မြန်မာပြည်မှာ ဒါမျိုးတွေ ရှိတယ်

Wednesday, May 28, 2014

~


အောက်ဖော်ပြပါပုံနဲ့စာ ဖော်ပြအပြီးမှာ စာဖတ်သူတယောက်ဆီက တုန့်ပြန်ချက် ရောက်လာပါတယ်။

သူ့ရဲ့ တုန့်ပြန်ချက်ကို ဒီစာရဲ့ အဆုံးမှာ ဖော်ပြပေးလိုက်ပါတယ်။
........

မြန်မာပြည်မှာလည်း ဒါမျိုးတွေ ရှိတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးက အခု ဖော်ပြပါ ဓာတ်ပုံနဲ့ စာကို ရေးပြီး သူ့ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။ 


 ဓာတ်ပုံ- မစုစုနွေး ဖေ့စ်ဘုတ်

"ပြင်ဦးလွင် မြို့နယ် ထုံးဘိုကျေးရွာတွင် ဦးစီုးမြင့်အား ဖုန်းဆက်ခေါ်ပြီး ကြိုးဖြင့်တုတ် ရိုက်နှက်ခဲ့သော အာရောဂျံ ဆေးရုံပိုင်ရှင် ဒေါ်မိမိလေး၏ လူငှားများ အကြမ်းဖက်ထားသည့်ပုံ။" လို့ ဖော်ပြထားပါတယ်။ 

အဲဒီလို ကြိုးတုတ်ရိုက်နှက်ခံထားရတာနဲ့ပတ်သက်ပြီး မစုစုနွေးက အခုလို ရေးသား ထားပါတယ်။ 

(26 5 2014 ) နံနက်ပိုင်းတွင် ပြင်ဦးလွင် မြို့နယ် ထုံးဘိုကျေးရွာတွင် အာရောဂျံဆေးရုံပိုင်ရှင် ဒေါ်မိမိလေးမှ ခိုင်းစေချက်အရ လူငှား(၆)ယောက်မှာ(၁၉၉၀)ခုနှစ်က ဦးကျော်သန်း ကော်ဖီစီမံကိန်းဆိုပြီး သိမ်းစည်းထားသော လယ်မြေများအား ဒေါ်မိမိလေးမှ မြေကွက်များရိုက် ရောင်းချနေပြီး ခြံစည်းရိုးခတ်ရန် ကျောက်တိုင်/သဲ/အုပ်/များလာချသဖြင့် သိမ်းစည်းခံ လယ်သမားများမှ သွားရောက်ကြည့်ရှုခဲ့တာကို ဒေါ်မိမိအေး ငှားထားသော လူငှားများမှ တစ်ယောက်ချင်းစီ ဖမ်း/ကြိုးနဲ့တုတ် /ရိုက်ခဲ့သဖြင့် လယ်သမား(၆)ယောက်မှာ ဒဏ်ရာ ရရှိခဲ့ကြပါသည် (၃)ယောက်မှာ စိုးရိမ် ရတဲ့ အခြေအနေဖြစ်နေပါသည်။

Ph(0949284398)ဒေါ်စုစုနွေး
Ph(0973016130)တရားလွှတ်တော်ရှေ့နေ ဦးဟန်ရှင်ဝင်း
ကိုအောင်ဇော်မင်းPh(0947140524) ပြင်ဦးလွင်
ကိုဇော်ထိုက်Ph(09403759742)ပြင်ဦးလွင်ကို ဆက်သွယ်ပါ ကျမတို့ တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး ကော်မတီက မနက်ဖန်နံနက်(6:00)ရီကားနဲ့ ပြင်ဦးလွင်ကို လိုက်သွားပါမည် ။


စာဖတ်သူတယောက်ရဲ့ တုန့်ပြန်ချက်

ဖြစ်စဉ်အမှန်


၁။ စိုးမြင့်ကြီးသည် ထုံးဖိုရွာပတ်ဝန်းကျင်တွင်ခြံပိုင်ရှင်များအား အုပ်စုဖွဲ့ မိုက်ကြေးခွဲနေသူဖြစ်ပါသည်။

၂။ လက်ရှိတွင် အမှု(၅)မှုဖြင့် တရားရင်ဆိုင်နေရသူဖြစ်သည်။

၃။ ယခုဖြစ်စဉ်တွင် ခြံအတွင်းသို့ ပိုင်နက်ကျူးလွန်ပြီး ဓါးဖြင့် ၀င်ခုတ်သဖြင့် ခြံအလုပ်သမားများက ပြန်လည်ခုခံဖမ်းဆီးပြီး ဥပဒေကြောင်းအရ ဆက်လက်ဆောင် ရွက်ရန်ဖြစ်ပါသည်။ယခင်ကလည်း အကြိမ်ကြိမ်ရမ်းကာလူမိုက်ဆန်စွာ မိုက်ရူးရဲနေသူ ဖြစ်ပါသည်။

၎။ သူခိုးက လူပြန်ဟစ်ခြင်းဖြစ်ပါသည်။

၅။ ဖြစ်စဉ်အမှန်ကို မြေပြင်သို့ကိုယ်တိုင်ဆင်းပြီး လေ့လာစေချင်ပါသည်




 ဧရာဝတီ Facebook / ဧရာဝတီ Twitter





9 comments :

  1. Unknown said... :

    စုစုနွေးက ဖွ ပြန်ပြီ တရားစွဲခံ ရဦးမယ် ၊ အဲဒီကော်ဖီခြံ က ဘယ်သူ့ဆီက သိမ်း တာ မှ မဟုတ်ဘူး ၊ မြေလွတ်မြေရိုင်းကို ကော်ဖီစိုက်နေတာပါ။ အဲဒီလူက ရွာက လူမိုက် စိုးမြင့်ကြီး ပါ၊
    ဒေါ်မီမိလေး အကွက်တွေ ထဲကို ကျူးကျော် ပြီး လက်ညျိုးထိုးရောင်းစားနေကြပါတယ်၊ ရဲစခန်းမှာ တရားစွဲထားတာတွေ ရျှိပါတယ်၊ အလုပ်သမားတွေကို ဆိုရင် စိုးမြင့်ကြီးတို့ အဖွဲ့က ဓားနဲ့ လိုက်ခုတ်တာ ခံရပါတယ် ၊ သိမ်းဆည်းမြေလုံးဝမဟုတ်ပါဘူး၊ အစိုးရမြေလွံတ်မြေရိုင်းမှာ လယ်ဆည်ဝန်ကြီးဌာနက ကော်ဖီ စိုက်ခိုင်းတာပါ၊

  1. Anonymous said... :

    သေချာမသိပဲ အရမ်းမယုံကြပါနဲ့၊ စိုးမြင့်ကြီး ဆိုတာ လူမိုက်ပါ၊ အဲဒီရွာက လူမိုက် အုပ်စုခေါင်းဆောင်ပါ။ မြေကွက်က သိမ်းဆည်းမြေ လုံးဝ (လုံးဝ) မဟတ်ုပါဘူး၊ မြေလွတ်မြေရိုင်း မျာ လယ်ဆည် ကကော်ဖီ စိုက်ဖို့ ချပေးထာပါ၊ အရင်ကလည်း စိုးမြင့်ကြီးတို့ က အဲဒီအကွက်ထဲက ကော်ဖီ ပင် ၃၀၀ လောက်ကို ဓားနဲ့ ခုတ်ပလိုက်လို့ တရားရုံး မှာ အမှု ဖွင့်ထား တယ်။ အလုပ်သမားတွေကို အမြဲ ခြိမ်းချောက် ခံနေရပါတယ်၊ စိုးမြင့်ကြီး တို့ အုပ်စုက အဲဒီမြေ နေရာ တွေကို ရွာသားတွေ ထံ လက်ညှိုး ထိုးပြီး ရောင်းစား နေပါတယ်၊ ရဲစခန်းမှာ စုံစမ်ြး့ကည့်ရင် အမှန်တွေ သိရမှာပါ၊

  1. Anonymous said... :

    အာဏာရှင်ဆန်နေသရွေ့တော့??????

  1. Unknown said... :

    ဖြစ်စဉ်အမှန်
    ၁။ စိုးမြင့်ကြီးသည် ထုံးဖိုရွာပတ်ဝန်းကျင်တွင်ခြံပိုင်ရှင်များအား အုပ်စုဖွဲ့ မိုက်ကြေးခွဲနေသူဖြစ်ပါသည်။
    ၂။ လက်ရှိတွင် အမှု(၅)မှုဖြင့် တရားရင်ဆိုင်နေရသူဖြစ်သည်။
    ၃။ ယခုဖြစ်စဉ်တွင် ခြံအတွင်းသို့ ပိုင်နက်ကျူးလွန်ပြီး ဓါးဖြင့် ၀င်ခုတ်သဖြင့်
    ခြံအလုပ်သမားများက ပြန်လည်ခုခံဖမ်းဆီးပြီး ဥပဒေကြောင်းအရ ဆက်လက်ဆောင်
    ရွက်ရန်ဖြစ်ပါသည်။ယခင်ကလည်း အကြိမ်ကြိမ်ရမ်းကာလူမိုက်ဆန်စွာ မိုက်ရူးရဲနေသူ
    ဖြစ်ပါသည်။
    ၄။ သူခိုးက လူပြန်ဟစ်ခြင်းဖြစ်ပါသည်။
    ၅။ ဖြစ်စဉ်အမှန်ကို မြေပြင်သို့ကိုယ်တိုင်ဆင်းပြီး လေ့လာစေချင်ပါသည်

  1. Anonymous said... :

    ၅။ ဖြစ်စဉ်အမှန်ကို မြေပြင်သို့ကိုယ်တိုင်ဆင်းပြီး လေ့လာစေချင်ပါသည်

    ဒီအရေးအသားကို ကြည့်ရတာ(ဥပမာ မြေပြင်သို့) စစ်တပ်က ဖြစ်နိုင်တယ်။ အမှုမှန်ကို ထိန်ချန်ဖို့အတွက် ၀င်ပြီး လော်ဘီလုပ်တာဆိုတာ စဉ်းစားစရာပါပဲ။ ဒါကြောင့် ဒီအမှုကို တစ်နိုင်လုံး သိသွားအောင် ဖွင့်ချသင့်တယ်။ ပြည်သူတွေက စောင့်ကြည့်။ ပြည်သူတွေက အသိဆုံးပဲလေ။

  1. Anonymous said... :

    ဘယ်သူက ကော်ဖီစိုက်နေတယ် ဘယ်သူက မြေကွက် ရိုက်ရောင်းဖို့ ကြိုးစားနေတယ်ဆိုတာ သေချာမသိပဲ သတင်းမှားတွေ တင်နေတာ မရှက်ဘူးလား
    ဒီလို Wrong Information တွေကို သုံးပြီး ဘယ်လို လူ့အခွင့်အ ရေးတွေ ဆောင် ရွက်းပေးနေတာလဲ

  1. Unknown said... :

    ပြင်ဦးလွင် ထုံးဘိုဒေသမှာ ဘယ်တပ် ဘယ်ကုမ္ပဏီနှင့်မှ မဆိုင်တဲ့ သာမန်အရပ်သား တစ်ယောက်ရဲ့ကော်ဖီမြေပါ။ ၁၀ နှစ်လောက်ဖုန်းဆိုးတော ရိုင်း မြေကို စက်အားလူအားနှင့် ဖြေးဖြေးချင်းပြုပြင်စိုက်ပျိုးပြီး လှလာတော့ မတရား လိုချင်တဲ့ စိုးမြင့်ကြီး တို့က အုပ်စု့ဖွဲ့ ၀င်လုတာပါ။ ကိုယ်တိုင်မြေရှင်းလမ်း ဖေါက် အ၀ီစီတွင်းတွေတူး ကော်ဖီဥပဒေနှင့်အညီ ခါတော်မှီနှင့် ကော်ဖီတွေ အလုပ် သမား (၂၀) ကျော်နှင့် စိုက်နေခဲ့ပါတယ်။
    သူတို့ပိုင်တယ်ဆိုပြီး စ၀င်လာတဲ့နေရာဆိုရင် ခြံနောက်ပိုင်းက မြေဆိုရင် လယ် မပြောနဲ့ ခါတော်မှီပင် တောင် မနည်းရှင်အောင်စိုက်ရပါတယ် ။ ကျောက်သားဆန် တဲ့မြေပါ။
    ပြီးခဲ့တဲ့(၁၀) နှစ်ကျော်အတွင်း သူတို့မြေလို့ တစ်ခါမှ မပြောခဲ့ မလာခဲ့ပါ။ လွန်ခဲ့ တဲ့ ၂ လကမှစပြီး ငါတို့သိမ်းချင်လို့သိမ်းတယ် ။ ဘာပိုင်ဆိုင်တဲ့ အထောက်အ ထားမှ မလိုဘူးဆိုပြီး လက်နက်ကိုင်လူအုပ်စုနဲ့ဝင်လာ သစ်ပင်တွေခုတ်၊ မီးရှို့၊ အလုပ်သမားနေတဲ့အိမ်ကိုဖျက်ဆီး၊ သူတို့အိမ်တွေ အကွက်ရိုက် ခွဲယူပြီး ဆောက်ကြ ပါတယ်။အကွက်ရိုက်တာ၊ ရောင်းဖို့လုပ်တာသူ တို့ပါ ။ ဒေါ်စုစုနွေး တင်တဲ့ Internet သတင်းကပြောင်းပြန်ပါ။
    တရားဥပဒေ ကြောင်းအရ စဖြစ်တဲ့အချိန်က စ ရဲတိုင်ပြီး 20-4-2014 မှ အမှုဖွင့်ပြီး ဥပဒေအရ ဖြေရှင်းပါတယ်။ အမှုစွဲနေတုန်း ဆက်တိုက်ဝင်ရောက် ဖျက်ဆီး အလုပ်သမားတွေကိုခြိမ်းခြောက် ဓါးနှင့်ခုတ်မယ် တစ်ချိန်လုံးကြိမ်းနေလို့ အလုပ်သမားတွေ အလုပ်မလုပ်နိုင်ပါဘူး။ နောက်ဆုံးအလုပ်သမားတွေက ဘယ်လိုမှ ချော့မရတော့တာနဲ့ စိုက်ရဲတဲ့လူကို ၁ နှစ်စာချုပ်နှင့်လွဲပြီး စိုက်ဖို့ အကူအညီ တောင်းပါတယ်။ နောက်လူ က ကိုယ့်လိုမခံဘဲ ခြံထဲဝင် အကွက်ရိုက်တာကို တားရာက စိုးမြင့်ကြီး တို့က ဓါးနဲ့ စခုတ်လို့ တုက်နဲ့ ပြန်ခုခံ တာပါ။ စိုးမြင့် ကြီး နှိပ်စက်နေတာ (၂)လ ကျော်ကြာပြီ။ ဘယ်သူမှ မတားနိုင်ပါဘူး။ ရဲ ကတောင်သူ့ကို အမှုစစ်ဖို့ ချော့ခေါ်ရတာပါ။
    ကိုယ့်ခြံထဲဝင် ဓါးနှင့် ခုတ်တာ ကို ပြန်ခုခံသူက အခု အချုပ်ထဲမှာပါ။ စိုးမြင့်ကြီး ကဘာမှ ဒဏ်ရာမကြီးကျယ် လို့ ပြည်သူ့ဆေး ရုံကပေးဆင်းတာကိုဆရာဝန် တွေကို ရိုင်းရိုင်းဆိုင်းဆိုင်း ပြောပြီး အမှု ကြီးအောင်ဆေးရုံဆက်တက်နေပါတယ်။ ဆေးရုံအုပ်ပါ အစည်းအဝေးခေါ်ပြီး ဆေးရုံဆင်းပေးဖို့ လုပ်နေရပါတယ်။ ဒါကိုဘာ မှမသိတဲ့လူတွေ က Internet ကနေ မြွေပူရာ ကင်းမှောင့်လို့၊ သူခိုးကလူဟစ် တာကို ဓါးခုတ်ရာ လက်ဝင်ရှိုကြတာပါ။ ဘယ်သူမှား ဘယ်သူမှန် ပြင်ဦးလွင်တစ်မြို့လုံး သိပါတယ်။သူများမစော်ကားခင် အရင်စုံစမ်းပါအုံး၊ ရန်လုပ်ရ တာလွယ်ပါတယ်။ကိုယ့်ကိုလုပ်ရင်ခံနိုင်သလားစဉ်စားပါ။ ဥပဒေအတိုင်း အကုန်ဖြေ ရှင်း နေတာပါ။
    စိုးမြင့်ကြီး အခုလို လုပ်နေတာ နောက်ကဗိုလ်မှူးဟောင်း ဦးရည်မွန် က ငွေအားနှင့် အကြံဥာဏ်ထောက်ပေးလို့ပါ။ စိုးမြင့်ကြီး က ဗိုလ်မှူး ရည်မွန် ကို မြေရောင်း ထားပြီး သားပါ။

  1. Unknown said... :

    ဒေါ်မိမိလေးဆိုသူမှာ
    လူမျိုးခြား
    မဟုတ်ပါ
    ဘာသာရေး
    အသွင်ဆောင်စေပြီး
    အေးချမ်းစွာလုပ်ကိုင်စားသောက်နေတဲ့
    ပြင်ဦးလွင်သားတွေ မြေဇာပင်အဖြစ်မခံနိုင်ဘူး

  1. Anonymous said... :

    these coffee plantation works are aranged by goverment plans and they must have official documents for land ownership exactly.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved