တရုတ်ကုမ္ပဏီတွေကို အခွင့်အရေး ပေးခဲ့တာ ဘယ်သူလဲ

Wednesday, March 26, 2014

~


   

  -
တနင်္ဂနွေနေ့က ပြင်ဦးလွင်မြို့မှာ   ဒေါ်အောင်ဆန်းစုကြည်နဲ့ မန္တလေးမြို့ ခံစာပေသမားများ ရင်းနှီးစွာတွေ့ ဆုံကြရာမှာ စာပေ ယဉ်ကျေးမှုရေးရာတွေအပြင်
 ဧရာဝတီမြစ်ဆုံအရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး၊ စီးပွားရေးအရ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု အကြောင်းအရာတွေကိုလည်း ရင်းနှီး ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့ ကြတာ တွေ့ရပါတယ်။
 
 

 
(ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
 
တွေ့ ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတာတွေထဲက တချို့ကို ဧရာဝတီဘလော့ ပရိသတ် ဖတ်ရှု လေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
 

  •  ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်း၊ တရုတ်နိုင်ငံ

“တချိန်တည်းမှာပဲ ဧရာဝတီနဲ့ ပတ်သက်လို့ ၊ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ မေးတဲ့ မေးခွန်းကို ကျမ ဖြေပါရစေ။
နိုင်ငံရေးသမားဆိုတာ မေးခွန်းအခက်တွေ မဖြေချင်ရင် နိုင်ငံရေး မလုပ်နဲ့ လို့ ကျမပြောခဲ့ ဖူးပါတယ်။
ဒါဟာလည်း အင်မတန်ခက်ခဲတဲ့ မေးခွန်းပါ။ ဒါပေမယ့် ကျမ ဒီကိစ္စကို ရိုးရိုးသားသားနဲ့  ပြတ်ပြတ်သားသားပဲဖြေပါရစေ။

    ဒီနိုင်ငံဟာ တရုတ်နိုင်ငံအောက်ပဲဖြစ်စေ အခြားတနိုင်ငံအောက်ပဲဖြစ်စေ ကိုလိုနီသဖွယ်မကျသွားစေချင်ဘူးဆိုရင် ဒီနိုင်ငံအတွက် အလိုအပ်ဆုံးက နိုင်ငံရဲ့ အကျိုးကို ပီပီပြင်ပြင် တာဝန်သိသိနဲ့  ထမ်းဆောင်မယ့် အစိုးရတရပ်ပဲ ဖြစ်ပါတယ်။

    စီးပွားရေးကိစ္စတွေဘာတွေနဲ့ ပတ်သက်ရင် ပြည်သူလူထုကလည်း ကျမကို ခဏခဏလာပြောပါတယ်...  ဒီမှာတရုတ်ကုမ္ပဏီတွေက မတော်မတရားတဲ့ အခွင့် အရေးတွေဘာတွေ ယူထားတယ် ...  ကျမကပြန်မေးတယ် ၊ ဘယ်သူတွေက ဒီအခွင့် အရေးတွေ ပေးထားပါသလဲ။
ဒီမေးခွန်းကိုကျမတို့ သတ္တိရှိရှိနဲ့ မေးရမယ်။

ဒီနိုင်ငံရဲ့ အခွင့် အရေးတွေ၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကိုကာကွယ်ဖို့ ဘယ် သူ့ မှာတာဝန်ရှိသလဲ။ အစိုးရမှာတာဝန်အရှိဆုံးပဲ။

ဘာဖြစ်လို့ အစိုးရက ဒါကို မကာကွယ် ခဲ့ သလဲ။ ကိုယ့် အစိုးရကမှ ကိုယ့် ကို မကာကွယ်ရင် ဘာကိစ္စ တခြားအစိုးရက ကိုယ့် အကျိုးကိုကြည့် နေရမှာလဲ။
ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုလို့ ရှိရင် ကျမလည်း တရုတ်နိုင်ငံရယ်လို့ သီးသန့် မပြော
ချင်ပါဘူး ...  ဘာဖြစ်လို့ လဲ ဆိုတော့ အကြောင်းနှစ်ကြောင်း ရှိပါတယ်၊ တကြောင်းက ဘာလဲဆိုတော့ ကျမတို့ ဟာဒီခေတ်ဒီအခါမှာ လက်တွေ့ ကျကျ တကမ္ဘာလုံးနဲ့  အဆင်ပြေအောင်နေရမယ်။
အထူးသဖြင့် ကျမတို့ ရဲ့ အိမ်နီးချင်းတွေနဲ့ အဆင်ပြေအောင်နေဖို့ လိုပါတယ်။ ပြီးတော့ ကိုယ့် ဘက်သူ့ ဘက်တာဝန်ယူမှုလည်းရှိရမယ်။ တာဝန်သိမှုလည်းရှိရမယ်။
ဒါကပထမအကြောင်းပေါ့။

 ပိုပြီးတော့ အရေးကြီးတဲ့ အကြောင်းက ကိုယ့် ရဲ့ တာဝန်ရှိမှုကိုကိုယ်ခံယူရမယ်.။
ကိုယ့် မှာလည်း တာဝန်ရှိတယ်ဆိုတာ မခံယူဘဲနဲ့ သူများတာဝန်ချည်းပဲဆိုပြီး လက်ညှိုးထိုးတဲ့ အလေ့ အကျင့် မျိုး ကျမတို့ နိုင်ငံမှာ မဖြစ်စေချင်ဘူး။
ကိုယ့် နိုင်ငံကိုကာကွယ်ဖို့  အဓိက တာဝန်က ဘယ်သူ့ တာဝန်လဲ။ ကျမတို့ တာဝန်ပဲလေ။ ဒါကြောင့် ကျမတို့ ဒီတာဝန်ကို ယူရဲရမယ်။

ဘယ်လိုနည်းနဲ့ ကျမတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ကာကွယ်မလဲ ဆိုတော့  ဒီနိုင်ငံရဲ့  တာဝန်ကို တကယ်သိသိနဲ့ ထမ်းဆောင်ပြီးတော့ ပြည်သူလူထုရဲ့  ဆန္ဒကို လေးစားတဲ့ အစိုးရမျိုး ရှိဖို့ လိုတယ် လို့ ကျမပြောချင်တယ်”….


  •  အခြေခံဥပဒေပြင်ဆင်ရေး

“ဖွဲ့ စည်းပုံပြင်ဆင်ရေးကိစ္စဟာ ကျမ သမ္မတ ဖြစ်ရေးလည်း မဟုတ်ပါဘူး။ ပွင့် ပွင့် လင်းလင်း ပြောရရင် ကျမတို့ ပြည်သူလူထု အများစုကတော့ ဒီလိုပဲမြင်ပါတယ်။
 ဒီလိုမြင်တော့လည်း ကျမစိတ်ထဲမှာ ဘယ်လိုဖြစ်သလဲဆိုတော့  သြော် ..ကျမပေါ် ဒီလိုမေတ္တာထားတယ် အားကိုးတယ်ဆိုတော့ ကျေးဇူးလည်း တင်ပါတယ်။
ဒါပေမယ့် ဒီလိုလဲ မဖြစ်စေချင်ဘူး။ ကျမကို မေတ္တာဘယ်လောက်ပေးပေး ရတယ်၊ မေတ္တာယူဖို့ ကတော့ အဆင်သင့် ပဲ။ ဒါပေမယ့် ဒီလောက်အားကိုးရင် ပြည်သူလူထုအတွက် မကောင်းဘူး၊ နိုင်ငံအတွက်မကောင်းဘူး။
လူပုဂ္ဂိုလ်တဦးတယောက် အဖွဲ့ အစည်းတခုကို ဒီလောက်အားမကိုးသင့် ဘူး။
ဒါ ကျမ ရိုးရိုးသားသားပြောတာပါ။
ဒါကြောင့် မို့ လို့  အဲဒီလိုအားကိုးတဲ့  အားကိုးတကြီးနဲ့ ပြောတာကို၊ တောင်းဆိုကြတာကို လေးစားတယ် တန်ဖိုးထားတယ်။ သို့သော်ဒီလိုမဖြစ်သင့် ပါဘူး။

ကျမတို့ အားလုံးဟာ ကိုယ့် တာဝန်ကိုယ်ထမ်းမယ်၊ ကိုယ်လည်း ကိုယ်တတ်နိုင်တဲ့ ဘက်ကကူပြီး ရုန်းမယ်ဆိုတဲ့ စိတ်ဓာတ်တွေထားဖို့  လိုတယ်။
ဒါလေးကိုတော့ ပညာရှိသတိဖြစ်ခဲဆိုသလို စာပေပညာရှင်များ မေ့ နေသလားလို့ ကျမက သတိပေးတာပါ။
တယောက်ချင်း တယောက်ချင်းစီမှာ တာဝန်ရှိပါတယ်ဆိုတာကို ကျမ တိုက်တွန်းပြီးတော့ ပြောပါရစေ”

   တေဇလှိုင်


  • ဆက်စပ်

In Mandalay Writers Meeting, Suu Kyi Addresses China Concerns
http://www.irrawaddy.org/burma/mandalay-writers-meeting-suu-kyi-addresses-china-concerns.html

.

5 comments :

  1. Anonymous said... :

    စီးပွားရေးကိစ္စတွေဘာတွေနဲ့ ပတ်သက်ရင် ပြည်သူလူထုကလည်း ကျမကို ခဏခဏလာပြောပါတယ်... ဒီမှာတရုတ်ကုမ္ပဏီတွေက မတော်မတရားတဲ့ အခွင့် အရေးတွေဘာတွေ ယူထားတယ် ... ကျမကပြန်မေးတယ် ၊ ဘယ်သူတွေက ဒီအခွင့် အရေးတွေ ပေးထားပါသလဲ။

    Easy to ask this question. Every country could not live with isolation. Why the west sanctioned Myanmar ? Who called for sanctions and cut off the communication with Myanmar? That is the question we should ask back DASSK.

    When the west sanctioned and did not trade with Myanmar, China, and Asean were willing to trad with Myanmar, so it is normal that now things become like we depend heavily economically on China.

    Both Military government and main stream opposition are equally responsible for Chinese influence on Myanmar.

    Please take your responsibility instead of blaming all times on other people.

  1. Unknown said... :

    တိုင်းပြည်အတွက်စွန့်လွှတ်ပေးဆပ်ခြင်း(၅)မျိုးစလုံးမခြွင်းမချန်ပေးဆပ်နေတာဒေါ်အောင်ဆန်းစုကြည်ပါ။ရိုးသားဖြောင့်မတ်သောဖခင်အမျိုးသားခေါင်ဆောင်ဗိုလ်ချုပ်အောင်ဆန်း၏ဇာတိသွေဖြင့်ပြည့်ဝသောခေါင်းဆောင်ကိုငါတို့အခွင့်အရေးငါတို့မြန်မာ့အရေးအတွက်လုံးဝယုံကြည်လေးစားထိုက်၏။

  1. Unknown said... :

    Agree with you..
    If she still want to become president, must show the future plan for Myanmar. Now all of her words blame to the past government, present government. Should be give some promise...

  1. Unknown said... :

    She only know how to criticize Goverment.

  1. Anonymous said... :

    မြန်မာတွေမို့လို့ rebbishတွေ ဝေ့လည်ကြောင်ပတ် ပြန်ဖြေရဲတာ နိုင်ငံခြားမှာ မညှာမတာ သတင်းထောက်တွေက မေးတုန်းကဆို မူးမူးလဲ ပြတာ။ မယုံရင်ကြည့်. အရင်လူတွေလည်း မကောင်းပါဘူး အခုဒေါ်အောင်ဆန်းစုကြည်လည်း မကောင်းဘူး။ အရင်ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လေးစားပါတယ်။ အခုတော့ သူလည်းပြောင်းလဲသွားပြီး/Anywayကျေးဇူးရှိတာတော့ အမှန်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved