ပြည်နှင်ဒဏ်ခံရသူ ဦးမောင်မောင်ဝမ်း ဘာပြောထားလဲ

Thursday, August 7, 2014

မြန်မာနိုင်ငံ မကွေးတိုင်း ရေနံချောင်းမြို့မှာ အင်္ဂလိပ်စာသင်ကြားနေစဉ် လ၀က နဲ့ ရဲတို့က ခေါ်လာပြီး မနေ့တုန်းက ပြည်နှင်ဒဏ်ပေးခံလိုက်တဲ့ အွန်လိုင်းက အင်္ဂလိပ်စာသင်ကြားသူ ဦးမောင်မောင်ဝမ်းက သူ ဘာကြောင့် ပြည်နှင်ဒဏ်ပေးခံရတယ်ဆိုတာနဲ့ပတ်သက်ပြီး အခုလို ရေးသား ဖော်ပြထားပါတယ်။ 



မြန်မာပြည်မှ နှင်ထုတ်ခံခဲ့ရတဲ့ အကြောင်း က ရေနံချောင်းမှာ စာစသင်မယ်လုပ် တော့ လ၀က က Social Visa နဲ့ အခမဲ့ ပဲဖြစ်ဖြစ်...အခကြေးငွေနဲ့ပဲဖြစ်ဖြစ်..စာ သင်ကြားခွင့်မရှိကြောင်း လာပြောပါတယ်။ 

မိမိအနေနဲ့က ရန်ကုန်မှာ ထောင်နဲ့ချီ တဲ့ ကျောင်းသားများကို ပို့ချလာတာဘာမှမဖြစ်တဲ့ အတွက်...
ရေနံချောင်း မှာ လည်း ကြေငြာထားသည့်အတိုင်း ဆက်လက်သင်ကြားမှာဖြစ်တဲ့ အကြောင်း တုန့်ပြန်ပြော ကြားခဲ့ပြီး ဆက်လက်သင်ကြားခဲ့ပါတယ်။ 

ဒါ့အတွက် ဒုတိယနေ့ စာသင်ကြားအပြီး ညမှာ လ၀က နဲ့ ရဲများက ( အထက် ဖိအားအရ ) မော်တော်ကားနဲ့ ကျနော့်အား တောက်လျှောက်ခေါ်ဆောင်ပြီး လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသည်အထိတာဝန် ယူ လုပ်ဆောင်ခဲ့ပါတယ်။ 

ဝန်ထမ်းများအနေနဲ့ ဖိအားအရ တာဝန်နဲ့အညီလုပ်ဆောင် ခြင်းကို ကျနော့်အနေနဲ့ အပြည့်အ၀နားလည်
ပေးနိုင်ပါတယ်...

သို့သော် မရှင်းတဲ့အချက် က မြို့နယ် လ၀ကမူးမှ ကျနော့်အား ဥပဒေ အကြောင်းအချဉ်းအရာ စာအုပ်ကို ဖတ်ပြ ရှင်းလင်းရာမှာ ( ၄-၂ အဆိုပါစည်းကမ်းချက်အားလုံးသည် ထိုအခွင့်လက်မှတ် ဗီဇာ ရသူအား 
ပြည်ထောင်စုမြန်မာနိုင်ငံတွင်းသို့ဝင်ခွင့်ပြုထားသော သို့တည်းမဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံ တွင် နေထိုင်ခွင့်ပြုထားသော စည်းကမ်းချက်များဟု မှတ်ယူရမည်။ 

ထိုစည်းကမ်းချက် တစ်ခုခုကို ချိုးဖောက်လျှင် ထိုလက်မှတ်ရသူသည်…ပြည်ထောင်စုမြန်မာနိုင်ငံမှ နှင် ထုတ်စေရန်…နိုင်ငံတော်သမ္မတက ညွှန်ကြားပါက နှင်ထုတ်ခြင်းခံရမည်။ ) 

အခု ကျနော့်ကို နှင်ထုတ်ဖို့ ညွှန်ကြားသူမှာ မကွေးတိုင်း အစိုးရမှ ၀န်ကြီး ချုပ် ( ဦးဖုန်းမော်ရွှေ ) ဖြစ်သည်ဆိုလျှင်...ယင်း ၀န်ကြီးချုပ်သည်...သမ္မတ အခွင့်အာဏာကို လုပ်ပိုင်ခွင့်ရှိမရှိ သိချင်ပါတယ်။ ဥပဒေ စကားကိုတွင်တွင်ကျယ်ကျယ်ပြောဆိုနေသူကိုယ် တိုင်က...ဥပဒေကို သဲသဲကွဲကွဲမသိ...လုပ်ချင်ရာ လုပ်တယ်လို့ပဲမှတ်ယူမိပါတယ်။ 

ဆိုရိုးတစ် ခုရှိပါတယ်.....( လူတစ်ယောက် စကားသုံးခွန်းပြောလိုက်ပါ..စာသုံးကြောင်းရေး လိုက်ပါ ခြေ လှမ်းသုံးလှမ်း..လှမ်းလိုက်ပါ...ဥပဒေနဲ့လွတ်ရင် ကြိုက်သလိုပြောတဲ့ )..

ကျနော် စာသင် ကြားခြင်းကို ဥပဒေနဲ့ မညီဆိုရင်....လူကြီးမင်းကိုယ်တိုင်ကရော....ဥပဒေနဲ့ ဘယ်လောက် ညီအောင်လုပ်ဆောင်နေပါသလဲ....မေးခွန်းထုတ်ချင်ပါတယ်။.....

ထိုင်းနိုင်ငံမှာ သာမာန် နိုင်ငံခြားသား ခရီးသွားလာခွင့် ဗီဇာနဲ့...Volunteer အလုပ်များကို လုပ်ဆောင်နေ သူ များ အား ထိုင်း အစိုးရမှ ပြန်မောင်းထုတ်တယ်လို့ မကြားဘူးပါ။ 

ယခု ကျနော် ကြုံတွေ့လိုက်ရသော အဖြစ်အပျက်က ကျနော်အပါဝင် နိုင်ငံ ခြားသားများ အနေဖြင့် မြန်မာ
နိုင်ငံ သို့ သွားရောက်ပြီး စေတနာဝန်ထမ်း အလုပ်လုပ်ပါမည် ဆိုသော်ငြားလည်း...အုပ်ချုပ်သူများ ၏ စိတ်ရူးပေါက်မူ့ အပေါ်တည်မှီပြီး သိက္ခာမဲ့သောအလုပ် များကို အလုပ်ခံရဖို့ အချိန်မရွေးဖြစ်နိုင်ပါတယ် ဆိုတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။

သွား ရောက်မဲ့သူများကိုလည်း....သတိပေးရပါလိမ့်မည်။ 

ပညာဆိုတာကို တန်ဖိုး ထားရကောင်းမှန်း မသိ.....အရာရာကို စစ်မြေပြင်လို့သဘောထားနေ မည်ဆိုပါ ရင်...နောက်ထပ် အနှစ် ငါးဆယ် ကြာတောင် တိုင်းပြည်မတိုးတက်နိုင်ပါ။ 

ပြည်ထောင်စု ၀န်ကြီးတစ်ဦးမှ ကျနော့်အား ထိုင်းနိုင်ငံတွင် ပြန်လည် ဗီဇာတင်ပါက ပြန်လာခွင့် ပြုမည်ဟု ဆိုငြားလည်း....ယုံကြည်ရန်.ခွန်အားမရှိတော့ပါ.......။ အမေရိကားသို့ပဲပြန်ပါတော့မည်...ယင်းဖြစ်ရပ်အား အမေရိကန်အစိုးရအပါဝင် နိုင်ငံတကာ သိအောင် ဆက်လက်ကြိုးပမ်းပါတော့မည်။



မောင်မောင်ဝမ်း ( ခေတ္တ ထိုင်းနိုင်ငံ ဘန်ကောက်မြို့) ~






 

1 comments :

  1. Anonymous said... :

    အရမ်းမှန်​ကန်​ပါတယ်​။ဥပ​ဒေကို လက်​တလုံးခြားလုပ်​ချင်​သလို လုပ်ေ​န​သည့်​ ကာလပတ်​ ​နောင်​နှစ်​ ၅၀ မ​ပြောနှင့်​ ​နောင်​ နှ​စ်​၁၀၀ ကြာသည့်​တိုင်​​အောင်​ မြန်​ မာ​ပြည်​ဟာ တိုးတက်​လာဦးမှာ မဟုတ်​ပါဘူး။အစိုးရအ​နေနှင့်​ပြည်​သူေ​တွ သနားသင့်​ပါပြီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved