ဆီးဂိမ်း နဲ့ အလောင်းမင်းတရားကြီး ရုပ်ပုံ

Friday, December 13, 2013

~



ဆီးဂိမ်းကို မြန်မာနဲ့နိုင်ငံတကာခေါင်းဆောင်တွေ တက်ရောက် အားပေးတယ်။ ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်လည်း ဖွင့်ပွဲလာဖို့ အားခဲထားပေမယ့် သူတို့ဆီမှာ အကြီးအကျယ် ရှော့ဖြစ်နေလို့ ဝန်ကြီးတပါးကိုပဲ နေပြည်တော်မှာပွဲ
တက်ဖို့စေလွှတ်လိုက်ရတယ်လို့ ဆိုတယ်။

ဓာတ်ပုံ - Hong Sar
တခမ်းတနားကျင်းပနေတဲ့ ဆီးဂိမ်းကို အထင်ကရတွေ တက်ရောက်ကြတာကို အများတကာ စိတ်ဝင်စားချင်မှ ၀င်စားပါလိမ့်မယ်။

ဆီးဂိမ်းဘောလုံးပွဲ ပရိသတ်များထဲ ရောက်လာတဲ့ပုံကြီးတခုကိုတော့ အများတကာက သေချာပေါက် အာရုံစိုက်မိကြပါလိမ့်မယ်။ အဲဒါကတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျပုံဖြစ်ပါတယ်။
 
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆီးဂိမ်းကို အိုးမဲသုတ်သူများ ဆိုတဲ့ ဧရာဝတီပင်မစာမျက်နှာထက် ရေးသားချက်တွေကို သွားရောက် ဖတ်နိုင်ပါပြီ။
လင့်က http://burma.irrawaddy.org/opinion/viewpoint/2013/12/11/52045.html  ဖြစ်ပါတယ်။

မြန်မာပြည်အတွက်တော့ ဦးအောင်ဇေယျက သူရဲကောင်းစစ်ဘုရင်ဖြစ်ပါတယ်။ နေပြည်တော်စစ်ရေးပြကွင်းမှာ စစ်ဘုရင်သုံးပါးကို တခမ်းတနား ဂုဏ်ပြုစိုက်ထူထားတာ တွေ့ကြမှာပါ။ အဲဒီသုံးပါးထဲ သူ ပါဝင်ပါတယ်။

ထိုင်းတွေအတွက်တော့ ဦးအောင်ဇေယျက ရန်သူ၊  လူဆိုး ဖြစ်နေပါတယ်။ သူတို့နိုင်ငံကို အတိတ်က ကျူးကျော်ခဲ့ တိုက်ခိုက်ခဲ့သူအဖြစ် သဘောပေါက်ကြတာပါ။
အခုအချိန် ထိုင်းနိုင်ငံအတွင်း ဆန္ဒပြပွဲကြီးတွေ ဆက်တိုက်ဖြစ်နေ၊ လွှတ်တော်ကို ဖျက်သိမ်းရသည်အထိ အခြေအနေဆိုးနေတာကြောင့် ဆီးဂိမ်းရောက်ဦးအောင်ဇေယျဓာတ်ပုံအကြောင်းကို သူတို့ အကြီးအကျယ် အာရုံစိုက်ကြမယ် မထင်ပါဘူး။

ပုံမှန်အချိန်အတိုင်းဆိုရင်တော့ ဒီဖြစ်ရပ်ကြောင့် ဒေါသပွားပြီး ပဋိပက္ခတမျိုးမျိုး ဖြစ်နိုင်တဲ့အခြေအနေ ရှိသွားနိုင်ပါတယ်။

တချို့လုပ်ရပ်တွေဟာ ဘာမှမဟုတ်ဘူး ထင်ရပေမယ့် အဲဒီလုပ်ရပ်က လက်ပစ်ဗုံးတလုံးထက် ပိုပြီး အန္တရာယ်ပေးနိုင်တဲ့မီးပွားတွေ ဖြစ်နေတတ်ပါတယ်။

အပျော်အပျက်လုပ်ကြရာမှာ အပျော်တွေ ဖြစ်ပေါ်လာသလို အပျက်တချို့လည်း မတော်တဆ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းကိုလုပ်ကိုင်ရေးဟာ လုံခြုံရေးအဖွဲ့များ၊ မီဒီယာ၊ ပရိသတ် အားလုံးမှာ တာဝန်ရှိတယ်၊ ဂရုစိုက်ကြရမယ် ဆိုတာ သဘောပေါက်သင့်ပါကြောင်း။


ဆီးဂိမ်းကို အိုးမဲသုတ်သူများ

http://burma.irrawaddy.org/opinion/viewpoint/2013/12/11/52045.html




.

2 comments :

  1. Anonymous said... :

    ပုံတင်တာကနည်းနည်း ဧရာဝတီဖွတာကများများပါကွာ

  1. Unknown said... :

    မင်းတို့​ကောင်​​တွေက ဖွပြီး ကိုယ့်​နိုင်​ငံကိုမ​ကောင်းမြင်​​နေတာကပိုများ​နေတယ်​။ နိုင်​ငံခြား မှအထင်​ကြီးတာလား.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved