အွန်လိုင်း လောကမှာ ပွဲဆူနေတဲ့ ဓာတ်ပုံ

Monday, June 30, 2014

အခု ရက်ပိုင်း အွန်လိုင်းလောကသားတွေကြားမှာ ပွဲဆူနေတာကတော့ လွှတ်တော်အမတ်မင်း 
ဇေကမ္ဘာ သူဋ္ဌေးကြီး ဦးခင်ရွှေ ဟာ ဒေါက်တာ ဘွဲ့ အဆောင်အယောင် ဝတ်ရုံဝတ်ဆင်ကာ ဆင်စီး၊ ထီးဖြူဆောင်း၊ ပိဋကတ် ၃ ပုံ ပင့်ဆောင်လာတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာတဲ့ကိစ္စပါဘဲ။ 

 အွန်လိုင်းမှာ ပျံ့နေတဲ့ ဆင်စီးပြီး ထီးဖြူဆောင်း ပိဋကတ် ၃ ပုံ ပင့်ဆောင်သူ ဇေကမ္ဘာ ဦးခင်ရွှေ၏ ဓာတ်ပုံ

ဒီ ဓာတ်ပုံတွေက တကယ်တော့ ဂုဏ်ထူးဆောင် ဓမ္မပါရဂူဒေါက်တာဘွဲ့ကို ရရှိခဲ့တဲ့ ကျိုက်ထီးဆောင်း ဆရာတော်ကို မွန်ပြည်နယ် အစိုးရ အဖွဲ့က ဇွန်လ ၂၇ ရက်နေ့က ထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲ လုပ်တဲ့ အခမ်းအနားဖြစ်ပါတယ်။ 

အခမ်းအနားအစီအစဉ်အရ ဆရာတော်ကို ဆင်ရတနာနဲ့ ပင့်ဆောင်ပူဇော်ခဲ့စဉ်မှာ သာသနာ့နုဂ္ဂဟ အသင်း ဥက္ကဋ္ဌ ဦးခင်ရွှေကလည်း ပိဋကတ် ၃ ပုံကို ဆင်စီးပြီး ပူဇော်ပင့်ဆောင်လာခဲ့တာပါ။ 

ဒီ ဓာတ်ပုံတွေအပေါ် ဝေဖန်သူတွေ အတော်များများ ရှိသလို ထောက်ခံ အားပေးသူတချို့ကိုလည်း တွေ့ ရပါတယ်။ 

 ဇေကမ္ဘာ ဦးခင်ရွှေရဲ့ သားတဦးဖြစ်သူ ဇေသီဟ က သူ့ဖေ့စ်ဘုတ်မှာတော့ ဖခင်ဖြစ်သူကို ဝေဖန်နေကြတဲ့ ကိစ္စအပေါ် အခုလို တုံ့ပြန်ထားပါတယ်။ 

"facebook တစ်ခုလုံးလဲ အဖေ့ကိုဆော်လိုက် ညီညီကို ဆော်လိုက် ဦးရွှေမန်းကိုဆော်လိုက်နဲ့ ပွဲတော်
တွေ့နေကြတာပဲ။ စိတ်ဓာတ်နဲ့ အဆင့်အတန်းကို ဘယ်သူမှတန်ဖိုးဖြတ်လို့မရပါဘူး။ ကိုယ်ယုံကြည်ရာ ကိုယ်လျှောက် ပြီး ကိုယ့်ထမင်းကိုယ်စားရတဲ့ခေတ်မှာ အကျိုးမရှိတဲ့ စကားတွေနဲ့ နိုင်ငံကို တန်ဖိုး မလျော့စေချင်ဘူး။ လူမျိုးကို အောက်မကျစေချင်ဘူး။ ဘာသာကို စော်ကားမခံစေချင်ဘူး။ 
ဒေါ်အောင်ဆန်းစုကြည် ၊ ဦးရွှေမန်း၊ တိုးနိုင်မန်း ၊ အဖေ တို့ကို ဆော်ချင်ရင် လုပ်ရပ်တွေကို အားမရရင် သူတို့လိုနေရာကို အစားထိုးဝင်နိုင်အောင်ကြိုးစားပါ။ အခုထဲက လေ့လာပါ။ သင်ယူပါ။ "



အိမ့်သံစဉ် ~









7 comments :

  1. Unknown said... :

    ဇေကမ္ဘာ ဦးခင်ရွှေရဲ့ သားတဦးဖြစ်သူ ဇေသီဟ က သူ့ဖေ့စ်ဘုတ်မှာတော့ ဖခင်ဖြစ်သူကို ဝေဖန်နေကြတဲ့ ကိစ္စအပေါ် အခုလို တုံ့ပြန်ထားပါတယ်။

    "facebook တစ်ခုလုံးလဲ အဖေ့ကိုဆော်လိုက် ညီညီကို ဆော်လိုက် ဦးရွှေမန်းကိုဆော်လိုက်နဲ့ ပွဲတော်
    တွေ့နေကြတာပဲ။ စိတ်ဓာတ်နဲ့ အဆင့်အတန်းကို ဘယ်သူမှတန်ဖိုးဖြတ်လို့မရပါဘူး။ ကိုယ်ယုံကြည်ရာ ကိုယ်လျှောက် ပြီး ကိုယ့်ထမင်းကိုယ်စားရတဲ့ခေတ်မှာ အကျိုးမရှိတဲ့ စကားတွေနဲ့ နိုင်ငံကို တန်ဖိုး မလျော့စေချင်ဘူး။ လူမျိုးကို အောက်မကျစေချင်ဘူး။ ဘာသာကို စော်ကားမခံစေချင်ဘူး။
    ဒေါ်အောင်ဆန်းစုကြည် ၊ ဦးရွှေမန်း၊ တိုးနိုင်မန်း ၊ အဖေ တို့ကို ဆော်ချင်ရင် လုပ်ရပ်တွေကို အားမရရင် သူတို့လိုနေရာကို အစားထိုးဝင်နိုင်အောင်ကြိုးစားပါ။ အခုထဲက လေ့လာပါ။ သင်ယူပါ။ "

    ဒေါ်အောင်ဆန်းစုကြည့်ကို ဖယ်ထားလိုက်၊ ကျန်တဲ့လူတွေအတွက် ပြောမယ် ဇေသီဟရေ မင်းပြောသလို အစားထိုးဝင်နိုင်အောင်ကြိုးစားပါ ဆိုတော့ အစားထိုးမ၀င်နိုင်အောင် လုပ်ထားတာကို ဘယ်လိုအစားဝင်ရမလဲ နဲနဲ အကြံလေး ပေးပါလားကွယ်။
    မင်းပြောသလို ကိုယ်ယုံကြည်ရာ ကိုယ်လျှောက်တာဆိုတာ ယုံပါတယ်၊ လက်တွေ့ပဲလေ မဟုတ်ဘူးလား၊ ကိုယ့်ထမင်းကိုယ်စားရတဲ့ခေတ် ဆိုတာကတော့ လွဲနေတယ်၊ မင်းတို့ စားနေတဲ့ ထမင်းက မင်းတို့ ထမင်းမဟုတ်ဘူး၊ အခြားသူတွေရဲ့ ထမင်းကို မင်းတို့က လုစား၊ ဒမြတိုက်စားကြတာ၊
    ထပ်ပြောရင်လဲ အလကားပဲ၊ အဲဒီတော့ ဘုရားမှာ ဆုတောင်းမယ်၊ ဒေါ်အောင်ဆန်းစုကြည့်ကလွဲလို့ မင်းပြောတဲ့ လူတွေ အကုန်မြန်မြန်သေပါစေလို့။ အဲဒါမှ တိုင်းပြည် နဲ့ လူမျိုး ချမ်းသာမှာ။

  1. Anonymous said... :

    အမေစုကိုတော့ စွဲမထည့်ပါနဲ့။ ကျန်တဲ့ မင်းတို့ နေရာတွေတော့ အစားမ၀င်နိုင်တာ အမှန်ပါပဲ။
    မင်းတို့လောက် ခိုးမှ မခိုးတတ်၊ ယုတ်မှ မမာတတ်တာကို။
    ဘယ်လိုလုပ် ဒီလောက် အဖိုးတန်တဲ့ လူ့အဖိုးတန် နေရာတွေမှာ အစားထိုးနိုင်မလဲ။

  1. နိုင်ငံကို တန်ဖိုးလျော့အောင်သူတို့ပဲ လုပ်နေပြီးတော့
    FACEBOOK သုံးသူတွေကိုလျည့်ချနေတယ်

  1. Anonymous said... :


    ဗျာ--ဗျာ--၊ကိုယ်ယုံကြည်ရာ ကိုလျောက် ကိုယ့်ထမင်း ကိုယ်စားရတဲ့ ခေတ် ဟုတ်လား ၊ ပြန်စဉ်းစားပါအုန်းဗျာ နိုင်ငံပိုင်မြေနဲ့  အဆောက်ဦးတွေ မတန်တဆ အောက်ဈေးနဲ့  ယူ ၊လယ်ယာတွေ မတရားသိမ်း ၊ အစိုးရငွေတွေ အလကားလောက်နီးနီး အတိုးနဲ့  ချေး--အဲဒါ ကိုယ့် ထမင်းကိုယ်စားတာလား ပြည်သူတွေ စား၇မည့် ထမင်းလုပ်ကို ပုတ်ချပီး လုစားတာလားဆိုတာ စဉ်းစားပြောပါဗျ။ ပီးတော့  သူ့ အဖေ ကိုများ ဒေါ်အောင်ဆန်းစုကြည်တို့  သမတကြီး တို့ နဲ့  မတန်မရာ တတန်းထည်းထားထားသေးတယ်။

  1. Anonymous said... :

    သူပြောတာလည်း မှန်တာပဲ... အခုကတည်းကလေ့လာပါ..သင်ယူပါ... တစ်ချို့က ပိတ်ထားလို့ဆိုပြီး... အများနည်းတူမသွားတော့ အများတိုင်းပဲနေတာပေါ့... တစ်ချို့ကတော့ ပိတ်ထားရင်ဘယ်လိုဖွင့်မလဲ... ဖွင့်လို့မရရင် ဘယ်လိုကျော်သွားမလဲ အမြဲစဉ်းစားနေကြတာ... စီးပွားရေးလောက မှာစကားတစ်ခုရှိတယ်... ၁၀ တန်းအောင်ဖို့မလိုဘူး... အထူအပါးနည်းလည်ဖို့ပဲလိုတယ်... အထူအပါးနည်းလည်တယ်ဆိုတဲ့အထဲမှာ အားလုံးပါတယ်... အချိန်အခါကြည့်ပြီးပေါင်းတတ်သင်းတတ်တာရော... မည်သူ့ကိုပေါင်းရမယ်ဆိုတာကော... သဘောပေါက်တယ်ဟုတ်...

  1. Unknown said... :

    ငါ့လိုလုပ်ချင်ရင် ငါ့လို ဖြစ်အောင်ကျိုးစားလို့ပြောလိုက်သလိုဘဲ အပေါ်ကသူတွေ Comment သလို ပါဘဲ ရှိတဲ့ငွေနဲ့ အာဏာ ကိုယ်ချင်းစာတရားမရှိတဲ့ အုပ်စုအဖွဲ့ပေါင်းပြီး တနိုင်ငံလုံး ရက်ရက်စက်စက်စီးပွာရှာသွာတာ ပြည်သူတွေ ခံစားနေရတာ မြန်မာ့သမိုင်းအစစ်အမှန်ပါဘဲ ခုအချိန်မှာမြန်မာ့သမိုင်း ကျောင်းသုံးစာအုပ်ထဲ မပြဌာန်းနိုင်သေးပေမဲ့ နောင်တချိန်ပြဌာန်းနိုင်လောက်ပါတယ် ဒီမြန်မာ့သမိုင်းအမှန်တရားကို ဒီစနစ် ဒီခေတ်တွေမှီတဲ့ ပြည်သူပြည်သားများ မှန်ကန်ကြောင်းသက်သေပြနေမှာပါ လက်ရှိအစိုးရကိုယ်တိုင်က ယခင်အစိုးရ မတရားသိမ်းဆည်းမြေယာတွေ ပြည်သူတွေဒုက္ခရောက်တာတွေ မြန်မာ့အသံ သတင်းမီဒီယာတွေမှာ အသိအမှတ်ပြုထားတယ်လေ...ဒါမြန်မာ့သမိုင်းပါ ......

  1. Anonymous said... :

    အင်း ပေါ့ ၁၀ တန်းလို အခြေခံ ပညာရေးပြီးအောင်အောင် မသင်ချင်ဘဲ အထူအပါး နားလည်ရင်ရတယ်ဆိုတဲ့ ဦးနှောက်ခပ်နိပ့်နိပ့် အတွေးအခေါ် ခပ်တုံးတုံး ကျွန်စိတ်သာသာ ဖော်လံဖား စိတ်ကူးလောက်ပဲ ရှိတဲ့ လူတွေ ချမ်းသာနေတယ် အတုယူရမယ် ဆိုကထဲက မြန်မာပြည်ကြီး အဆင်းရဲဆုံးတိုင်းပြည်ဖြစ်နီးစပ်နေတာ မဆန်းပါဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved