အနောက်တိုင်း မင်္ဂလာအခမ်းအနားဝတ်စုံ ဖက်ရှင်ပြပွဲ

Saturday, December 14, 2013

~


 

ဖက်ရှင်ပြပွဲတွေမှာ မင်္ဂလာအခမ်းအနားဝတ်စုံများကိုလည်း ၀တ်ဆင် ပြသတတ်ကြပါတယ်။  
 သတို့သမီးလောင်းတွေ နမူနာယူဖို့တော့ ရည်ရွယ်ဟန် မတူပါဘူး။
 


ဖက်ရှင်ရှိုးတွေဟာ ဒီဇိုင်နာတွေ
လက်စွမ်းပြထားတဲ့ ၀တ်စုံတွေကို ၀တ်ပြတဲ့ပွဲ၊ ဒီဇိုင်နာတွေ စိတ်ကူးပေါက်သလို လုပ်ခိုင်းထားတာတွေကို လုပ်ပြတဲ့ပွဲပါပဲ။

အ၀တ်အစားဒီဇိုင်းပြပွဲ နဲ့ ပါဖောမင့်န်လို့ ခေါ်ကြတဲ့ တင်ဆက်မှုအနုပညာတို့ကိုလည်း တခါတရံ တွဲဖက် တွေ့ရပါမယ်။

ဒါကြောင့် သူတို့ ၀တ်ဆင်ပြသသမျှတွေကို ပြင်ပမှာ ပုံတူကူးချုပ်ဝတ်ကြတာ၊ ရောင်းကြတာမျိုး ရှိမယ် မဟုတ်ပါဘူး။

အခု တွေ့ရမယ့် သတို့သမီးဝတ်စုံ ဆိုတာတွေကလည်း အဲသလိုပါပဲ၊ ဒီဇိုင်နာတွေရဲ့ အနုပညာမြောက် ဖန်တီးချက်တွေပါပဲ။
သူတို့ဖန်တီးလိုက်တာတွေကို မနှစ်သက်သူအများအပြား ရှိပါလိမ့်မယ်။ တချို့အတွက် အနုပညာမြောက်တဲ့ တင်ဆက်မှု ဆိုသော်လည်း တချို့အတွက်တော့ ခံစားရခက်ခဲတာလည်း ဖြစ်နိုင်ပါတယ်။
အသေးစိတ် အချိန်ယူ စီစဉ်ထားတာကို အသေးစိတ် ကြည့်ရှုခံစားသူလည်း အများအပြား ရှိပါတယ် တဲ့။

ဖက်ရှင်ပွဲတွေကို အခုချိန်မှာ ကမ္ဘာ့ နေရာအနှံ့ တွေ့ရပေမယ့် ပြင်သစ်နိုင်ငံ ပဲရစ်၊ အမေရိကန်နိုင်ငံ နယူးယောက်တို့ကတော့ ဖက်ရှင်ရှိုးမြို့တော်တွေပါပဲ။
မြန်မာပြည်က ဖက်ရှင်ရှိုးများကတော့ နိုင်ငံတကာနဲ့ အထူးသဖြင့် ပဲရစ်၊ နယူးယောက်ပုံစံနဲ့ မတူပါဘူး။ ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ မင်္ဂလာဆောင်ကာလအတွက် မင်္ဂလာဝတ်စုံပြပွဲ  http://blog.irrawaddy.org/2012/10/blog-post_2681.html က အဲဒီလို မတူကွဲပြားကြောင်း သက်သေပြနေပါပြီ။

ပဲရစ်၊ နယူးယောက်တို့မှာတော့
အနုပညာရှင်ဒီဇိုင်နာတို့ ဖန်တီးချက်တွေဟာ ထူးဆန်းတဲ့၊ ကြည့်ရဆိုးတဲ့ ဝတ်စုံတွေလည်း ဖြစ်နိုင်ပါတယ်။

ကဲ... ဝေဖန်ဖို့၊ လေကန်ဖို့ သို့မဟုတ် အပျင်းပြေ ကြည့်ဖို့ 
သူတို့ဆီက သတို့သမီးဝတ်စုံဆန်းဖက်ရှင်ရှိုးပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။
 
 











~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved