ကျောင်းသားမိဘ တဦးဖြစ်တဲ့ ဒေါ်အေးအေးသန်းက သူ့ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ထားတာပါ။ သူ့သား စာကျက်တာ နားထောင်ရင်း တခုခု လွဲနေတာကို သတိ ထားမိလို့ ပြဋ္ဌာန်းစာအုပ်ကို ယူကြည့်လိုက်တဲ့အခါ အခု ဓာတ်ပုံထဲမှာလို အကြီးအကျယ်လွဲမှားနေတာ တွေ့လိုက်ရပါတယ်တဲ့။
မြန်မာ့ပညာရေး ဘယ်လို အကြီးအကျယ်လွဲမှားနေလဲဆိုတာ အခု ဒီဓာတ်ပုံက သက်သေထူနေပါ တယ်။
မြန်မာပြည်မြေပုံမှာ အနောက်ဖက် တောင်တန်းဒေသကို ညွှန်းဆိုထားပုံက အရှေ့ဘက် ကုန်းမြင့်ဒေသပုံ လို့ ပြဆို ထားပြီး အရှေ့ဘက်ကုန်းမြေမြင့်ကိုတော့ အနောက်ဘက် တောင်တန်းဒေသလို့ ညွှန်းဆိုပြသ ထားပါတယ်။
ဒီလို ပြဋ္ဌာန်းစာအုပ်တွေနဲ့ သင်ကြားပို့ချတဲ့ မြန်မာပညာရေး အတွက် ကျောင်းသားမိဘတွေက အစိုးရ
ကျောင်းမှာ သူတို့ သား၊ သမီးတွေကို ပညာသင်စေဖို့ အတော်တွန့်ဆုတ်သွားစေခဲ့ပါတယ်။
မြန်မာ့ပညာရေး ဘယ်လို အဆင့်အတန်း ရှိတယ်ဆိုတာ ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ပါ။
အိမ့်သံစဉ် ~
ဒီလိုထောက်ပြနိုင်တာ ကောင်းတာပေါ. အမကြီး ၊ ပညာရေးဝန်ကြီးဌာနက လူကြီးတွေလည်း အတန်းလိုက် ဘာသာရပ် သင်ရိုးညွှန်းတန်းတွေကို ပြန်လည်စိစစ်သင့်နေပါပြီ မြန်မာနိုင်ငံမှာ အပေါ်ပိုင်းက အစိုးရအဖွဲ.အနေနဲ. မူဝါဒတွေ လမ်းညွှန်ချက်တွေ ကောင်းနေပေမဲ. အောက်ခြေအဆင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ.မှ မြို.နယ်၊ခရိုင်၊တိုင်း/ပြည်နယ်ဒေသ အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာတွေ ပြုပြင်ဖို. အများကြီးလိုနေပါသေးတယ်၊ဌာနတိုင်းရဲ.လက်ကျန်လူဟောင်းတွေက ၀န်ထမ်းအသစ်တွေကို ဖျက်ဆီးနေကြပါတယ်၊လူနည်းစုသာကောင်းကြတာပါ၊ပြုပြင်စရာတွေ အများကြီးရှိနေပါသေးတယ်။