ဒီနေ့ အမျိုးသမီးများ ဘရာစီယာ မ၀တ်ရေး နေ့

Monday, October 13, 2014

ဒီကနေ့ဟာ ကမ္ဘာတလွှား အမျိုးသမီးတွေအတွက် ရင်သားကင်ဆာ ကြိုတင်ကာကွယ်ရေး နဲ့ လျှော့ချရေး လှုံ့ဆော်မှု အနေနဲ့ ဘရာစီယာ မ၀တ်ရေး နေ့ တနေ့ပါ။ 



အခု အောက်တိုဘာလ ၁၃ ရက်နေ့ တနင်္လာနေ့မှာ အမျိုးသမီးတွေအနေနဲ့ ဘရာစီယာတွေ မ၀တ်ပဲ အိမ် မှာ ထားခဲ့ဖို့ လှုံ့ဆော်သူတွေက တိုက်တွန်းထားပါတယ်။ 


အခု အောက်တိုဘာလမှာ ရင်သားကင်ဆာသတိပေးလှုံ့ဆော်မှု လ ဖြစ်တာကြောင့် Boobstagram.com ကနေ လှုံ့ ဆော် နေတာဖြစ်ပါတယ်။ 

အမေရိကန် အမျိုးသမီးတွေဟာ ရင်သား ကင်ဆာရောဂါ ခြိမ်းခြောက်မှုကို အကြီးအကျယ် ရင်ဆိုင်နေရ တာကြောင့် အမေရိကန်က စတင် လှုံ့ဆော်ခဲ့တာပါ။ 

တချို့အမျိုးသမီးတွေအတွက် ဘရာစီယာမ၀တ်ရတာ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် တချို့အတွက်တော့ အငြင်း ပွား ဖွယ် ဖြစ်နေတယ်လို့ သတင်းတွေက ရေးကြပါတယ်။ 

ရင်သား ကင်ဆာဟာ အမေရိကန်အမျိုးသမီးတွေထဲမှာ ကင်ဆာနဲ့သေဆုံးသွားသူတွေထဲ ဒုတိယနေရာ လိုက်ပါတယ်။ 

ရင်သား ကင်ဆာဖြစ်ရတဲ့အကြောင်းကို အခုထိ မသိရသေးဘူးလို့လည်း ပြောဆိုကြတာတွေ ရှိပါတယ်။ 

အမေရိကန် အမျိုးသား ကင်ဆာ အင်စတီကျု အဆိုအရအခုနှစ်မှာ ရင်သား ကင်ဆာရှိတယ်လို့ ဆေးစစ်ချက် မှာ အမျိုး သမီး ၂၃၀၀၀၀ ကျော်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအထဲက ၄ သောင်းလောက်ဟာ ဒီရောဂါ နဲ့ သေဆုံးမယ်လို့ ခန့် မှန်းတွက်ချက်ထားတယ်ဆိုတဲ့အကြောင်း allsingaporestuff.com သတင်းတပုဒ် မှာ ရေးထားပါတယ်။ 

၂၀၀၄ ခုနှစ်က ၂၀၁၀ ခုနှစ်အတွင်း စစ်တမ်းတွေအရ ရင်သား ကင်ဆာ ရှိတယ်လို့ ဆေးစစ်ချက်ထွက်ပေါ် ခဲ့ သူတွေ ထဲ က ၈၉ ရာခိုင်နှုန်းဟာ ၅ နှစ် သို့မဟုတ် ၅ နှစ်ထက် ပိုပြီး အသက်ရှင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အမျိုးသမီးတွေအနေနဲ့ ရင်သား ကင်ဆာနဲ့ပတ်သက်ပြီး မိမိကိုယ်မိမိ စမ်းစစ်မှုတွေပုံမှန် လုပ်ဖို့လိုအပ်သလို အခါအား လျော်စွာ ကျွမ်းကျင်သူ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး စစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ ဆိုပါတယ်။ 

အခုလို အမျိုးသမီးတွေအနေနဲ့ ရင်သား ကင်ဆာ ကြိုတင်ကာကွယ်လျှော့ချရေးအတွက် ဘရာစီယာ မ၀တ်ရဆိုတဲ့ နေ့ ကို အမျိုးသားတွေကလည်း ထောက်ခံအားပေးဖို့ လိုအပ်ပါတယ်တဲ့။ 

ဘယ်လို ပုံစံနဲ့ ထောက်ခံအားပေးရမယ်ဆိုတာကိုတော့ သေချာ လှုံ့ဆော်မှုလုပ်ထားတာ မတွေ့ရဘူး။ 

ရင်သားကင်ဆာအကြောင်း သိကောင်းစရာကိုလည်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဒေါက်တာ သက်ဦးက ရေးသား တင်ပြထားပါတယ်။ 


အိမ့်သံစဉ် ~ 


  














 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved