ကမ္ဘာ့လည်ပတ်စရာ အကောင်းဆုံး နံပါတ် ၁ နေရာ ပုဂံဒေသ ရွေးချယ်ခံရ

Monday, November 3, 2014



ဓာတ်ပုံ- The Irrawaddy

  ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ လည်ပတ်စရာ အကောင်းဆုံးနေရာ ၁၀ ခု ထဲက နံပါတ် ၁ နေရာကို မြန်မာနိုင်ငံရဲ့ ပုဂံဒေသ အဖြစ် ကမ္ဘာကျော် ခရီးသွားလမ်းညွှန်အဖွဲ့တခုဖြစ်တဲ့ Lonely planet က ရွေးချယ်လိုက်ပါတယ်။

ဒါကို Lonely planet ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။


ဓာတ်ပုံ- The Irrawaddy

 ၉ ရာစုနဲ့ ၁၃ ရာစုနှစ်အကြား ပုဂံဘုရင်တွေရဲ့ မင်းနေပြည်တော်အဖြစ်တည်ရှိခဲ့တဲ့ ပုဂံဒေသမှာ ဗုဒ္ဓဘာသာဝင် တို့ရဲ့ စေတီပုထိုးကျောင်းကန်တွေကို အများအပြား တွေ့မြင်နိုင်တယ်လို့လည်း လမ်းညွှန်ထားပါသေးတယ်။

မန္တလေးမြို့ရဲ့ တောင်ဘက် ၁၁၈ မိုင် အကွာမှာရှိတဲ့ ပုဂံဒေသကို သွားရောက်လည်ပတ်ဖို့ အကောင်းဆုံး အချိန်တွေကတော့ နိုဝင်ဘာလနဲ့ ဖေဖော်ဝါရီလတွေပါတဲ့။

Lonely Planet က ရွေးချယ်ပေးလိုက်တဲ့ လည်ပတ်စရာအကောင်းဆုံး ကမ္ဘာ့နေရာကြီးဆယ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

၁။ မြန်မာနိုင်ငံ ပုဂံဒေသ
၂။ နော်ဝေးနိုင်ငံ Trolltunga,Skjeggedal
၃။ အမေရိကန်ပြည်ထောင်စု New York City
၎။ Namibia နိုင်ငံ NamibRand Nature Reserve
၅။ အီတလီနိုင်ငံ Amalfi Coast
၆။ အိန္ဒိယနိုင်ငံ Udaipur, Rajasthan
၇။ အမေရိကန်ပြည်ထောင်စု Arches National Park, Utah
၈။ ပြင်သစ်နိုင်ငံ Paris မြို့
၉။ Sao Tome Principe နိုင်ငံ Principe island
၁၀။ Antarctica


ဓာတ်ပုံ- The Irrawaddy


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved