်အပုတ်ချနေပြီး UNFC ထောက်ခံသူများ၊ လိုလားသူများကိုလိုက် သွေးထိုးနေတယ်။ 

ယခင့်ယခင်က အဖြစ်အပျက်တွေမှာ သူ့ကို ဝေဖန်ရှုတ်ချဖို့အတွက်စိတ်ကူးရှိပေမဲ့ ဗမာနဲ့ တိုင်းရင်း သား ဆိုတဲ့ လူမျိုးရေးအမြင် ဖြစ်နေမှာ စိုးတာရယ်၊ တိုင်းရင်းသား တွေထဲမှ တဦးဦးတော့ပေါ်လာမှာဘဲ ဆိုတဲ့ အမြင်နဲ့ နေခဲ့တယ်။ အခုတော့ တိုင်းရင်းသား အဖွဲ့ အစည်ကြီးးဖြစ်တဲ့ UNFC က နိုင်ငံရေး စစ်ရေး တိုးတက်ဖို့ အရှိန် ယူနေစဉ်မှာ သိက္ခာချ နံမည်ပျက်စေဖို့ ငြိမ်းချမ်းရေး အရည်ခြုံ မူမဲ့ WGEC ကို လူသူ ရှေ့ တင်ဖို့ ကြိုးပမ်း ချက်ဟာ တိုင်းရင်းသာ နိုင်ငံရေးလှုပ်ရှားမှုကို လူထုအမြင် ရှုတ်ထွေးစေမည့်အပြင် ၊ ရန်သူအား ပေးလုပ် ရပ်သာဖြစ် တာကြောင့် ဟန် ယောင်ဟွေဟာသူ့ ဒလံ အဖြစ်လုပ်နေတာကို လှစ်လျူရှု ထား၍ မရ နိုင်တော့ပါ။ 

ဟန်ဟာ သူ့ကိုယ်ပိုင် နိုင်ငံရေး သြဇာ အရှိန်အ၀ါ ရှိသူမဟုတ်ပါ။ သူများကိုမှီပြီး အမြတ်ထုတ် နံမည်ယူ တတ်သာတာဖြစ်တယ်။ 

အခုတော့ သူက ဗိုလ်ချုပ်မူတူး၊ ဗိုလ်ချူပ် ရွက်ဆစ်တို့ကို အသုံးချခါ UNFC ဆန့်ကျင်ရေး လှုပ်ရှား မှုများ လုပ်သော်လည်း အောင်မြင်မှုမ ရသည့်အဆုံး လူထုကို ချပြခါ မသမာတဲ့နည်းနဲ့၊ EU ငွေဖြင့် နောက်လိုက် ရှာ တော့မည့်ပုံဖြစ်ပါတယ်။

GWEC ဟာရန်သူ စစ်အာဏာရှင်ကြံ့ဖွတ်နဲ့ ပတ်သက်ရင် အလျှော့ ပေးရေး၊ ပူးပေါင်းရေးကို တိမ်း ညွှတ်နေ တဲ့ အစုဖြစ်တယ်။ 

တော်လှန်ရေးကို ဆန့်ကျင်တယ်။ UNFC ဆိုတာက ပိုကျယ် ပြန့်တဲ့ ညီညွတ်ရေး၊ ဖက်ဒရာယ် ရေးအတွက် ဒီမိုကရေစီအင်အားစုတွေကိုပါအဆက် အစပ်ပြီး ဘုံရန်သူကြံ့ဖွတ် စစ်အာဏာရှင်ကို ဦးတည် တိုက်ပွဲ ၀င်နေ တာကို သိထားသူများက GWEC ဟာ UNFC ကို နိုင်ငံရေးအ မြင် အရ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်တာ ထင်ရှားပါတယ်။ 

နိုင်င်ငံရေးနဲ့ တော်လှန်ရေး ခရီးကြမ်းမှာ အချောင်သမား၊ဖေါက်ပြန်သူတွေဟာ ပုံစံအမျိုးမျိုးနဲ့ ပေါ်လာ တတ်သလို သူတို့ ရဲ့ အဆိပ်ငွေ့တွေကို တတ်နိုင်သလောက်ဖြန့်ကျက်ကြတာချည့်ပါဘဲ။ ပြင်းတာ၊ ပြော့ တာ သာ ကွာပေမဲ့ အဆိပ်တွေက လူကိုသေစေတာချည့်ပါဘဲ။ 

ဖြစ်နိုင်ရင် အစဦး သိမြင်ကထည်းက သူတို့ ကို ရှောင်ရှားယုံသာမက ကျရောက်နိုင်တဲ့ အန္တရာယ် အကြောင်း ကို ဖေါ်ထုတ်ပြီး ဖွင့်ချတိုက်ခိုက်မှသာ လူထုကို အကျိုးပြုရာကျမှာပါ။ ဟန်လို ဖေါက်ပြန်သူများ ရဲ့ ခုတုံးလုပ်အမြတ်ထုတ် တာကို တားဆီးနိုင်မှာပါ။ 

နိုင်ငံခြားက အကူအညီတွေက အဖိနှိပ်ခံပြည်သူတွေ ရဲ့ နိုင်ငံရေးလှုပ်ရှားမှု၊အထူးသဖြင့်တော်လှန်ရေး လှုပ်ရှားမှု၊လက်နက်ကိုင်လှုပ်ရှားမှုကို ကူညီပေးတာရှားပါတယ်။သူတို့ရဲ့ အကူအညီတွေက အုပ်စိုးသူ လူတန်း စားနဲ့ နားလည်မှု ယူဖို့ ၊ တော်လှန်ရေးကစွန့်ခွါဖို့ တနည်းမဟုတ်တနည်း အားပေးတာသာ များပါတယ်။ 

စစ်အာဏာရှင်ကို ဖြုတ်ချပြီး လူထုအစိုးရပေါ်ထွန်းလာရေး အတွက်ဆိုရင် လူထုလှုပ်ရှားမှုနဲ့ လက်နက်ကိုင် တိုက်ပွဲ တွေကသာ တိုးတက်မှုကို ဖြစ်စေနိုင်ပါတယ်။ အစည်းဝေးစရိတ်၊ခရီးစားရိတ်၊ ပရိုဂျက်ငွေ နောက် လိုက် နေပါက တဦးချင်းကောင်းစားရေးသာဖြစ်နိုင်ပြီး ပြည်သူတရပ်လုံးကောင်းစားဖို့ မဖြစ်န်ုင်ပါ။ 

ဒါကြောင့် ကိုယ် ကျိုးမငဲ့ဘဲ ပြည်သူလူထုအကျိုးကို သည်ပိုးမယ်ဆိုရင် တိုင်းပြည်အာဏာမရဘဲ မလုပ်နိုင် တာ ကို သဘော ပေါက်ပြီး အာဏာရရေးအတွက်တိုက်ပွဲဝင်သင့်တယ်။ 

နိုင်ငံခြားက အကူတွေက တော်လှန်ရေး ထက် သွေးကွဲ စေတတ်တာကို ဖြစ်ရပ်တွေထဲက ခါးသည်းတဲ့ သင်ခန်းစာ ယူသင့်ကြောင်း ရဲဘော်များနဲ့ မိတ်ဆွေများကို တင်ပြလိုက်ရပါတယ်။ 

စေ့စပ်ရေး အတွေးအခေါ်ရှိနေသမျှ တော်လှန်ရေးသည် ရှေ့ မရောက်နိုင်။ 

အချောင်သမားဝါဒကို ဆန့်ကျင်ကြ။ 
အောင်ပွဲကို တိုက်ယူကြ။ 
ဦးအေးဆောင် သြဂုတ် ၁၅၊ ၂၀၁၃။

အထက်ပါ စာစုကို ဤနေရာရှိ ဦးအေးဆောင်၏ ဖေ့စ်ဘုတ်စာမျက်နှာ မှ ကူးယူဖော်ပြပါတယ်။  

1 comments :

  1. Anonymous said... :

    စေ့စပ်ရေး အတွေးအခေါ်ရှိနေသမျှ တော်လှန်ရေးသည် ရှေ့ မရောက်နိုင်။

    The whole article is just the opinion of U Aye Saung, I think.
    It's too personnel accusation without strong facts or evidence. Now is not the time to blame anyone. Its the time to compromise to reach the unprecedented peace deal for the future Myanmar. I believe that nobody in Myanmar is worse than Ne Win, Than Shwe and Khin Nyunt. There are many ways to do things. So Why don't U Aye Saung understand the democracy is all about. Everyone has the right to disagree with other but need some respect to express .

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved