ဒါဖတ်ပြီးမှ လက်ပ်တော့ ၀ယ်ပါ - ၂

Thursday, April 17, 2014

~


 

 -
မြန်မာပြည်မှာ သုံးဖို့ လက်ပ်တော့ ၀ယ်မယ် ဆိုရင် ရွေးချယ်သင့်တာကတော့ ဘက်ထရီကြိုး ဖြစ်ပါတယ်။ အဲဒီကြိုးက ပင် ၂ ချောင်း ပါတဲ့ ပလပ်ခေါင်းနဲ့ဆို အကောင်းဆုံး ဖြစ်မယ်။

 ဒါဖတ်ပြီးမှ လက်ပ်တော့ ၀ယ်ပါ ပထမပိုင်းကို  http://blog.irrawaddy.org/2014/03/blog-post_4884.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

ဈေးကွက်ထဲမှာ လက်ပ်တော့ဘက်ထရီရဲ့ ပလပ်ခေါင်းတွေက ပင် ၂ ချောင်း၊ ပင် ၃ ချောင်း အသီးသီး ရှိကြတယ်။

ပင် ၃ ချောင်းကို ရွေးမိရင် ပြဿနာ လှပစွာ တက်တော့တာပဲ။
ကျနော့် ကွန်ပြူတာက ပင် ၃ ချောင်းနဲ့။

မြန်မာပြည် ဘယ်မြို့ ဘယ်ရပ်ကွက်ကိုသွားသွား …. အိမ်၊ ရုံး၊ ဟိုတယ်၊ ကားဂိတ်၊ လေယာဉ်ကွင်းတွေမှာ ရှိတတ်တဲ့ ပလပ်ပေါက်တွေက  ပင် ၂ ချောင်းနဲ့မှ အဆင်ပြေတယ်ဆိုတာကို သတိပြုမိပါတယ်။

ပလပ်ခုံတွေကအစ အဲသလို ဖြစ်နေတာ။ ပင် ၂ ချောင်း ပလပ်ခေါင်းတွေပဲ ထည့်လို့ရတဲ့ ပလပ်ခုံတွေ အတော်များများ သုံးနေကြတာပါ။

ဒီတော့ ကျနော့် ကွန်ပြူတာအတွက် ပလပ်ခေါင်းအသေးလေးတခု ဆောင်ထားရပါတော့တယ်။

  အားလုံး အဆင်ပြေသွားပြီလို့ ထင်ရတာပေါ့လေ။ တကယ်သုံးကြည့်တော့ အံဝင်ခွင်ကျ မဖြစ်တာမျိုး တခါတရံ ကြုံရပါတယ်။ အံဝင်ခွင်ကျဖြစ်ရေးအတွက် စိတ်ပူရပြန်တယ်။
 

အံဝင်ခွင်ကျ မဖြစ်လို့ ကျွတ်ထွက်သွားတယ်၊ အပေါ်ကနေ ထိန်းဖို့ ကြိုးတချောင်း ရှာဖွေရတယ် ဆိုသော အတွေ့အကြုံတွေက ဘာမှမဟုတ်ဘူး ထင်ရပေမယ့် အင်မတန် ကသိကအောင့်ဖြစ်ရတာပါပဲ။
ဒါကြောင့် မြန်မာပြည်မှာ ပလပ်ခေါင်း ပင် ၂ ချောင်းဖြစ်ရေးကလည်း အင်မတန် အရေးကြီးတယ်လို့ သဘောပေါက်မိပါတယ်။
ကွန်ပြူတာ တပတ်တကြိမ် ထုတ်သုံးရင်တော့ တပတ်တကြိမ်ပဲ ကသိကအောင့် ဖြစ်ရမှာပါ။ နေ့စဉ်သုံးသူအတွက် ဆိုရင် နေ့စဉ် ကသိကအောင့် ဖြစ်ပါမယ်။

အပေါ်ပုံကတော့ မန္တလေးမြို့ ၃၁ လမ်းထိပ် ယူနီစံ လက်ဘက်ရည်ဆိုင်မှာရိုက်ထားတာပါ။ အဲဒီဆိုင်က ကြိုးမဲ့အင်တာနက် အခမဲ့ သုံးနိုင်တယ်။ လျှပ်စစ်ဓာတ်အားကိုလည်း အခမဲ့ သုံးနိုင်ပါတယ်။ သို့သော်လည်း ကြိုးလိုပါတယ်။ ကျနော့်ကွန်ပြူတာ ဘက်ထရီကြိုးခေါင်းက ၃ ပေါက်၊ သူတို့ဆိုင်မှာ ရှိတာတွေက ၂ ပေါက်။ ဒုက္ခ နဲ့ လှလှ တွေ့ကြပါတော့တယ်။

ဒါကြောင့် လက်ပ်တော့ ၀ယ်တဲ့အခါ ပလပ်ခေါင်း ပင် ၂ ချောင်းရှိတာကို ရွေးဖို့ တိုက်တွန်းလိုက်ပါတယ်။



.

2 comments :

  1. kk said... :

    agree ပါ စာရေးဆရာရေ..

    ဒါပေမဲ့...
    ပထ၀ီကြိုး ပင်နှစ်ချောင်းနဲ့ လက်ပုတော့ လိုက်ရှာတာ ခေါင်းမူးသွားတယ်။ တွေ့ပြန်တော့ နှစ်သက်တဲ့ အမျိုးအစား သို့မဟုတ် ကိုယ်မတတ်နိုင်အောင် ဈေးကြီးတဲ့ အမျိုးအစားဖြစ်နေပြန်တယ်။

    ဒီရပ်ကွက်ထဲမှာ ရောင်းတဲ့ လက်ပုတော့ တွေကလည်း ပြောထားတော့ ပထ၀ီက ၇ - နာရီ ခံပါတယ် တို့ ဘာတို့ နဲ့ တကယ့်တကယ်ကျ ၂ -နာရီထက်ပိုတာလည်းမရှိ။ ကိုယ်က မတတ်နိုင်လို့လည်းဖြစ်နိုင်ကောင်းပါတယ်။

    ဒီတော့ ဘယ်လိုလုပ်ရမလဲ စာရေးဆရာရယ်.. ကျုပ်တို့ ရပ်ကွက်က ဒီလိုဘဲ ရှိနေလေတော့ရင်.. တော့် လိုဘဲ ကျုပ်တို့မလဲ အပို ၂ ပင်ခေါင်းလေး ၀ယ်ထား.. အဆင်မပြေတဲ့ နေရာကျတော့ network ကြိုးအရှည်ပါတဲ့ ပလပ်ခေါင်းလေးဝယ်ဆောင်..။

    အင်း.. ကျောပိုးအိတ်ထဲမတော့ စုံစီနဖါ နဲ့ ထည့်ပြီး လွယ်ပေရော့။

    သြော် .. ဘွ..ဘွ...ဘွ

  1. Anonymous said... :

    laptop ရဲ့ plug ခေါင်းတွေ က အသုံးပြုမယ့် (သို့ ) ဈေးကွက်တင်မယ့် နိုင်ငံပေါ်မူတည်ပြီး ထုပ်လုပ်ထားခြင်း ဖြစ်ပါတယ်။ 2 pin plug ကို သုံးတယ့်နိုင်ငံတွေက Middle East (Iran), most African nations, South America (Argentina, Bolivia, Brazil, Chile, Peru and Uruguay), Asia (India, Bangladesh, Sri Lanka, Indonesia, Pakistan, and South Korea) and Russia တို့ ဖြစ်ပြီး မဖွံ့ ဖြိုးသေးတယ့် နိုင်ငံတွေကို တင်ပို့ တယ့် electronic equipment တွေက inferior quality တွေ ဖြစ်တတ်တာကို သတိထားဖို့တော့ လိုလိမ့်မယ် ထင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved