ထိုင်းရောက် မြန်မာအလုပ်သမားရေး လှုပ်ရှားသူတဦး ဓာတ်ပုံဆုရရှိ

Monday, October 13, 2014

ထိုင်းနိုင်ငံ အခြေစိုက် Cross-ethnic Intergration in Andaman (CEIA)မှ ကြီးမှူးကျင်းပသည့်မြန်မာ 
ရွေ့ပြောင်းအလုပ်သမား၏ ဘ၀မြင်ကွင်းဆိုင်ရာ ဓါတ်ပုံပြိုင်ပွဲ တခုကို ထိုင်းနိုင်ငံ ဖူးခက်ရှိ ရာဂျဘတ် တက္ကသိုလ်တွင် ပြုလုပ်ရာ လူကြိုက်အများဆုံးဓာတ်ပုံ( Popular Photography) ဆုကို ဖန်င ဒေသ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း မှ ကိုမင်းဦးက ရရှိသွားသည်။ 



အဆိုပါ ဓာတ်ပုံပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဓာတ်ပုံဆရာ ၇ ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မြန်မာ 
ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်သူက အခုလို လူကြိုက်အများဆုံး ဓာတ်ပုံဆုရရှိ သွားခြင်းဖြစ်သည်။ 

ကိုမင်းဦးသည် ဖန်ငဒေသရှိ ရွေ့ပြောင်းအလုပ်သမားများအရေးနှင့် ငါးဖမ်းစက်လှေများတွင် ရောင်းစားခံရ ပြီးလူကုန်ကူးသူများ ကယ်တင်မှုများကို ဆောင်ရွက်သူဖြစ်သည့်အပြင်၊ မကြာသေးမီက ဖြစ်ပွားခဲ့သည့် လိပ်ကျွန်း လူသတ်မှု၌ ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား ၂ ဦး အရေးတွင်သွားရောက်
တွေ့ဆုံသည့် မြန်မာအဖွဲ့တွင် အဖွဲ့ဝင်တဦးအဖြစ် ပါဝင်သည်။


ထိုင်းနိုင်ငံ တောင်ပိုင်း ကူရပူရီအရပ်ရှိ မြန်မာအလုပ်သမားများအား သွားရောက်တွေ့ဆုံစဉ် ရိုက်ကူးထား သည့် ဓာတ်ပုံများဖြစ်ကြောင်း သိရသည်။









 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved