“ဝ” သာအမိ “ဝ” သာ အဖ “ဝ” သာ ကိုးကွယ်ရာ
Tuesday, March 18, 2014
(ကာတွန်း - ဟန်လေး / ဧရာဝတီ)
ပြီးခဲ့တဲ့ အပတ်က လေယာဉ်ကွင်း ရောက်တော့ Arrival နေရာ အပေါက်ဝမှာ ကားတွေ တန်းစီပြီး ပိတ်နေတယ်။ ကားတစ်စီးနဲ့ တစ်စီး တရွေ့ရွေ့ ရှေ့ကို တိုးတယ် ဆိုရုံလေး ဘီးလှိမ့် သွားရတယ်။
ကျွန်မကား အလှည့်လည်း ရောက်ရော ကားရှေ့ လမ်းအလယ် တည့်တည့်မှာ Smart ကျကျ ဝတ်ထားတဲ့ နိုင်ငံခြားသား တစ်ယောက်ကို ဘေးမှာ သူ့အဝတ်သေတ္တာတွေ ပုံရက်သား ချထားပြီး ခါးထောက်လို့ ကားစောင့် နေတာကို တွေ့ရပါတယ်။
ပလက်ဖောင်းပေါ်မှာ လာကြိုမယ့် ကားကို စောင့်နေတာက ပြဿနာ မဟုတ်ပေမယ့် ခုလို ကားသွားမယ့် လမ်းရဲ့ဘေးလည်း မဟုတ်ဘဲ အလယ်တည့်တည့် ရပ်ပြီး ခပ်တည်တည်နဲ့ စောင့်နေတော့ ကိုယ့်ကားလည်း ရှေ့တက်မရသလို နောက်က ကားတွေတွေလည်း ဟွန်းတွေတီးပေါ့။
ကားလမ်းပြပေးတဲ့ ဝန်ထမ်းလေးလည်း အခြေနေမှန်ကို မြင်နေတော့ ကိုရွှေဧည့်သည်ဆီ သွားပြီး ခြေဟန် လက်ဟန်နဲ့ရော အင်္ဂလိပ်လိုပါ ကားသွားမရလို့ နည်းနည်း နောက်ဆုတ်ပြီး စောင့်နေပေးဖို့ ပြောပါတယ်။
ဧည့်သည်ကြီးက သူတောင်းစားတွေ လာတောင်းစားရင် မပေးချင်လို့ လက်ခါပြတဲ့ ပုံစံအတိုင်း သွား. . . သွား. . ဆိုပြီး လက်ကို ခါပြတယ်။ ဝန်ထမ်းလေးကလည်း ထပ်ပြီးတော့ ကားတွေဘက် လက်ညိုးထိုးပြီး ကားကျပ်နေတဲ့ အခြေအနေကိုပြပြီး နည်းနည်း အနောက် ဆုတ်ပေးဖို့ ပြောပြန်တယ်။
ကိုဧည့်သည်က လက်ဆွဲ အိတ်ကြီးကို ရုတ်တရက် မ,လိုက်ပြီး ဝန်ထမ်းလေးကို ရိုက်ဖို့ ရွှယ်လိုက်ပါတယ်။ ဝန်ထမ်းလေးကလည်း လက်ကာပြပြီး “sorry” “sorry“ ပြောပြီး ကျွန်မဆီ ပြန်လာပြီးတော့ “ ပြောလို့ရမယ့်ပုံ မပေါ်ဘူး အစ်မရာ။ ကျွန်တော် လက်ပြတဲ့ အတိုင်း သူ့ကို ရအောင် ကျော်ထွက်မှ ဖြစ်တော့မယ်” ကျမကလဲ “ok” ရတယ် ထွက်မယ်ပေါ့။ ကားစတီယာတိုင်ကို ဆွဲကွေ့ပြီး ကျော်တက်မယ် လုပ်တုန်းရှိသေးတယ်။ ကိုဧည့်သည်က ကျွန်မကားဆီ လျောက်လာပြီး “ရပ်“ ဆိုတဲ့ သဘောနဲ့ လက်ကာ ပြပါတယ်။ ကျွန်မလည်း တက်မရမဲ့ အတူတူ သူများ သဘောထား ပြောင်းပြီး ဖယ်ပေးတော့မလား ဆိုပြီးအထင်နဲ့ ရပ်ပေးလိုက်ပါတယ်။
သူက ကားမှန်တံခါးနား ရောက်လာပြီး ခေါင်းကြီးလျှိုလို့ ကျွန်မကို ကြည့်ပြီး “နီမိန့်ရှာပါ” လို့ မေးမှ တရုတ်ကြီးမှန်း သိရတော့တယ်။ တရုတ်ကားကို ငယ်ငယ် ကတည်းက ကြည့်ခဲ့တဲ့ ကျွန်မကလည်း မဆိုင်းမတွဘဲ “ဝေါ်မိန့်ရှီ” လို့ ပြန်ပြော လိုက်ပါတယ်။
အဲလို ပြောပြီးတာနဲ့ တရုတ်ကြီးက ကျွန်မကားမှန်ကို အဆုံးထိ ဆွဲတွန်းလိုက်ပါတယ်။ ရုတ်တရက် လုပ်ရပ်ဆိုတော့ ကျွန်မရော ကြည့်နေတဲ့ ဝန်ထမ်းလေးတွေပါ ကြောင်သွားတယ်။ ဘာမှ မပြောလိုက်နိုင်ခင်မှာပဲ သူ့ကို လာကြိုတဲ့ကားက ဝူးခနဲ့ ကျွန်မရှေ့ ကျော်ရပ်တယ်၊ သူကလည်း ကားတံခါးကို ဆောင့်ဆွဲလိုက်ပြီး သူ့ အဝတ်အိတ်တွေကို ခပ်ကြမ်းကြမ်း ပစ်တင် ကားတံခါးကို ဂျိမ်းခနဲ ဆွဲပိတ်လိုက်ပြီး ချက်ချင်း ထွက်သွားတယ်။
ဝန်ထမ်းလေးတွေလည်း မိုက်ရိုင်းတဲ့ကောင် ဆိုပြီး အပြေးလိုက်ပါသေးတယ်။ ဒါပေမယ့် မမီတော့ပါဘူး။ ဝန်ထမ်းလေးတွေကလည်း “အားနာလိုက်တာ အစ်မရယ်။ ဒီကောင်တွေက ဒီလို မိုက်ရိုင်းနေကျ။ ကျွန်တော်တို့ နေ့ရှိသ၍ တစ်မျိုးမဟုတ် တစ်မျိုး ခံနေရတာပဲ။ ကိုယ့်လူမျိုး အချင်းချင်းကိုတောင် မကာကွယ်နိုင်တဲ့ အဖြစ်ပါ။
ဒါနဲ့ ကျွန်မကလည်း “ဒီလို လူမျိုးတွေနဲ့ အတူယှဉ်တွဲ နေထိုင်ရမယ် ဆိုရင် ဖြစ်နိုင်သလား” လို့ မေးတော့ “No … လုံးဝ မဖြစ်နိုင်ဘူး” လို့ ဖြေရှာတယ်။ အားမရှိတဲ့ လေသံလေးနဲ့ပါ။ ဒါပေမယ့် လည်းပေါ့ … ဒါပေမယ့် … “ဝ” ရှိမှ “ဝိ” ဖြစ်တယ် ဆိုတဲ့အတိုင်း “ဝ” သာအမိ “ဝ” သာ အဖ “ဝ” သာ ကိုးကွယ်ရာ ကျေးဇူးရှင်ကြီးပါ။
“ဝ” မထိနဲ့ သေနတ်ကြည့်ထား မျိုးပြုတ်သွားမယ် ဘာမှတ်လဲ။ “ဝ” အတွက်ဆို အရိုးကျေကျေ အရည်ခမ်းခမ်း ငရဲမကြောက် “ဝဋ်” မကြောက် “ဝ” ကွက် အပ်လို့ ဝတ်ကျေချင်ရှာသူ ကြီးမိုက်ကြီး တစ်စု အတွက်တော့ “ဝ” ရှိမှ “ဝိ” ဖြစ်မှာမို့ ဒို့ပြည်သူတွေ “ဝိတ်” လျော့စားဖို့သာ ပြင်ထား။
ကိုယ်ပိုင် အတွေ့အကြုံ ကိုယ်ပိုင် ခံစားချက်ကြောင့် ဒီပို့စ်ကို ရေးဖြစ်တာပါ။
Facebook / Nan Lwin Mar Nan မှ ပြန်လည်မျှဝေပါသည်
4 comments :
  1. Anonymous said... :
    တရုတ်တွေ ရိုင်းတာက ထုံးစံပါ။ သူတို့ကို ပြန်ရိုင်းလည်း ရိုင်းမှန်းတောင် သိပုံမရပါ။ ခံပါသည်။ နားလည်ပေးလိုက်ပါ။အတွေ့အကြုံအရ နိုင်ငံခြားသားဆို ကိုယ်လူပါး ၀ရင်ဝ မ၀ရင် သူဝတာ ခံရပါသည်။
  1. Anonymous said... :
  1. Anonymous said... :
    မှန်တယ်နိုင်ငံခြားသားတွေလူပါးဝတယ်
  1. Anonymous said... :
    ယဉ်ကျေးမှုမတူတာပါ။
    သူတို့က လမ်းပေါ်မှာ တံတွေးထွေး၊ ဆေးလိပ်တို ပစ်၊ စကားသံ အကျယ်ကြီးပြော၊ ထမင်းစားရင် အသံဆူညံ၊ အရိုးတွေး ဘေးထွေးပစ် တာ ထုံးစံပဲ။ စင်ကာပူမှာ ပြည်ကြီးတရုတ်တစ်ယောက် လမ်းဘေး ဆေးလိပ်တိုပစ်လို့ ရဲက ဒဏ်ငွေ ၃၀၀ ရိုက်တော့ မျက်နှာငယ်လေးနဲ့ ငါမသိလို့ ဆိုတယ်။ စင်ကာပူရဲကတော့ သိသိ မသိသိ ဒဏ်ငွေ ဆောင်ထားပဲ။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved