အလှမယ်မေမြတ်နိုးနဲ့ဆိုင်တဲ့အင်တာဗျူး

Monday, June 30, 2014

 ~




သရဖူအသိမ်းမခံရအောင် မေမြတ်နိုးကို လိမ္မာစေချင်တယ် ဆိုတဲ့ ခေါင်းစဉ်တပ် အင်တာဗျူးတခုကို ဒီတပတ်ထုတ် ရန်ကုန်အခြေစိုက် Oasis  ဂျာနယ်မှာ စိတ်ဝင်စားဖွယ် တွေ့ရပါတယ်။

မေမြတ်နိုး ကိုရီးယားသွားပြိုင်ဖို့ ရွေးချယ်စေလွှတ်ခဲ့သူ မလှနုထွန်းနဲ့ ဗျူးထားတာပါ။

အင်တာဗျူးမှာ ပြောထားချက်အရ ဆိုရင် ... အလှမယ် မေမြတ်နိုး မလိမ္မာဘူး ဆိုတဲ့ သဘော သက်ရောက်နေပါတယ်။

သူ တကယ် မလိမ္မာဘူးလား၊ ဒီအင်တာဗျူးနဲ့ ပတ်သက်ပြီး ဘယ်လို တုန့်ပြန်ချင်သလဲ ဆိုပြီး မေမြတ်နိုးကို အခုလောက်ဆို ဖုန်းတဂွမ်ဂွမ် ဆက်နေကြပြီလို့ ယူဆရပါတယ်။

အင်တာဗျူးမှာ အချက်အလက် အများအပြား တွေ့ရပါမယ်။
“စာချုပ် ချုပ်ရင် သုံးနှစ်စာချုပ် ချုပ်ရမယ်။
၄၀ % က မြတ်နိုး ရမယ်။
၅ဝ % က Asia Pacific က ရမယ်။
၁ဝ % က လှနုရမယ်”
ဆိုတဲ့အချက် အပါအ၀င်ပေါ့။

 အောင်မြင်တဲ့ အလှမယ်တယောက်အကြောင်း အင်တာဗျူးထဲမှာ အများ မသိတဲ့ စာချုပ်စာတမ်းကိစ္စလည်း ပါဝင်နေပါတယ်။

အလှမယ်တွေ အများအပြားရှိတဲ့ထဲကမှာ Miss Asia Pacific ဆုရှင် မေမြတ်နိုးတယောက် သရဖူ ပူပူနွေးနွေး ရရှိထားတဲ့ ကာလမှာ အသံထွက်လာခြင်းပါ။

မကြာခင် မီဒီယာမှာ သူ့ရဲ့ နောက်ဆက်တွဲ သတင်းတွေ အင်တာဗျူးတွေ ပါလာတဲ့အခါ အခုထက် ပိုပြီး ရှင်းလင်းသွားမယ်လို့ ယူဆရပါတယ်။

မလှနုထွန်းနဲ့အင်တာဗျူး စာမျက်နှာ -


မလှနုထွန်းနဲ့အင်တာဗျူး စာမျက်နှာ -


(မေမြတ်နိုး ကိုရီးယားသွားပြိုင်ဖို့ ရွေးချယ်စေလွှတ်ခဲ့သူ မလှနုထွန်းကို ဒီပုံထဲမှာ အင်္ကျီပန်းရောင်နဲ့ တွေ့ရပါမယ်)
 http://blog.irrawaddy.org/2014/05/miss-asia-pacific-world-2014.html

 http://blog.irrawaddy.org/2014/06/blog-post_1380.html
 

http://burma.irrawaddy.org/entertainment/2014/06/11/60241.html
 



.

3 comments :

  1. Unknown said... :

    နာမည်​​လေးရမယ်​ဆိုလုပ်​ပြီ

  1. Unknown said... :


    ပြည်တွင်း က မီဒီယာတွေရဲ့ အရေးအသားတွေတဲ့ ပတ်သက်ပြီး ကျွန်တော်တော်တော်လေး စိတ်ပျက်မိပါတယ်.. တစ်ချို့လည်း ကောင်းပါတယ်…သတင်းအချက်အလက်ပေးတယ်. အမြင်အသစ်တွေကို တင်ဆက်ပေးနိုင်တယ် ။ ဒါပေမယ့် တော်တော်များများ အရေးအသား တွေ စာမျက်နှာ တစ်ဖက်တည်းကို အသားပေးဖော်ပြထားတာတွေ့ရတယ် ။ သတင်းတစ်ပုဒ် ပါနိုင်ဖို့ အရေးကြီးတယ် ဆိုတာမျိုး ဖြစ်နေတယ်. . .
    စာရွက်တစ်ရွက်မှာ စာမျက်နှာ ၂ ဘက်ရှိပါတယ်.. မီဒီယာ က စာမျက်နှာ ၂ဘက်စလုံးက အကြောင်းအရာ ကို ဃဃနန သိပြီး တော့ ၂ဘက်စလုံးက အကြောင်းအရာကို မျှမျှတတ သုံးသပ် ဖော်ပြရမှာဖြစ်ပါတယ်..ဆိုလိုတာက ( ဘာဖြစ်ပါတယ် ) ဆိုတာကို မီဒီယာက အသားပေးဖော်ပြပေးစရာမလိုဘူး… အခြေအနေကို ခြုံငုံပြီး သုံးသပ်တင်ပြရမယ်၊ အတိုက်အခံ ဆိုရာ ၂ ဘက်စလုံးရဲ့ စာမျက်နှာကို ဖော်ပြရမယ် ….
    ဘယ်လိုဖြစ်တယ်၊ ဘယ်သူမှန်တယ်ဆိုတာ.. စာဖတ်သူ ပြည်သူက ကိုယ့်ခံယူချက်နဲ့ ကိုယ် ဝေဖန်သုံးသပ်သွားမှာပဲ ..အဲဒါက မီဒီယာရဲ့ တာဝန်ပဲလို့ ကျွန်တော်ထင်တယ်.. အခု အရေးအသားကို ကြည့်ရင် မေးမြတ်နိုးက လုံးဝ မှားပါတယ်ဆိုတာ ကို မီဒီယာက ဆုံးဖြတ်ပေးလိုက်တာပဲ ....
    သေချာသုံးသပ်ကြည့်ပါ။ ကျွန်တော် မေမြတ်နိုးရဲ့ ရှေနေမဟုတ်ပါ.. ဖြစ်ရပ်တော်တော်များများမှာ တွေ့နေရလို့ ရေးတာပါ ။ ဒီမှာဆိုရင် မေးမြတ်နိုးဘက် ကို ခံယူချက် တစ်စုံတစ်ရာ မဖော်ပြထားဘူး.. ပြီးတော့ မေးမြတ်နိုးရဲ့ လိုအပ်ချက်တွေ ချဉ်းသက်သက်ကို အသားပေး ပြီး တော့ ဖော်ပြလိုက်တယ်…. အဲဒီလို
    ဖော်ပြလိုက်တယ်ဆိုတာ… မေးမြတ်နိုးရဲ့ အောင်မြင်နေမှု ကို နှောင့်နှေးစေတယ်…အတားအဆီးဖြစ်စေတယ်..
    မေးမြတ်နိုးက ဒီအင်တာဗျူးမှာ ပြောထားသမျှ တကယ်ဟုတ်လို့လား ဆိုတဲ့ မေးခွန်းတွေအများကြီးရှိ နေနိုင်တယ်.. ဒါကို သုံးသပ်ဖော်ပြရမှာဖြစ်ပါတယ် ။ မေမြတ်နိုး ရဲ့ မကောင်းကြောင်းကို သီးသန့် ဖော်ပြပေးထားတယ်. . အဲဒါ ကျင့်ဝတ်နဲ့ လည်း တစ်စိတ်တစ်ဒေသ သက်ဆိုင်တယ် (Media Ethics ) လူတိုင်း၊ အဖွဲ့အစည်း၊ ရုံး တိုင်းမှာ Ethics ဆိုတာ ရှိပါတယ်..အထူးသဖြင့် Media Ethics က အရေးအကြီးဆုံးပါ.. ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ရေးတဲ့ သတင်းကို မြန်မာပြည်မှာ ရှိတဲ့ သန်း(၆၀) ထဲက ၉၀ ရာခိုင်နှုန်း လူတွေက အမှန်ထင်ကြတော့ အဲဒီအပေါ်မှာ ဆုံးဖြတ်ချက်တွေချက်ကြတော့မယ်၊ ကျွန်တော်တို့ မြန်မာပြည်ရဲ့ ပညာရေး စနစ် က စာတွေ အလွတ်ကျက်၊ မရရင် အရိုက်ခံ နဲ့ ကြီးပြင်းလာတော့ ရေးသမျှ /ဖတ်မိသမျှ လွယ်လွယ် ယုံတတ်တဲ့ အကျင့်ရှိကြတယ် . .

    မေမြတ်နိုး စကားပြော မချေငံတာဖြစ်နိုင်ပါတယ်.. မလိမ်မာတာလည်းဖြစ်နိုင်တယ်.. ဟုတ်တယ်/မဟုတ်ဘူး မပြောလိုဘူး.. နောက်ထပ်ဖြစ်နိုင်တာတွေရှိနေသေးတယ်.. အောင်မြင်လာတာ့ အနုပညာရှင် တစ်ယောက် ကို သြဇာလွှမ်းမိုး ချင်တဲ့ နောက်က ကြိုးကိုင်သူတွေရှိနေနိုင်တယ်…. သူက အထိုက်အလျောက် ခေတ်ပညာတတ် တစ်ယောက်ပဲလေ၊ သူကအဆင့်တိုင်းမှာ ဘာလုပ်သင့်သလဲ ဆိုတာကို အကုန်လုံးကို နောက်ကနေ လမ်းညွှန်ပေးနေစရာမလိုဘူးလို့ထင်တယ်။ တစ်ချို့ကိစ္စတွေမှာ က ကယာကံရှင်ရဲ့ ဆုံးဖြတ်ချက်တွေလည်း လေးစားပေးရမယ်လို့ ထင်တယ်။
    ရှင်းနေတာပဲ ။ ဒီသတင်းကိုဖတ်ပြီး ဘာလိုမြင်လဲ မေးရင် အလည်က နေရပ်ပြီး ဖြေမှာပဲ ၊ မေးမြတ်နိုး ဘာပြောထားလဲ မသိသေးဘူး၊ ပြီးတော့ မေမြတ်နိုးက သူ့ရဲ့ စကားကို နားထောင်ဖို့ ဆန့်ကျင်လာလို့ ဒီလို အင်တာဗျူးမျိုးကို ဖော်ပြပေးလိုက်တာပဲလို့ မြင်တယ်…. တကယ်သာ သဘောထားကြီး တဲ့သူတွေ ဖြစ်ကြရင် ..သူလဲ သူ့အောင်မြင်မှု အတွက် သူဆုံးဖြတ်နိုင်တာပဲလေဆိုတဲ့ စိတ်နဲ့ နောက်ကနေ ပံ့ပိုးပေးသင့်တယ်လို့ ပဲ ထင်မြင်မိပါတယ်. . . . . ဘယ်လို လွဲနေပါစေ ..
    ဒီလောက်ထိ အောင်မြင်လာတဲ့ မေမြတ်နိုး ကို အာပေးနေတဲ့ ပရိတ်လည်း ရှိနေသေးတာပဲ .. .
    မှတ်ချက် ( မည်သူ တစ်ဦးတစ်ယောက်မျှ ထိခိုက်ရေးသားခြင်းမဟုတ်ပါ၊ သုံးသပ်မိသလောရေးသားခြင်းဖြစ်ပါသည် )



  1. မိုက်​ရိုင်းလိုက်​တာ ငါက​တော့ မြန်​မာနိုင်​ပ်ာ​စေ နိုင်​ရမယ်​ဆိုပြီး​နေ့တိုင်း ငါ့အ​ကောင်​ငါးမျိုးနဲ့ အလုပ်​ပြန်​လာတိုင်း vote ​ပေး ဖစ်​လပင်းနဲ့ ကိုရီးယား​တွေကိုမုန်းလို့​ရော အသဲအသန်​​ပေးခဲ့ရတာ ငါ့အမှားပါ

    ဒီလိုသာသိခဲ့ရင်​ ငါမ​ပေးခဲ့ဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved