ဒေါ်စု သမ္မတဖြစ်ရင်တော့ တိုင်းပြည် ငါးပါးမှောက်မယ်လို့ ဦးဝီရသူပြော

Friday, November 29, 2013


ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ ဖြစ်လာမယ် ဆိုရင် တိုင်းပြည် ငါးပါးမှောက်လိမ့်မယ်လို့ မန္တလေး မစိုးရိမ် တိုက်သစ်က ဦးဝီရသူက ပြောလိုက်ပါတယ်။ 



 စက်တင်ဘာလ အတွင်း ရန်ကုန်မြို့တွင် ကျင်းပခဲ့သော မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင် ဆရာတော်ဦးဥတ္တမ အထိမ်းအမှတ် အခမ်းအနား သို့ တက်ရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဧရာဝတီ)

ဒီအပြင် ဦးဝီရသူပြောတာက သမ္မတ ဦးသိန်းစိန် သာ ပြန်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရင် သူက ထောက်ခံမှာ ဖြစ်ပြီး တကယ် လို့ ဦးသိန်းစိန်က ဆက်ပြီး အရွေးမခံတော့ဘူးဆိုရင်တော့ သူရ ဦးရွှေမန်းကို ထောက်ခံမှာဖြစ်တယ်လို့ ဧရာဝတီကိုပြောပါသေးတယ်။ 

ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အကောင်းနဲ့ မြန်မာ့နိုင်ငံရေး သဘာဝကိုလည်း မသိ၊ နားမလည်ဘူး လို့ လည်း ပြောပါတယ်။ 

ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ A Suu Kyi Presidency Would Bring ‘Chaos,’ Says Firebrand Monk ( http://www.irrawaddy.org/burma/suu-kyi-presidency-bring-chaos-says-firebrand-monk.html ) ဆိုတာမှာ ဖော်ပြထားပါတယ်။ 



အိမ့်သံစဉ် ~

21 comments :

  1. Anonymous said... :

    အမှန်ဘဲ ဒေါ်စု သ မ္မတ မ ဖြစ် သင့်ပါ ဘူး အင်္ဂ လန် ကို ပြန် ပြီး အေး ဆေး အ နား ယူ တော့ အဲ ဒါ အ ကောင်း ဆုံး ပါ

  1. Anonymous said... :

    အင်း...ဒုက္ခပါပဲ....သာသနာတ၀က်..ရာဇာတ၀က်..အင်းအင်း

  1. Anonymous said... :

    I'm afraid that i don't think like you. I think at least our citizens will become open eyes and mind.

  1. Anonymous said... :

    ဦးဝီရသူလူထွက်သင့်ပြီ.. လူတွေကိစတွေဘဲလျှော်လုပ်နေတယ်..ဘယ်ဂုဏ်တော်ကိုလေးစားပြီးရှိခိုးရမလဲ..ဆန်ုကျင်ဘက်တွေကနေလျှော်ဖွနေတယ်..ဟူး....သာသနာအတွက်ရင်လေးတယ်..

  1. မျက်စိမလည်ကျစေနဲ့
    ဆရာတော် ဦးဝီရသူ စက်တင်ဘာလက ပြောခဲ့တာကို အေရာဝတီကသတင်းဌာနက နိုင်ဝင်ဘာလကုန်မှ သတင်းတင်တယ်၊ ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန်ရောက်တော့ ဘီဘီစီက အင်တာဗျူးတော့ ဒေါ်စု မူစလင်တွေသာ အကြောက်တရားနဲ့ နေနေရတာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာတွေကလည်း အကြောက်တရားနဲ့နေနေရတာ၊ ကမ္ဘာ့ကြီးက သိဖို့လိုတယ် ဘင်္ဂါလီတွေသာ ဒုက္ခသည်ဖြစ်နေတာမဟုတ်ဘူး၊ ထိုင်းမှာ မြန်မာဒုက္ခသည် ၄ သန်းလောက်ရှိတယ်လို့ပြောလိုက်တော့ အေရာဝတီ အပါအဝင် ကမ္ဘာ့မှာရှိတဲ့ မီဒီယာတွေက မူစလင်ဘက် မလိုက်ရကောင်းလားဆိုပြီး ဝိုင်းရေးကြ၊ ဆော်ကြတယ်၊
    ဒ့ါကြောင့် အေရာဝတီက ဦးဝီရသူပြောခဲ့တာကို အဓိပ္ဗါယ်ရှိရှိ ထုတ်သုံးလိုက်တာ၊ တနည်းပြောရရင် တစ်စုံတစ်ခုသော ပယောဂကြောင့် ဘုန်းကြီးတွေနဲ့ ဒေါ်စုကို ရန်တိုက်ပေးနေတာ
    ဒါ့ကြောင့် နိုင်ငံရေး မနပ်တနပ်ညာဏ်ရှိတဲ့သူတွေ၊ ဖေ့စ်ဘွတ်အပါအဝင် အွန်လိုင်းက ရေးတိုင်း အဟုတ်ထင်နေကြသူတွေ၊ မြန်မာပြည်က ရေးချင်တာရေးနေကြတဲ့ ပုဂ္ဂလိက ဂျာနယ်တွေရဲ့ အရေးအသား အပြောအဆိုကို ယုံခဲ့ရင် မြန်မာပြည် မွဲခြင်တိုင်းမွဲဦးမယ်၊ ပျက်ခြင်တိုင်ပျက်ဦးမယ်၊ ဆင်းရဲခြင်တိုင်း ဆင်းရဲဦးမယ်၊ ဆရာတော် ဦးရာဇပြောသလိုပြောရဦးမယ် မင်းတို့မြန်မာတွေ ဖင်ကျယ်ရမှာမဟုတ်ဘူး၊ မျက်စိကျယ်ရမှာ၊ နားကျယ်ရမှာ၊ အသိညာဏ်ကျယ်ရမှာ၊

  1. တိုင်းပြည်ကြီး ငါးပါးမကမောက်နေတာကြာနေပီ ဒါတွေကို ဘယ်သူတွေအဓိက ပြောင်းလဲခဲ့သလဲလို့ မေးချင်ပါတယ်

  1. Anonymous said... :

    တိုင်း ပြည်​ မှာ ဒီ မို က ​ရေ စီ ဆို တာ ဘာ လည်း ဆို တာ ကို ​ရေ ​ရေ ရာ ရာ မ သိ သူ ​တွေ အ များ ကြီး ပါ။
    ​ဒီ မို က ​ရေ စီ မှ အား နည်း သူ ကို ​ထောက်​ ပံ့ ရ မယ်​ ဆို တဲ့ အ ချက်​ ပါ ပါ တယ်​။ ​ဒီ အ ချက်​ ကို သိ တဲ့ သူ ​တွေ က ​တော့ ​ဒေါ် စု လုပ်​ ရပ်​ ကို နား လည်​ ပါ တယ်​။ ​ဒေါ် စု ​ပြော ထား ပါ တယ်​ သူ က ဒီမို က ​ရေ စီ ကို ပုံ ​ဖော်​ မယ်​ ဟု ဆို ထား ပါ တယ်​ ။ ဒါ က သူ စ ပုံ ​ဖော်​ ​နေ ခြင်း လို့ ပဲ မြင်​ ပါ ယ်​။
    ဆ ရာ ​တော်​ အ ​နေ နဲ့ အ ​ပြော ချည်း မ ဟုတ်​ ပဲ
    မ ပုတ်​ ခတ်​ ပဲ တိုင်း ပြည်​ ​ကောင်း ဖို့ ဆို ​ရှေ့ ထွက်​ လုပ်​ ပါ။

  1. Anonymous said... :

    ပတ္တုမြားကျောက်ဂူကို မစင်တွေပေပြီး ညစ်ပတ်နေတဲ့ဝက်က သူ့ကိုယ်နဲ့ပွန်တိုက်တယ်ဆိုတာ ဒါမျိုးပါ

  1. အညတရ ဘိက္ခု said... :

    အသေဝနာ စ ဗာလာနံ ဆိုပြီး ဝီရသူလို ယုတ်မာတဲ့ ရဟန်းတွေမှ ဝေးဝေးရှောင်ရန် မြန်စွာဘုရား မင်္ဂလသုတ်မှာ ဆုံးမထားတော်မူခဲ့ပါတယ်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် ဝီရသူ အသုံးချခံနေရပြီ ဆိုတာ ခိုင်မာတဲ့အထောက်အထားတစ်ခုပါ။ ဝီရသူ ဘယ်လိုရဟန်းလဲဆိုတာ ရဟန်းအချင်းချင်း ပိုသိပါတယ်။

  1. နှင်းဆီခင် said... :

    ဦးဝီသူရလို ဘုန်းကြီးဘဲဆိုရင်တော့ တိုင်းပြည် အဖတ်ဆည်နိုင်မှာမဟုတ်ဘူး၊ ငါတို့ဘာသာကိုလည်းလူတွေအထင်သေးလိမ့်မယ်။ အမျိုးချစ်ပေမဲ့အစွန်းရောက်ကြီး။ အထက်မကြီးဘူး၊ ဆရာတော်ဦးညာနိသရကို အရမ်းကြည်ညိုလေးစားတယ်။ အတွေးအခေါ်ကမမြင့်မားလိုက်တာ။

  1. သော်သော် said... :

    ဦးဝီသူရ ဘုရားရဲ့တရားတော်အတိုင်းနေထိုင်ကျင့်သုံးပါလား။

  1. Anonymous said... :

    ပွင့်လင်းမြင်သာရမယ်လို့ တစ်ချိန်လုံး သူပဲပြောပြီး အစိုးရနဲ့ သူဘာတွေညှိခဲ့လဲ သူနဲ့တွေ့တဲ့သူ တော်တော်များများနဲ့ ဘာတွေပြောခဲ့လဲ ဘယ်တော့မှ ပြည်သူက မသိရဘူး။

  1. Anonymous said... :

    ဗုဒ္ဓဘာသာနိုင်ငံဖြစ်ဖို့ ဦးဝီရသူကိုသာ သမ္မတနေရာပေးသင့်ပါတယ်။ ဦးဇင်း ပါတီထောင်ပါ လွှတ်တော်ထဲဝင်ပါ၊ တပည့်တော်တို့ သီရိလင်္ကာကို ကျော်တက်ကြပါမယ်။ ( ဖြောင်းဖြောင်းဖြောင်း )

  1. Anonymous said... :

    daw suu right

  1. မမိုးမိုး said... :

    ဦးဝီရသူလိုဘုန်းကြီးတွေရှိနေသရွေ့တိုင်းပြည်အေးချမ်းမှာမဟုတ်ဘူး။ ဘုန်းကြီးဖြစ်ပြီးမအေးချမ်းဘူး။

  1. Moe Moe Aye said... :

    ဦးဝီသူရလို ဘုန်းကြီးဘဲဆိုရင်တော့ တိုင်းပြည် အဖတ်ဆည်နိုင်မှာမဟုတ်ဘူး၊ ငါတို့ဘာသာကိုလည်းလူတွေအထင်သေးလိမ့်မယ်။ အမျိုးချစ်ပေမဲ့အစွန်းရောက်ကြီး။ အထက်မကြီးဘူး၊ ဆရာတော်ဦးညာနိသရကို အရမ်းကြည်ညိုလေးစားတယ်။ အတွေးအခေါ်ကမမြင့်မားလိုက်တာ
    အသေဝနာ စ ဗာလာနံ ဆိုပြီး ဝီရသူလို ယုတ်မာတဲ့ ရဟန်းတွေမှ ဝေးဝေးရှောင်ရန် မြန်စွာဘုရား မင်္ဂလသုတ်မှာ ဆုံးမထားတော်မူခဲ့ပါတယ်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် ဝီရသူ အသုံးချခံနေရပြီ ဆိုတာ ခိုင်မာတဲ့အထောက်အထားတစ်ခုပါ။ ဝီရသူ ဘယ်လိုရဟန်းလဲဆိုတာ ရဟန်းအချင်းချင်း ပိုသိပါတယ်။

  1. Anonymous said... :

    သုရဲ့​ဟော​ပြောချက်​​တွေ နား​ထောင်​ကြည့်​ပါ၊ ဘာမှအနှစ်​သာရမရှိပဲ ​သွေးဆူ​အောင်​လုပ်​​နေတာပဲ ​တွေ့ရမယ်​၊ ကျ​နော်​ ​တော့ဆုံး​အောင်​​တောင်​ နားမ​ထောင်​နိုင်​ဖူး အဆင့်​တန်းမရှိ စည်းလွတ်​ဝါးလွတ်​ နာမည်​ကြီး ရင်​ပြီး​ရော ​လျှောက်​​ပြောတဲ့သူ

  1. Anonymous said... :

    ငါးပါပဲ မှောက်မှာလား ဘာ့ကြောင့်လဲ

  1. Anonymous said... :

    လူအမျိုးမျိုးရှိကြပါတယ်၊ ကိုယ်. အကျိုးစီးပွားအတွက် သူများတွေရဲ. အသက်ကိုသတ်ဖို.အနှမြောမရှိသလို ကိုယ်.အပြောလေးအောင်မြင်ဖို.၊ ကိုယ်. နာမည်ကြီးဖို. တခြားလူ တစ်ယောက်ကိုပုတ်ခတ် ဝေဖန်တယ်ဆိုတာ မကောင်းပါဘူး၊ ကိုယ်.ကို ကိုယ် အကောင်းမြင်တတ်တာ အပြစ်မဟုတ်ပါဘူး၊ ဒါပေမဲ. သူတစ်ပါးကိုတော.အဆိုးမမြင်သင်.ဖူးလို. ထင်ပါတယ်။

  1. Anonymous said... :

    ဆရာတော် ဦးဝီရသူဘုရား...တရားအလုပ်မလုပ်ဘဲ မတရားတွေ ဘာ့ကြောင့်လျှောက်ပြောနေပါသလဲ ဘုရား ....

  1. Anonymous said... :

    ဦးဝီ၇သူပြောသောစကားလုံးသုံးအနှုံးတွေက
    ပညာတက်မဟုတ်မှန်းသိသာလွန်းပါတယ်။
    လောကီရေးရာမှာအဆင်မပြေမှုတွေများပြီး
    သာသနာဘောင်ထဲအခြေအနေအရ၀င်ခဲ့ရသူတဦးလိုပဲ
    အသုံးအနှုံးကအပေါစားဆန်လွန်းတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved