အောက်ဖော်ပြပါပုံနဲ့စာ ဖော်ပြအပြီးမှာ စာဖတ်သူတယောက်ဆီက တုန့်ပြန်ချက် ရောက်လာပါတယ်။
သူ့ရဲ့ တုန့်ပြန်ချက်ကို ဒီစာရဲ့ အဆုံးမှာ ဖော်ပြပေးလိုက်ပါတယ်။ ........
မြန်မာပြည်မှာလည်း ဒါမျိုးတွေ ရှိတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးက အခု ဖော်ပြပါ ဓာတ်ပုံနဲ့ စာကို ရေးပြီး သူ့ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။
"ပြင်ဦးလွင် မြို့နယ် ထုံးဘိုကျေးရွာတွင် ဦးစီုးမြင့်အား ဖုန်းဆက်ခေါ်ပြီး ကြိုးဖြင့်တုတ် ရိုက်နှက်ခဲ့သော အာရောဂျံ ဆေးရုံပိုင်ရှင် ဒေါ်မိမိလေး၏ လူငှားများ အကြမ်းဖက်ထားသည့်ပုံ။" လို့ ဖော်ပြထားပါတယ်။
အဲဒီလို ကြိုးတုတ်ရိုက်နှက်ခံထားရတာနဲ့ပတ်သက်ပြီး မစုစုနွေးက အခုလို ရေးသား ထားပါတယ်။
(26 5 2014 ) နံနက်ပိုင်းတွင် ပြင်ဦးလွင် မြို့နယ် ထုံးဘိုကျေးရွာတွင် အာရောဂျံဆေးရုံပိုင်ရှင် ဒေါ်မိမိလေးမှ ခိုင်းစေချက်အရ လူငှား(၆)ယောက်မှာ(၁၉၉၀)ခုနှစ်က
Ph(0949284398)ဒေါ်စုစုနွေး
Ph(0973016130)တရားလွှတ်တော်ရှေ့
ကိုအောင်ဇော်မင်းPh(0947140524)
ကိုဇော်ထိုက်Ph(09403759742)ပြင
စာဖတ်သူတယောက်ရဲ့ တုန့်ပြန်ချက်
ဖြစ်စဉ်အမှန်
၁။ စိုးမြင့်ကြီးသည် ထုံးဖိုရွာပတ်ဝန်းကျင်တွင်ခြံပိုင်ရှင်များအား အုပ်စုဖွဲ့ မိုက်ကြေးခွဲနေသူဖြစ်ပါသည်။
၂။ လက်ရှိတွင် အမှု(၅)မှုဖြင့် တရားရင်ဆိုင်နေရသူဖြစ်သည်။
၃။ ယခုဖြစ်စဉ်တွင် ခြံအတွင်းသို့ ပိုင်နက်ကျူးလွန်ပြီး ဓါးဖြင့် ၀င်ခုတ်သဖြင့် ခြံအလုပ်သမားများက ပြန်လည်ခုခံဖမ်းဆီးပြီး ဥပဒေကြောင်းအရ ဆက်လက်ဆောင် ရွက်ရန်ဖြစ်ပါသည်။ယခင်ကလည်း အကြိမ်ကြိမ်ရမ်းကာလူမိုက်ဆန်စွာ မိုက်ရူးရဲနေသူ ဖြစ်ပါသည်။
၎။ သူခိုးက လူပြန်ဟစ်ခြင်းဖြစ်ပါသည်။
၅။ ဖြစ်စဉ်အမှန်ကို မြေပြင်သို့ကိုယ်တိုင်ဆင်းပြီး လေ့လာစေချင်ပါသည်
ဧရာဝတီ Facebook / ဧရာဝတီ Twitter
စုစုနွေးက ဖွ ပြန်ပြီ တရားစွဲခံ ရဦးမယ် ၊ အဲဒီကော်ဖီခြံ က ဘယ်သူ့ဆီက သိမ်း တာ မှ မဟုတ်ဘူး ၊ မြေလွတ်မြေရိုင်းကို ကော်ဖီစိုက်နေတာပါ။ အဲဒီလူက ရွာက လူမိုက် စိုးမြင့်ကြီး ပါ၊
ဒေါ်မီမိလေး အကွက်တွေ ထဲကို ကျူးကျော် ပြီး လက်ညျိုးထိုးရောင်းစားနေကြပါတယ်၊ ရဲစခန်းမှာ တရားစွဲထားတာတွေ ရျှိပါတယ်၊ အလုပ်သမားတွေကို ဆိုရင် စိုးမြင့်ကြီးတို့ အဖွဲ့က ဓားနဲ့ လိုက်ခုတ်တာ ခံရပါတယ် ၊ သိမ်းဆည်းမြေလုံးဝမဟုတ်ပါဘူး၊ အစိုးရမြေလွံတ်မြေရိုင်းမှာ လယ်ဆည်ဝန်ကြီးဌာနက ကော်ဖီ စိုက်ခိုင်းတာပါ၊