ဇနီးမယား ရှာပုံတော် ကြော်ငြာ

Wednesday, November 26, 2014


လူမှု ကွန်ရက်မှာ အတော်စိတ်ဝင်စားနေကြတဲ့ ကြော်ငြာတခုပါ။ 





နိုဝင်ဘာလ ၂၅ ရက်နေ့ထုတ် စံတော်ချိန် သတင်းစာပါ ဘဝ လက်တွဲဖော် ရှာတဲ့ သတင်းစာပါ ကြော်ငြာ က လူအများ အတွက် အတော်စိတ်ဝင်စား ဖွယ်ဖြစ်နေပါတယ်။ 

ဆက်သွယ်ရန် ဖုန်းနံပတ်နဲ့ တကွ ဖော်ပြထားတဲ့ ကြော်ငြာက အစစအရာရာ နားလည်မှု ပေးနိုင်မယ့် ဘဝ လက်တွဲဖော် ရှာတာပါတဲ့။ ဒါပေမယ့် ကြော်ငြာမှာ ကန့်သတ်ချက် ပါဝင်ပါတယ်။ 

ဒါကတော့ သတို့သမီးလောင်းဟာ တရုတ်အမျိုးသမီး ဒါမှမဟုတ် ကပြားဖြစ်ဖို့ လိုသလို အသက်ကလည်း ၂၈ နှစ်နဲ့ ၃၀ နှစ် အကြားဖြစ်ရပါမယ်တဲ့။ 

ဘဝ လက်တွဲဖော်အတွက် ကွန်ဒို ၂ ခန်းလည်း ပေးမယ်လို့ဆိုတယ်။

ဘဝကြင်ဖော် ရှာနေသူက ဘွဲ့ရတဦးဖြစ်သလို ကုန်သည် လည်းဖြစ်သတဲ့။ အရပ်ကလည်း အသင့်အတင့် ရှိပြီး ရုပ်ရည် ကလည်း အသင့်အတင့်ရှိတယ်တဲ့။

 မြှားနတ်မောင် အသင်းလိုမျိုး ဝန်ဆောင်မှုတွေ မြန်မာနိုင်ငံမှာ ထင်ထင်ရှားရှား မရှိသေးတော့ အခုလို သတင်းစာမှာ ကြော်ငြာထည့်ပြီး မိန်းမ ရှာရတယ်လို့ ယူဆနိုင်ပါတယ်။ 

ဒါပေမယ့် ဒီကြော်ငြာဟာ ဧရာဝတီ စာဖတ်ပရိသတ်ကို အတွေးတွေ အမျိုးမျိုး ပေးစွမ်းနိုင်မယ်လို့ ထင်ပါ တယ်။ 

လွတ်လပ်ယဉ်ကျေးစွာနဲ့ ဆွေးနွေးကြည့်ပါ။ 


အိမ့်သံစဉ် ~






 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved