မြန်မာစပါးကြီးမြွေ က အီဂျစ်က သံမဏိလူသားကို အနိုင်ရ

Sunday, June 15, 2014

ဇွန်လ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က Mata Eland International Stadum ကြီးမှာ ကျင်းပတဲ့ One Fighting Championship ရဲ့ Middle Weight တန်း လက်ဝှေ့ ထိုးသတ်ပွဲမှာ မြန်မာနိုင်ငံ က ကချင် တိုင်းရင်းသား Aung La N Sang က အီဂျစ်နိုင်ငံက စစ်ပြန် သံမဏိလူသား Mahmoud Salama ကို ပထမ အချီမှာပဲ အဆက်မပြတ် လက်သီးထိုးချက်တွေနဲ့ အနိုင်ရလိုက်ပါတယ်။ 


အမေရိကန် ပြည်ထောင်စု ဘော်စတွန်မှာ အခြေစိုက်တဲ့ မြန်မာ လက်ဝှေ့ကျော် Aung La N Sang ကို မြန်မာ့စပါးကြီးမြွေရယ်လို့ လူသိများပါတယ်။ 

သူဟာ မြန်မာနိုင်ငံကနေ အမေရိကန်ကို ပညာ သွားရောက် သင်ယူဖို့ ထွက်ခွာသွားခဲ့သူဖြစ်ပေမယ့် အမေရိကန် ရောက်တဲ့ အခါ သူ့ဘဝဟာ လက်ဝှေ့သမားအဖြစ် ပြောင်းလဲသွားခဲ့ပြီး နာမည်ကြီးလာသူပါ။ 

သူ ဘယ်လို အနိုင်ယူထိုးသတ်လိုက်တာလဲ ဆိုတာ ဧရာဝတီ ပရိသတ်များ ကြည့်နိုင်ပါပြီ။

  


အိမ့်သံစဉ် ~ 

အမှား ပြင်ဆင်ချက်။  ပထမက အီဂျစ်က သံမဏီ လူသားဖြစ်ရမည်ကို အီတလီက ဟု မှားယွင်းကာ စာရိုက်ခဲ့ပါသည်။










3 comments :

  1. Anonymous said... :

    အီဂျစ် ကလို.လုပ်လိုက်ပါ ဧရာဝတီရယ်...

  1. Kyi said... :

    Great job, Aung. You turned Salama into Masala. I think no one was expecting you were going to win. You silenced them all.

  1. Unknown said... :

    he is not from boston but from maryland. Crazy 88 is his club.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved