အမျိုးသမီးတွေကိုလေးစားဖို့ နယူးဒေလီလမ်းမတွေမှာ လှုံ့ဆော်

Monday, November 17, 2014



နယူးဒေလီမြို့ သုံးဘီးကားမောင်းသူ တသိန်းကျော် ရှိတဲ့အနက် ၄ဝ,ဝဝဝ ခန့်ဟာ ကျားမ ရေးရာ သင်တန်းတွေ တက်ပြီးသွားပြီး အခုတော့ သုံးဘီးကားမောင်းသူတွေဟာ
အမျိုးသမီးများကို လေးစားဖို့၊ အကာအကွယ်ပေးဖို့ ဆိုတဲ့ အလေ့အကျင့် ပြန့်ပွားရေး ဆောင်ရွက်နေကြပါပြီ။
  

 

  • “တာဝန်သိစိတ်ရှိတဲ့ ဒီသုံးဘီးကားသမားက အမျိုးသမီးတွေကို လေးစားတယ်၊ အကာအကွယ်ပေးတယ်” ဆိုတဲ့ စာတန်းနဲ့ သုံးဘီးကားဆရာ  Narotan Singh  (Photo: Reuters)


ဒီအကြောင်း ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာ
http://www.irrawaddy.org/asia/rickshaw-drivers-take-respect-women-message-delhis-streets.html ဆောင်းပါး တပုဒ်မှာ ရေးထားပါတယ်။

ပုံမှာ  တွေ့ရတဲ့ သုံးဘီးကားဆရာ  Narotan Singh ဆိုသူက ဒီသင်တန်းတက်ပြီးမှ ဒေလီက အမျိုးသမီးတွေကြုံတွေ့နေရတဲ့ အခက်အခဲများကို သိသွားပါတယ်။ ဒီအခက်အခဲတွေအကြောင်း အားလုံးသိသင့်တယ်လို့ သူက ပြောပါတယ်။

ဒေလီ ဆိုတာ အိန္ဒိယမှာ “rape capital” ဆိုပြီး နာမည်ပျက်နေတာပါ။

အိန္ဒိယမှာ မုဒိမ်းမှုတွေ တိုးပွားလာနေတယ်၊ မနှစ်ကဆိုရင် တိုင်ကြားမှုပေါင်း ၃၃,၇ဝ၇ မှု ရှိတယ်လို့ ဆိုတယ်။ နယူးဒေလီမှာ ၁,၄၄၁ မှုဖြစ်ခဲ့တယ်၊ နယူးဒေလီမှာ  အများဆုံး ဖြစ်ခဲ့ပါတယ် တဲ့။

လွန်ခဲ့တဲ့ ၂ နှစ်  ဘတ်စ်ကားတစီးအတွင်း အမျိုးသမီးတဦးကို အုပ်စုဖွဲ့ မတရားပြုကျင့်တဲ့ဖြစ်ရပ် ဟိုးလေးတကျော် ဖြစ်ခဲ့ပြီးနောက်ပိုင်း   ခရီးသွားလာတဲ့နေရာမှာရော၊ တခြား နေရာတွေမှာပါ အမျိုးသမီးတွေရဲ့ လုံခြုံမှုကို သတိပြုလာမိကြတယ်လို့ ဆိုတယ်။

အဲဒီဖြစ်ရပ်ကြောင့် အမျိုးသမီးတွေကိုအကြမ်းဖက်မှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့၊ အိန္ဒိယရဲ့သက်ကြီးသက်ငယ်အမျိုးသားအများစုရဲ့အမြင် ပြောင်းလဲရေး လိုအပ်ပုံကို သဘောပေါက်လာခဲ့ပါတယ်။

သင်တန်းမှာတော့ မုဒိမ်းမှုတွေ  မြင့်တက်လာတဲ့အကြောင်း၊  အခြေအနေ ပိုဆိုးလာတဲ့အကြောင်း ပို့ချတယ်၊ နယူးဒေလီမှာ အမျိုးသမီးတွေကိုအကြမ်းဖက်မှု သိပ်များလာတယ်ဆိုရင် ခရီးသည်တွေ လာကြတော့မှာမဟုတ်ဘူး။ လုပ်ငန်းကိုင်ငန်းတွေ ထိခိုက်မယ် ဆိုတာတွေ ရှင်းပြပါတယ်။

အရေအတွက် များပြားလှတဲ့ သုံးဘီးယာဉ်မောင်းတွေဟာ မြို့တော်ရဲ့လုံခြုံရေး တာဝန်ရှိသူတွေ သဘော မျိုး ဖြစ်လာပြီ။ အမျိုးသမီးများကို လေးစားဖို့၊ အကာအကွယ်ပေးဖို့ ဆိုတဲ့ အရေးမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နိုင်သူတွေပါပဲ။

ဒေလီမှာရှိတဲ့ သုံးဘီးဆရာ တသိန်းနှစ်သောင်းဟာ ဒီလို သင်တန်းတက်ဖို့ မဖြစ်မနေ လိုအပ်လာအောင် အာဏာပိုင်တို့က လုပ်လာပါပြီ။ သင်တန်းချိန်ကတော့ ၁ နာရီပဲ ကြာပါတယ်။

သင်တန်းတက်ပြီး သူတွေကလည်း ဟင်ဒီဘာသာနဲ့ရေးထားတဲ့ “တာဝန်သိစိတ်ရှိတဲ့ ဒီသုံးဘီးကားသမားက အမျိုးသမီးတွေကို လေးစားတယ်၊ အကာအကွယ်ပေးတယ်” ဆိုတဲ့ စာတန်းကို သူတို့ရဲ့ သုံးဘီးကားတွေမှာ ဂုဏ်ယူပြီး ကပ်ထားကြပါပြီ။

တက္ကစီမောင်းသူ၊ ဘတ်စ်ကားမောင်းသူတွေကိုလည်း ဒီလိုသင်တန်းမျိုးပေးရမယ်လို့ ဆိုလာသူလည်း ရှိပါတယ်။ အဲဒါကတော့ အပေါ်ပုံမှာ တွေ့ရတဲ့ သုံးဘီးဆရာပါပဲ။ သင်တန်းက သူ့ကို  အပြောင်းလဲ ကြီး ပြောင်းလဲအောင် လုပ်ခဲ့ပါတယ်။ အရင်ကတော့ သူ သင်တန်းမတက်ချင်ပါဘူး။ သင်တန်းချိန် ၁ နာရီအတွင်း ခရီးသည်လိုက်ပို့ရင် ပိုက်ဆံရမယ်ပေါ့လေ။ သင်တန်းရဲ့အရေးပါပုံ သူ သိသွားပါပြီ။
သူနဲ့ တခြား ဒရိုင်ဘာတွေရဲ့ အမျိုးသမီးခရီးသည်များအပေါ် ပြုမူပုံ၊ ဆက်ဆံပုံကို ပြောင်းလဲလာစေမယ့် သင်တန်းပါပဲ လို့ ဆိုပါတယ်။

ဇာနည်ဝင်း

  •  မူရင်း
Rickshaw Drivers Take ‘Respect For Women’ Message to Delhi’s Streets
http://www.irrawaddy.org/asia/rickshaw-drivers-take-respect-women-message-delhis-streets.html

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved