သီတဂူဆရာတော်မိန့်ကြားချက် လိုက်နာတဲ့ သဲကုန်းမြို့ရဲတပ်ဖွဲ့

Friday, February 14, 2014

~


သဲကုန်းမြို့ရဲတပ်ဖွဲ့က သီတဂူ ဆရာတော်ကြီး၏ တားမြစ်ချက်အရဟု ဆိုကာ မြို့တော်ခန်းမအနီး ၄ ရက်ကြာ ဖွင့်ထားသည့် သပိတ်စခန်းကို  ယနေ့ နံနက်ပိုင်းတွင် ၀င်ရောက်စီးနင်းကာ ဆန္ဒပြနေသည့် တောင်သူ (၃၀) ခန့်ကို ကားပေါ်တင်ပြီး နေရပ်ရင်း ပြန်ပို့လိုက်သည်။ 
 -

 
  -
 (ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ)
  -
သပိတ်စခန်းကို  စီးနင်းရာတွင်   အကြမ်းဖက်ခြင်း မရှိကြောင်း သဲကုန်း ရဲစခန်းမှ ဒုရဲအုပ်ဇော်အောင်က ပြောသည်။

“ဒါ ကျနော်တို့ အကြမ်းဖက်ဖြိုခွင်းတာ မဟုတ်ပါဘူး။ ဆရာတော်က တားမြစ်တဲ့အတွက်၊ (တရား)ပွဲကို အနှောက်အရှက် ဖြစ်စေနိုင်တယ်ဆိုတဲ့စာထုတ်ထားတဲ့အတွက်ကြောင့်ဖယ်ရှားရတာပါ။
ရဲ အင်အား (၁၀) ယောက်နဲ့ပဲ ဖယ်ရှားတာပါ။ ဒီရပ်ကွက်က
လူတွေကလည်း သပိတ်စခန်းကလူတွေကို ရိုက်မယ်လုပ်နေလို့ ကျနော်တို့က လုံခြုံရေးအရ ကူညီပေးတာပါ”


သီတဂူဆရာတော်ကြီး၏ သီတဂူရွှေဥရာစုသစ်စက္ကုဒါနဆေးရုံဖွှင့်ပွဲ အခန်းအနားသို့ ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဥာဏ်ဝင်း   လာရောက်ပြီး  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးမည့် အစီအစဉ် မတိုင်ခင် သပိတ်စခန်း ဖြိုခွင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

သပိတ်စခန်းတွင် ပါဝင်ဆန္ဒပြခဲ့သူ ၄ ဦး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အရေးယူခံရပုံကို ဧရာဝတီဘလော့
http://blog.irrawaddy.org/2014/02/blog-post_3480.html တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

အုတ်ဖိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆) ရွာမှ လယ်သိမ်းခံရသည့် တောင်သူတွေအနေနှင့် လယ်ယာမြေများပြန်လည်ရရှိရန် ဥပဒေလမ်းကြောင်းအရ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်  ထူးခြားမှုမရှိတဲ့အတွက်    သဲကုန်းမြို့ မြို့တော်ခန်းမအနီး သပိတ်စခန်းဖွင့်လိုက်ရတာဖြစ်တယ်၊ ရက်အကန့်အသတ်မရှိ  ဆန္ဒပြ တောင်းဆိုသွားမယ် ဟု သပိတ်စခန်းဖွင့်သူတို့က ပြောခဲ့သည်။
 



 







.

1 comments :

  1. Unknown said... :

    အော်......ရဲတပ်ဖွဲ့ကလည်းသူတို့ဆန္ဒနဲ့တူတဲ့တားမြစ်ချဲ့ကြတော့လည်းလျောလျောရှုရှုနာခံလို့ပါ
    လားနော်။ကောင်းလေစွကောင်းလေစွ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved