အစအစအရာရာ ဖြည့်ဆည်းလို့ မပြည့်နိုင်တဲ့ မြန်မာပြည်အတွက် နိုင်ငံတော်အစိုးရရဲ့ပံ့ပိုးကူညီမှုကို ထိုင်ပြီး မျှော်ကိုး မနေနိုင်ဘဲ တိုင်းပြည်ရဲ့ လိုအပ်တဲ့နေရာတွေကို တတပ်တအားနဲ့ ဖြည့်ဆည်းဖို့ကြိုးစားနေတဲ့ ပရဟိတ အဖွဲ့တွေလည်း တဖြည်းဖြည်း တိုးပွားလာတာ အမြင်ပါပဲ။ ဒီလို အဖွဲ့တွေထဲမှာ လူငယ်လေးတွေ စုစည်း လုပ်ဆောင်လာကြတဲ့ လူငယ် ပရဟိတ အဖွဲ့တွေလည်း အများအပြားပါ။
![]() |
| ဓာတ်ပုံများ - Strong Flowers ဖေ့ဘုတ်မှ |
အဲ့ဒီထဲကမှ အမျိုးသမီးတွေ ကလေးသူငယ်တွေ သီလရှင်တွေရဲ့ ပညာရေး၊ အသိဥာဏ်၊ ဗဟုသုတတွေ ဖွံ့ဖြိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာလူငယ်အမျိုးသမီး ၇ ဦးနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသမီးလူငယ်ပရဟိအဖွဲ့လေး တဖွဲ့ ပြီးခဲ့တဲ့နှစ်က ပေါ်ပေါက်လာခဲ့ပါတယ်။
သူမတို့ ၇ ဦးရဲ့ အဖွဲ့အမည်ကတော့ Strong Flowers လို့ အမည်ရတဲ့ အမျိုးသမီး လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်းပါ။
သူတို့ရဲ့ ပရဟိတအလုပ်ကတော့ အလှူအတန်းတွေ လုပ်နေခြင်းပါ။ သူတို့ရည်ရွယ်ချက်ထဲမှာ သာသနာပြန့် ပွားရေးဆိုတာလည်း ပါတဲ့အတွက်ကြောင့် သီလရှင်တွေရဲ့ ပညာရေး၊ ကလေးသူငယ်တွေအတွက် ဖွင့်လှစ် ထားတဲ့ ကလေး တရားစခန်းတွေမှာပါ သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ဖြစ်ပါတယ်တဲ့။ ဒီလို သီလရှင်တွေကို အဓိကထားပြီး လုပ်နေရခြင်းကလည်း မြန်မာပြည်က ပရဟိတအဖွဲ့အစည်းတွေအနေနဲ့ သီလရှင်တွေအတွက် သီးသန့်ဖြည့်ဆည်းပေးဖို့ ကျန်နေတယ် ထင်လို့ ရည်ရွယ်ဖြစ်ပါတယ်လို့ အဖွဲ့ရဲ့ ဥက္ကဌ ဇွန်ဥုက်က ဆိုပါတယ်။
မြန်မာပြည်ရဲ့ လိုအပ်ချက်တွေထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေမှမဟုတ်ပါဘူး။ နေရာတိုင်းပါ။ ဒါပေမယ့် သူတို့အဖွဲ့က ဘာကြောင့်အမျိုးသမီးတွေအတွက် ရည်ရွယ်ရပါသလဲလို့ဆိုတော့
“ကျမတို့ကိုယ်တိုင်လည်း အမျိုးသမီးဖြစ်နေတာလည်းပါတယ်။ ရှေ့မှာလည်း ကျမတို့ကိုယ်တိုင်လည်း အခက်အခဲတွေ တွေ့ကြုံခဲ့ဖူးတယ်။ ဒါကြောင့် ကိုယ်ချင်းစာတယ်။ နောက် အမျိုးသမီးတွေရဲ့ဘ၀ကိုလည်း မြင့်မားစေချင်တယ်။ ဒါကြောင့် သူတို့ဘ၀တွေကို ထောက်ပံ့သွားချင်တာပါ။” လို့ ဇွန်ဥုက် ကပြောပါတယ်။
သူမတို့အဖွဲ့အတွက် လိုအပ်တဲ့ ငွေကြေးကို ရံပုံငွေဖျော်ဖြေပွဲတွေပြုလုပ်ပြီး ရှာဖွေလာခဲ့တာ မနှစ်က မန္တလေးမှာ ပြုလုပ်ခဲ့တဲ့ “ရတနာပုံနှင်းဆီ အငြိမ့်” က ပထမဆုံး ဖျော်ဖြေပွဲပါလို့ဆိုပါတယ်။
အခုလာမယ့် ဒီဇင်ဘာ ၂၄ ရက်နေ့မှာလည်း “မန္တလေးမြို့ကြီးရယ်နေတယ်” ဆိုတဲ့ နာမည်ကြီး အနုပညာရှင် တွေရဲ့ တခန်းရပ်ပြဇာတ်တွေ စတိတ်ရှိုးအစီအစဉ်တွေပါဝင်မယ့် ရံပုံငွေ ဖျော်ဖြေပွဲကို မန္တလေမြို့မှာပဲ လုပ်သွားဖို့ ရှိပါတယ်တဲ့။
ဒ့ါထက် Strong Flowers အဖွဲ့အနေနဲ့ အမျိုးသမီးတွေအတွက် ကာကွယ်စောင့်ရှောက်ပေးနေတဲ့ အသင်းအဖွဲ့ တွေကိုလည်း လှူဒါန်းမှုတွေ ပြုလုပ်တာတွေလည်းရှိသေးတယ်လို့ သိရပါတယ်။



0 comments :
Post a Comment