သပိတ်မှောက်ကျောင်းသားများအတွက် KNU/KNLA PC ရဲ့ အလှူ

Monday, November 17, 2014


ရန်ကုန်မြို့တော်ခန်းမရှေ့ရောက် သပိတ်မှောက်ကျောင်းသူကျောင်းသားများကို KNU/KNLA PC အဖွဲ့က တနင်္လာနေ့မှာ ရေပုလင်းတွေ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။




  •  ဓာတ်ပုံများ - https://www.facebook.com/deml.committee

လှူဒါန်းနေတဲ့ပုံတွေကို "ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ" ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
"အလှူငွေနှင့်ရေသန့်များ လာရောက်လှူဒါန်း" လို့ ရေးထားပေမယ့် ပမာဏ ဘယ်လောက် ရှိတယ်ဆိုတာကိုတော့ ရေးမထားပါဘူး။

ကော်မတီက အလှူခံနေတာတော့ သပိတ်မှောက်တဲ့ ပထမနေ့ကတည်းက ဖြစ်ကြောင်း သတိထားမိပါတယ်။
ဒီကနေ့ ၄ ရက်မြောက်နေ့မှာ KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ၀င်ရောက်လှူဒါန်းခြင်းပါ။

ကျောင်းသူကျောင်းသားတွေက လွှတ်တော်မှာအတည်ပြုလိုက်တဲ့ ပညာရေးဥပဒေကို အသစ်ပြန်ဆွဲဖို့/ပြင်ဆင်ဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved