NDF အမတ်မင်းဒေါ်ခင်ဝိုင်းကြည် နှင့် ဦးဝီရသူ တွေ့ဆုံ
Saturday, December 14, 2013
~
ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ NDF ပါတီက အထင်ကရ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါ်ခင်ဝိုင်းကြည်နဲ့ တွေ့ဆုံကြောင်း ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့က တွေ့ဆုံခဲ့တာဖြစ်ပြီး ဦးဝီရသူက မျိုးစောင့်ဥပဒေ အလွန်လိုအပ်ကြောင်း အမတ်မင်းကို မိန့်ဆိုခဲ့တယ်လို့ ရေးထားပါတယ်။
ရန်ကုန်မှာ တွေ့ဆုံတာဖြစ်တယ်လို့ ယူဆရပါတယ်။ အဲဒီနေ့မတိုင်ခင်ကလည်း ရန်ကုန် တာမွေမြို့နယ်မှာ ဦးဝီရသူရဲ့ "အမျိုးသားရေးတရားပွဲ" ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေ့ရတဲ့ ရေးသားချက်နဲ့ ဓာတ်ပုံ ၂ ပုံကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
"ဦးဝီရသူထံသို့ NDF ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် လာရောက်ဂါရဝပြု"
12-12-2013 ရက်နေ့၊ ည 7:00 နာရီတွင် လက်ခံတွေ့ဆုံသည်။
 ဆရာတော်ဦးဝီရသူမှ မျိုးစောင့်ဥပဒေ အလွန်လိုအပ်ကြောင်း၊  ဟောပြောပွဲများပြုလုပ်ရန်နှင့် မျက်မှောက်နိုင်ငံရေးအခြေအနေများကို  သုံးသပ်ကာ  သြဝါဒစကား မြွက်ကြားခဲ့ကြောင်း သိရသည်။
  • ဆက်စပ်
ထိမ်းမြားမှု ဥပဒေသစ်ပြုရေး ဦးဝီရသူ တိုက်တွန်း 
http://burma.irrawaddy.org/%E1%81%80_muslim/2013/06/13/42137.html
မျိုးစောင့်ဥပဒေ လက်မခံကြောင်း ဆရာတော်ကြီးများပြော
http://burma.irrawaddy.org/%E1%81%80_rule-of-law/2013/06/15/42247.html
ဦးဇင်းကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာ 
http://burma.irrawaddy.org/%E1%81%80_buddhist/2013/06/25/42944.html
ဦးဝီရသူနှင့်တွေ့ဆုံခြင်း
http://burma.irrawaddy.org/%E1%81%80_buddhist/2013/03/29/36663.html
ဒေါ်စု သမ္မတဖြစ်သွားရင် တိုင်းပြည် ဖရိုဖရဲ ဖြစ်သွားနိုင်တယ်
http://burma.irrawaddy.org/interview/2013/11/29/51515.html
.
5 comments :
  1. Anonymous said... :
  1. Anonymous said... :
    သင်္ကန်းဝတ်ထားတိုင်းသာ သံဃာတော်မှတ်နေရင် အဆင့်အတန်းမရှိတဲ့ ဘာသာ ဖြစ်နေမယ်။
  1. Unknown said... :
    နိုင်​ငံ​ရေးဟာ အမျိုးသား​ရေး ၊ ဘာသာ ​ရေးတို့ နှင့်​ ဆက်​နွယ်​ပတ်​သက်​​ပေမယ့်​ ဘာသာ ကြီးတစ်​ခုတည်းအ​ရေးကိုပဲ အထူးကာကွယ်​ရမဲ့ ဥပ​ဒေမျိုး​တော့ မဖြစ်​သင့်​ပါ။
    ပြည်​​ထောင်​စု နိုင်​ငံ​တော်​ဖြစ်​ခြင်း​ကြောင့်​ပါ။
    ဥပ​ဒေတစ်​ခုပြဋ္ဌာန်းရာတွင်​ တစ်​မျိုးသားလုံး လက်​ခံ နိုင်​ခြင်းမဟုတ်​ရင်​​တောင်​ အားလုံး မငြင်းနိုင်​တဲ့ ပြဋ္ဌာန်းချက်​မျိုးဖြစ်​ရန်​လိုအပ်​ပါတယ်​။
    အမျိုးသမီး​များ လက်​ထပ်​ထိမ်းမြားခြင်း ဥပ​ဒေကို ပြ င်​ဆင်​ပြဋ္ဌာန်းသင့်​ပါတယ်​။
    မြ န်​မာနိုင်​သား (သူ) အမျိုးသမီးတစ်​ဦးအ​နေဖြ င့်​ မိမိလက်​ထပ်​မည့်​ ခင်​ပွန်းသည်​ သည်​ မိမိကိုးကွယ်
    သောဘာသာနှင့်​ မတူညီ​သောကိုးကွယ်​ယုံကြ ည်​သူဖြစ်
    လျှင်​ ထိုခင်​ပွန်းသည်​ သည်​ မိမိ၏ ဇနီးသည်​ အား မိမိကိုးကွယ်​​သောဘာသာထဲသို့ အချိုသပ်​ခြ င်း၊ ခြိမ်း ​ခြောက် ခြ င်း​ ဖြ င့်​ အတင်း သွပ်​ သွင်း ခြ င်း မပြုလုပ်​ရ ။
    ဇနီးသည်​ အ​နေဖြ င့်​လည်း မိမိ၏ သ​ဘောအရ ခင်​ပွန်း သည်​ ကိုးကွယ်​ ​သောဘာသာထဲသို့ ကူး​ပြောင်းလိုလျှင်​ လက်​ရှိ မိမိကိုးကွယ်​​သောဘာသာ၏ ဘာသာ​ရေး အကြီးးအကဲများထံတွင် ခွင့်​ပြုချက်​​တောင်းခံရမည်​လို့ ပြင်​ဆင် ပြ ဌာန်းသင့်​ပါသည်​။
  1. Anonymous said... :
    If he want to take part in political matter,he should give up life of Sanga..
  1. Anonymous said... :
    မျိုးစောင့်ဥပဒေလိုအပ်တယ်..မလိုအပ်ဖူးဆိုတာဥပဒေပညာရှင်တွေနားလည်ပါတယ်။.........လူတိုင်းလူတိုင်းကိုယ့်တာဝန်..ကိုယ်ကျေဘို့လိုအပ်ပါတယ်။ဘုန်းကြီးကဘုန်းကြီးအလုပ်လုပ်...ဥပဒေပညာရှင်ကဥပဒေနဲ့ပါတ်သက်တဲ့အလုပ်လုပ်၇င်ပြီးတာဘဲ...သင်္ယန်းဝတ်နဲ့ပေါ်ပြူလာဖြစ်ချင်၇င်...မင်းသားလုပ်။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved