ချင်းပြည်နယ်အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည်

Wednesday, January 8, 2014

~


ဖလမ်းမြို့နယ်ကဝန်ထမ်း၊ ကျောင်းသူကျောင်းသားအများအပြား ချင်းပြည်နယ်ရောက်  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲ  သွားရောက်ကြမှာကို  ပြည်နယ်အစိုးရက တားမြစ်ခဲ့တယ်လို့ သတင်းတွေ ထွက်နေပါတယ်။


ဒီဖြစ်ရပ်အတွက် ဒေါ်အောင်ဆန်းစုကြည် ဒေါသထွက်နေပြီး ... ဗဟိုအစိုးရကို အကြောင်းကြား ကန့်ကွက်မယ်လို့ ပြောလိုက်ပါတယ်။

ဒီလိုဟန့်တားတာဟာ ဥပဒေကို ချိုးဖောက်တာပဲလို့ ဖလမ်းဒေသခံ ၁,၅ဝဝ ဝန်းကျင် တက်ရောက်တဲ့ ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က  ပြောပါတယ်။

ချင်းပြည်နယ်မှာ ရာသီဥတု အင်မတန် အေးနေပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်း နားထောင်ဖို့ အပြင်ရွာတွေက ဒေသခံအများအပြား ဖလမ်းမြို့ ဘောလုံးကွင်းကို လာရောက်စုဝေးကြကြောင်း  အဲဒီဒေသကို ရောက်နေတဲ့ ဧရာဝတီ သတင်းထောက်က သတင်းပို့ပါတယ်။

ဖလမ်းမှာ ဒေါ်အောင်ဆန်းစုကြည်က ၁၅ မိနစ်လောက် မိန့်ခွန်းပြောတယ်၊ အခြေခံဥပဒေ ပြင်ဆင်ရေး စည်းရုံးပြောဆိုတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်ဟာ မြန်မာပြည်ရဲ့ အဆင်းရဲဆုံးဒေသပါ။

တိုးတက်တဲ့နိုင်ငံဖြစ်ဖို့ဆိုရင် ပြည်နယ်တိုင်းဒေသတွေ တပြေးညီ ဖွံ့ဖြိုးရေး လိုအပ်တယ်၊ ပြည်နယ်တွေ နောက်ကျကျန်နေရင်  နိုင်ငံက ရှေ့ကိုရောက်မယ် မဟုတ်ဘူး၊ အစိုးရက တိုင်းရင်းသားပြည်သူများနဲ့ ထိတွေ့ပြီး ဘာတွေ လိုအပ်နေတယ်ဆိုတာကို လေ့လာရမယ် ဆိုတဲ့သဘော ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အဲဒီဒေသ အလယ်တန်းကျောင်းရဲ့ လိုအပ်ချက်တချို့ကိုလည်း သူ့မိခင်အမှတ်တရထူထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကတဆင့် လှူဒါန်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ချင်းပြည်နယ်ရဲ့ အထင်ကရ ရိဒ်ရေကန်ဝန်းကျင် သစ်တောပြောင်တလင်းခါခြင်းအကြောင်းရင်းနဲ့ ပတ်သက်ပြီး ရန်ကုန်ပြန်ရောက်တဲ့အခါ ကိုင်တွယ် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

မူရင်းသတင်း -

http://www.irrawaddy.org/burma/chin-govt-allegedly-keeps-supporters-away-suu-kyi-speech.html



.

1 comments :

  1. Anonymous said... :

    အ​ပြောမကြီးပါနဲ့
    လက်​​တွေ့လုပ်​ပြီးမှ​ပြောပါဗျာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved