ရန်ကုန်မြို့ရဲ့ တန်ဆောင်တိုင်မီးပုံးအလှပြိုင်ပွဲ

Thursday, November 6, 2014



မီးပုံးအလှပြိုင်ပွဲ မြင်ကွင်း (ဓာတ်ပုံများ- စိုင်းဇော်/ ဧရာဝတီ)

 ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော်အထိမ်းအမှတ်အဖြစ် တာမွေမြို့နယ် ရွှေထွဋ်တင်ကွင်းမှာ မီးပုံးအလှပြိုင်ပွဲကို နိုဝင်ဘာလ(၅)ရက်နေ့ညဦးပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

 စီစဉ်သူတွေက စည်ကားသိုက်သိုက်မြိုက်စွာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့်လည်း တနေကုန်သည်းထန်စွာရွာသွန်းခဲ့တဲ့ မိုးအခြေအနေကြောင့် လာရောက်တဲ့သူနည်းပါးခဲ့ရပြီး မီးပုံးပြိုင်ပွဲကိုလည်း နောက်ကျကျင်းပခဲ့ရပါတယ်။

အစောပိုင်းလာရောက်ခဲ့ကြတဲ့ ပရိတ်သတ်အချို့ကလည်း နမူနာချိတ်ဆွဲထားတဲ့ မီးပုံးပျံတွေနဲ့ ဓာတ်ပုံတွဲရိုက်တာတို့ ပရဟိတရန်ပုံငွေအဖြစ်ရောင်းချတဲ့ မီးခွက်တွေကို ရေကန်အတွင်း မျှောတာတို့ ပြုလုပ်ခဲ့ကြပါတယ်။ 

အခုလို တန်ဆောင်တိုင် အခါသမယမှာ  မီးပုံအလှပြိုင်တာတို့ ဆီးမီးခွက်မျှောတာတို့ စတဲ့စတဲ့ ယဉ်ကျေးမှုဟာ ဟိုးအရင်ကပဲ ရှိခဲ့တယ်လို့ ဆိုရမှာပါ။ အခုတော့ ဒီယဉ်ကျေးမှုကို မြို့ကြီးပြကြီးလို နေရာမျိုးမှာပါ ပြန်တွေ့လာရတာဟာ ကြည်နူးစရာကောင်းတဲ့ ကိစ္စတခုလို့ ဆိုရမှာပါ။







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved