ဦးသိန်းစိန် ဥပဒေချိုးဖောက်နေတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ သတိပေး

Wednesday, November 13, 2013

 ~



ဥပဒေအတိုင်းဆိုရင်  ... သမ္မတလစာက သိန်း ၅၀ ဖြစ်တယ်၊ သို့သော်လည်း

ဦးသိန်းစိန်က 
  တလ ငွေကျပ် ၁၅ သိန်းပဲ ယူနေပါတယ်။ အဲဒီတော့ ဘာဖြစ်သလဲ။ အင်း... ဘာမှမဖြစ်ဘူးလို့ ယူဆခဲ့ရပေမယ့် အခုတော့ ဖြစ်နေတယ်ဆိုပါတော့။ 
 



ဒီလို လျှော့ယူတာဟာ  ဥပဒေ ချိုးဖောက်တာပဲ ဆိုပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဒီကနေ့ သတိပေး ပြောဆိုလိုက်ပါတယ် တဲ့။

 လွှတ်တော် အစည်းအဝေးမှာ -  ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့်အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးစဉ်မှာ  သတိပေးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

သိန်း ၅၀ ကို ယူသင့်တယ်၊ မယူ တဲ့ အတွက်  ဥပဒေ ကို ပြန်ြပင်နေရတယ် လို့ ဦးခင်အောင်မြင့်က ပြောပါတယ် တဲ့။

 



 ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက သမ္မတ၏ လစာ တလ ၁၅ သိန်းဟု ပြဋ္ဌာန်းရင် သမ္မတ၏ ဂုဏ်သိက္ခာကျနိုင်ကြောင်း တင်ပြတယ်လို့ သိရပါတယ်။

ဒီတော့... ဥပဒေပါ အတိုင်း သိန်း ၅၀ ယူမလား၊ မယူဘူးလား ဆိုတာ

သမ္မတ ဦးသိန်းစိန်ထံ တိုက်ရိုက်ဖုန်းဆက်ဖို့ ဦးခင်အောင်မြင့်က ဒုဝန်ကြီးကို ပြောလိုက်ပါတယ် တဲ့။

ချက်ချင်း ဖုန်းဆက်လိုက်ပုံရပါတယ်၊ သမ္မတဆီက ပြန်လာတဲ့အဖြေက ... သမ္မတလစာနှုန်း သတ်မှတ်ချက်ကို လွှတ်တော်က သတ်မှတ်ပေးဖို့ အကြောင်းပြန်တယ် ဆိုပဲ။
 ဗဟိုအစိုးရအဆင့် ပုဂ္ဂိုလ်များရဲ့ ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်မပြုနိုင်သေးပါဘူး။


လစာ လျှော့ယူခြင်းဟာ ဥပဒေ ချိုးဖောက်ရာရောက်ကြောင်း  သိထားရတာ ကောင်းပါတယ်။
ဥပဒေနားလည်ဖို့ဆိုတာ သာမန်လူ မပြောနဲ့ သမ္မတရာထူး ယူထားရသူအတွက်တောင် ခက်ခဲတယ်မဟုတ်လား။

ဥပဒေကို လေးစားတဲ့အနေနဲ့ ကျနော် ဧရာဝတီဘလော့သတင်းထောက် စည်သူလင်းလည်း

လစာ လျှော့ယူဖို့ အစီအစဉ် မရှိကြောင်း တာဝန်ရှိသူများကို ဒီနေရာကနေ တရားဝင် အကြောင်းကြားပါတယ်။

 



.

8 comments :

  1. Anonymous said... :

    အဟီး သူမယူတော့ ငါလည်းယူလို့ မရဘူးလေ

  1. Anonymous said... :

    မြင်ရကြားနေရတာ ရီစရာတွေကြီးဘဲဗျာ

  1. kungfu said... :

    ဒါဆို နေပြည်တော် က ၀န်ကြီးတွေ ကို ကန်တော့  ရင် အရက် ပုလင်းတွေထဲမှာ ဒေါ်လာထည့်ကတော့ တာကကော ဘယ်လို လုပ်မလဲ လက်စားထားတဲ့ ကောင်တွေ ကတော့ ပြောမှာပေါ့ အဲလို ပိုလျံနေတယ်လို တော့ မလို ဘူးဆိုတဲ့ သူကို ကြတော့ ဥပဒေချိုးဖောက်တယ်တဲ့ ဘယ်ကောင်ပြောတာလဲ နာမည်တပ်ပြောလို့ မကောင်းလို့ မပြောတာ အကုန်သိတယ်

  1. Anonymous said... :

    သမ္မတ အနေ နဲ့ လုံး ၀ ကို လခကိုလျော့မယူသင့် ပါဘူး။ ပြည်သူကို သနား ရင် သူတာ၀န်ကိုကျေအောင် လုပ်ပြီးသက်သေ ပြပါ။ သူ့တာ၀န် ကျေလို့ လခတောင် ပိုတောင်း ရမုာ ။ အခုဟာ က ဓမ္မဒါကိုဆန့် ကျင်နေတယ်။ ပြီးတော သူကိုယ်တိုင် လဲ စဥ်း စား သင့် တယ် လခ ဆိုတာ အလုပ် သမား တိုင်း အတွက် အဓိကပဲလေ။ ငွေကို မက် တာနဲ့ လခ ကို မက်တာ နဲနဲတော့ ကွာတယ်။ လခဆိုတာ မြန်မာ လူမျိုး တစ်ဦး အတွက် သူ့ နောက် မုာ မီု ခိုနေ တဲ့ လူ တွေ ရိုနေပါတယ်။ တာ၀န်ကျေဖို့ဆိုတာလဲ သူနယ်ပယ်နဲ့ သူ ကျေရဦး မုာ.... စစ်တပ် က ကာကွယ်ရေး ဦး စီး ချုပ် တစ် ဦး တာ ၀န်နဲ့ သမ္မတ ရဲ့တာ ၀န်ဟာ အခြေခံအား ဖြင့် မတူ နိုင် ပါဘူး ။ ဥပမာ ..... Ferry ကား ကို ဗျာ လမ်း ကောင်း ကောင်း မုာအသုံး ချတာနဲ့ တော လမ်း မုာ သုံတာ မတူ သလို ပဲ။ မြန်မာ လူမျိုးတိုင်း တိုင်း ပြည် အတွက် ဆိုတဲ့ မျက်နုာ နဲ့တင် ပညာရိုစွာ နဲ့ ကိုယ့် တာ၀န် ကိုယ်ကျေဖို့ လုပ်ရမုာ.....

  1. ယူဖို့မလိုအောင် ပြည့်နေလိုပါကွယ်

  1. Anonymous said... :

    လေးစားသင့်တဲ့လူကို လေးစားထိုက်ပါတယ် နိုင်ငံကြီးကအကြွေးတွေပတ်လည်ဝိုင်းပြီး နိုင်ငံသားတွေက လည်းဆင်းရဲချို့တဲ့ တဲ့လူတွေများလာတော့ မတရားဘယ်ယူချင်မလဲ ။ တချို့လူကြီးတွေသာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီးမတရား ယူနေကြတာလေ ....အကောင်းမမြင်ကြပါလား အပြစ်ပဲလိုက်ပြောချင်နေကြတယ် ။

  1. Lae said... :

    မဟု‌တ်‌‌သေးဘူး။ ပြည်‌သူကို လှည့်‌စားအယုံသွင်း‌နေတာ။ တ‌ကောင်‌ ချ‌ကြွေးပြီး နှစ်‌‌ကောင်‌ရိုက်‌မဲ့အကွက်‌‌ဟောင်း တခုပါ။ ပြည်‌သူ‌တွေထပ်‌ပြီးသတိ‌ပေးပါရ‌စေ။ ထွက်‌သမျသတင်းနဲ့ လုပ်‌သမျှ‌တွေ အားလုံးက သူတို့အတွက်‌‌တွေပါဘဲ။ လိမ်‌မာ ပါးနပ်‌ကြပါ။

  1. Anonymous said... :

    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ခင်အောင်မြင့်က ...သူအိပ်ထဲကပေး၇တာမဟုတ်တော့..အတင်းကိုတွန်းပေးနေပါလား...မယူ၇င်သမ္မကြီးကိုတ၇ားစွဲမဲ့ပုံဘဲ...ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက လဲ....ခင်မောင်မြင့်ကိုထောက်ခံနေတယ်..၂ယောက်သားအတိုင်အဖေါက်လုပ်ပြီး.သူတို့ဝါးဘို့ဂွင်ထွင်နေပြန်ပြီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved