အူရီဒူးဆက်သွယ်ရေးကုမ္ပဏီသပိတ်မှောက်ရေး လှုပ်ရှားမှုတခုကို ရန်ကုန်မှာ ပြင်ဆင်နေပါတယ်။
The logo of telecommunications firm Ooredoo is seen at the company’s head office in Doha, Qatar. (Photo: Reuters)
ဒီအကြောင်း သတင်းကို ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာမှာ
Burmese Nationalist Campaign to Call for Anti-Ooredoo Boycott ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားပါတယ်။
မူရင်းကို http://www.irrawaddy.org/burma/burmese-nationalist-campaign-call-anti-ooredoo-boycott.html မှာ ဖတ်နိုင်ပါတယ်။ ရေးထားတာကတော့ .. ဒီလှုပ်ရှားမှုကိုထောက်ခံတဲ့သံဃာတပါးဖြစ်တဲ့ မကွေးပရိယတ္တိစာသင်တိုက်က ဦးပါမောက္ခက ဒီလှုပ်ရှားမှု လာမယ့် စနေနေ့မှာ ပြုလုပ်မယ်လို့ ဧရာဝတီကို မိန့်ပါတယ်။
ဒီကုမ္ပဏီဟာ အစ္စလမ်နိုင်ငံအခြေစိုက်တဲ့အတွက် အူရီဒူး ဆင်ကတ်ကို ၀ယ်မသုံးကြဖို့၊ အူရီဒူး ဆင်ကတ်သုံးပြီးဖုန်းခေါ်လာရင် လက်ခံဖြေကြားခြင်း မပြုဖို့ အများပြည်သူကို တိုက်တွန်းမယ်လို့ မိန့်ကြားပါတယ်။
အမျိုး ဘာသာ သာသနာကို ကာကွယ်ဖို့ ဒီလှုပ်ရှားမှုကို ဖော်ဆောင်ရမယ်၊ အစ္စလမ်နိုင်ငံအခြေစိုက် ကုမ္ပဏီရဲ့ ဖုန်းလိုင်းကိုသုံးရင် ဆက်သွယ်ပြောဆိုတဲ့အခါ လုံခြုံစိတ်ချရမှုရှိမယ်မဟုတ်ဘူးလို့ ဦးပါမောက္ခက မိန့်ပါတယ်။
ဦးပါမောက္ခက ဒီ လှုပ်ရှားမှုကို ထောက်ခံတဲ့အပြင် စနေနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်နိုင်ဖို့ မကွေးပရိယတ္တိစာသင်တိုက်မှာ နေရာပေးမယ်၊ အူရီဒူးဆန့်ကျင်ရေး လှုပ်ရှားမှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်လာမယ်လို့ ဦးပါမောက္ခက ဆက်လက် မိန့်ကြားပါတယ်။
ဒီလှုပ်ရှားမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ နောက်တွန့်သွားမှာကို စိုးရိမ်တယ်၊ တဘက်မှာလည်း အစ္စလမ်နိုင်ငံတခုဖြစ်တဲ့ ကာတာ အခြေစိုက် ဒီကုမ္ပဏီကြောင့် အမျိုးဘာသာ သာသနာ ထိခိုက်လာမှာ စိုးရိမ်မိတယ်လို့ ဆရာတော်က မိန့်ပါတယ်။
အစ္စလမ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ဒီနိုင်ငံမှာ ဆောင်ရွက်ခွင့် မပေးခင်မှာ အစိုးရက စဉ်းစားဖို့ လိုတယ်၊ ဆရာတော်တို့ကတော့ အစ္စလမ်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ကုမ္ပဏီကိုပဲ လိုင်စင် ချပေးစေလိုတယ်လို့ ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။
.
လိုင်းရှင်းတယ် ပြောခသက်သာတယ်ဆိုရင်တော့ ကုလား ထုတ်တဲ့ဖုန်းဖြစ်ဖြစ် အမေရိကန်ထုတ်တဲ့ဖုန်းဖြစ်ဖြစ် အဂ်လန်ထုတ်တဲ့ဖုန်းဖြစ်ဖြစ် တရုတ်ထုတ်တဲ့ဖုန်းဖြစ်ဖြစ် သုံးမှာပဲဗျာ ဘာဆန္ဒမှလည်းပြဖူး ပြချင်တဲ့သူပြ
အရေးမပါတာကို ရေးကြီးခွင်ကျယ်လုပ်နေတာ