ဘဏ် အနုကြမ်းစီးသူ တပ်မတော်က ဗိုလ်ကြီးတဦး ဖြစ်နေ

Tuesday, December 17, 2013

မိတ္ထီလာမြို့ အင်းဝဘဏ်မှာ ဒီကနေ့ မနက်ပိုင်းက အနုကြမ်းစီး လုယက်မှုဖြစ်ပွားခဲ့ရာ ကျူးလွန်သူဟာ တင့်ကား တပ်ရင်း က ဗိုလ်ကြီး အဆင့်ရှိသူဖြစ်နေပါတယ်။ 



 အင်းဝဘဏ် လိမိတက်၊ ဓာတ်ပုံ- အင်းဝဘဏ် ဝက်ဆိုက် 

“အဆိုပါ အနုကြမ်းစီး လုယက်သူမှာ ဝေယံမျိုးကျော် ( ၂၆ )နှစ် (ဘ) ဇင်မျိုးကျော် အမှတ် ၆၀၀၆ တင့်ကား တပ်ရင်း ၊ ကန့်ဘလူ မှ ဗိုလ်ကြီး အဆင့်ရှိသူဖြစ်သည်” လို့ ကြေးမုံသတင်းစာက ဆိုပါတယ်။

ဖြစ်ပွားပုံက ဒီကနေ့ မနက်ပိုင်း ၁၀ နာရီခွဲက မိတ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက်၊ ဈေးကြီး အနောက်တောင် ဘက်၊ ရန်ကုန်- မန္တလေး ကားလမ်းမအနီး အင်းဝဘဏ်မှာ တကိုယ်တော် အနုကြမ်းစီးမှု ဖြစ်ပွားခဲ့တာပါ။ 

အင်းဝဘဏ် မန်နေဂျာ ဒေါ်မိမိယဉ် ဟာ ဘဏ်ဝန်ထမ်း အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၈ ဦးတို့နဲ့ အတူ ဘဏ်လုပ်ငန်းတွေ ဆောင်ရွက်နေချိန်မှာ ဘောင်းဘီရှည် ၊ ပြောက်ကျားအင်္ကျီ ၀တ်ဆင်၍ ကျောပိုး အိတ် တစ်လုံး ဆွဲပြီး အမည်မသိလူတဦး က ဝင်လာပြီး ဒေါ်မိမိယဉ်ရဲ့ ကျောဘက်က သိုင်းဖက်ပြီး အရိုးအသွား ၁၅၄ လက္ခ လောက်ရှိတဲ့ ဓားဦးချွန်နဲ့ ထောက်ပြီး တဦးတယောက်မှ မလှုပ်ရန်ပြောဆိုပြီး ဝန်ထမ်းတွေကို ကြမ်းပြင်ပေါ် မှောက်ခိုင်းလိုက်ပါတယ်တဲ့။ 



ပြီးတော့ ဘဏ်ဝန်ထမ်းတွေကို ဘဏ်က ငွေတွေ သူ့ အိပ်ထဲထည့်ခိုင်းခဲ့ပေမယ့် ဘဏ်ကောင်တာ
ပေါ်မှာ ငွေမရှိပေမယ့် ဘဏ်ဝန်ထမ်းတွေက ငြိမ်နေခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက် အနုကြမ်း စီးတဲ့သူက သူ့ဓားကို ကောင်တာ စားပွဲပေါ် တင်ပြီး ဝန်ထမ်းတွေကို ငြိမ်နေဖို့ ထပ်ပြောချိန်မှာ ဘဏ် မန်နေဂျာက ဓားကို ကောက်ယူလွှင့်ပစ်လိုက်ပါတယ်။ 

အဲဒီနောက်မှာတော့ လုံခြုံရေး ဝန်ထမ်းတွေ ရောက်လာပြီး အနုကြမ်းစီးသူကို ဝိုင်းဖမ်းလိုက်ခဲ့ကြတာလို့ သိရပါတယ်။ 

အခင်းဖြစ်ပွားရာကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုး၊ ခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စ၀်နေလင်း၊ မြို့ နယ် အုပ်ချုပ်ရေးမှူး၊ မြို့ နယ် ရဲတပ်ဖွဲ့မှူးတို့ဟာ ချက်ချင်း ရောက်လာပြီး အရေးယူ ဆောင်ရွက်မှုတွေကိုတော့ မိတ္ထီလာ အမှတ် ၂ ရဲစခန်းက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 



အိမ့်သံစဉ် ~ 



3 comments :

  1. Anonymous said... :

    နေပြည်တော် ၀ဏ္ဍသိဒ္ဓိအားကစားကွင်းရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ရပ် ထားသော ကား၏ရှေ့မှန်ကို ရိုက်ခွဲခဲ့တာဗိုလ်မှူးကျော်မိုးဝင်း ။အခုဘဏ်အနုကြမ်းစီးတာဗိုလ်ကြီးဝေယံမျိုးကျော...ဟိုးတလောကရွှေဆိုင်လုတာလဲဗိုလ်ကြီးဘဲ..ပုသိမ်မှာအိမ်ရှေ့မှာကား၇ပ်လို့ဆိုပြီးထွက်ရိုက်တာလဲေ၇တပ်ဗိုလ်ကြီး ဘဲ။ပြည်သူနဲ့တပ်မတော်၇င်ကြားမစေ့နိုင်အောင်တမင်လုပ်နေတာလားကာချုပ်ကြီး၇ယ်?

  1. Anonymous said... :

    ၁၅၄လက္မလောက်ရှိတဲ့ဓားကျွန်တော်တော့မမြင်ဖူးဘူးဗျ၁၅၄လက္မဆိုရင်၁၃ပေလောက်ရှည်နေတဲ့ဓားကြီးအဲ့ဒီဓားကိုသယ်ဖို့တောင်မလွယ်ဘူးထားပါတော့မှားရေးတာဖြစ်မှာပါဓားပြတိုက်တဲ့လူကတော့စိတ်ဝင်စားစရာပါဘယ်လိုအတွေးမျိုးနဲ့တစ်ယောက်တည်းဓားကိုင်ပြီးဓားပြတိုက်ပါလိမ့်မဖြစ်နိုင်ဘူးဆိုတာမစဉ်းစားနိုင်လောက်အောင်အသိဥာဏ်မရှိတဲ့လူကဗိုလ်ကြီးတဲ့ဗျားထူးဆန်းလိုက်တာ

  1. Anonymous said... :

    ၁၅.၄လက်မလို့ ထင်ပါတယ်...၁၅၄လက်မဆိုရင်တော့ ဒီလူဟာထန်း၇ဆင့်အမြင့်လောက်ရှိတဲ့ဘီလူးပဲ ဖြစ်လိမ့်မယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved