ဦးအောင်သောင်းကို ဒဏ်ခတ်ပိတ်ဆို့မှု NLD ဘာကြောင့် ကန့်ကွက်သလဲ

Tuesday, November 11, 2014

-

 

ကြံခိုင်ရေးပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်သောင်းကို အမေရိကန်နိုင်ငံက ပစ်မှတ်ထား အရေးယူတာနဲ့ ပတ်သက်ပြီး လွှတ်တော်က ကန့်ကွက်လိုက်ပါတယ်။



  • ယမန်နှစ်က ရန်ကုန်မြို့ ဆွေးနွေးပွဲတခုမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်သောင်း (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)


လွှတ်တော်ထဲ ကန့်ကွက်ကြတဲ့ထဲမှာ NLD အမတ်တွေလည်း ပါပါတယ်။

 NLD အမတ်တွေက ဦးအောင်သောင်းဘက်ကနေ နာကြသလား လို့ မေးခွန်း ထုတ်နေကြပါပြီ။

ဦးအောင်သောင်းဟာ ပြီးခဲ့သော အနှစ် ၂၀ အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အကြီးအကျယ်အဟန့်အတားပြုခဲ့သူဖြစ်တယ်၊ ဒါကြောင့် သူ့ကို အရေးယူပိတ်ဆို့ဒဏ်ခတ်ခြင်းဟာ သင့်လျော်တယ်လို့ ယူဆသူ အများအပြား ရှိပါတယ်။

ဒီလိုအခြေအနေမှာ  NLD အမတ်တွေက ဒဏ်ခတ်ပိတ်ဆို့ခြင်းကို ကန့်ကွက်ခဲ့ကြခြင်းပါ။

မကြာသေးခင်နှစ်များအထိတော့ NLD အမတ်တွေက ဗိုလ်ချုပ်တွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့ အားပေးခဲ့သူတွေပါ။

ခုတော့ ရပ်တည်ချက် ပြောင်းလဲသွားပြီး လွှတ်တော်ထဲ ကန့်ကွက်နေကြပါပြီ။
ဘာကြောင့် ဒီလို ကန့်ကွက်ခဲ့ကြသလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ အဖြေ ရှိနေပါတယ်။

"ကလဲ့စားချေဖို့က အဓိကမဟုတ်ဘူး၊ ရင်ကြားစေ့ဖို့က အဓိက" ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတယ်လို့ RFA အသံလွှင့်ဌာန အွန်လိုင်း စာမျက်နှာမှာ တနင်္လာနေ့က ရေးထားပါတယ်။

"အမျိုးသား ရင်ကြားစေ့ရေးအတွက် သွားဖို့ လုပ်နေတဲ့အချိန်မှာ နောက်ကြောင်းပြန်တာတွေကို ကျမတို့က သိပ်ပြီး စိတ်မပါဘူး၊
ဘယ်သူ့ကိုမှအကျိုးမပြုဘူး၊ အခုအချိန်မှ ငြိမ်းချမ်းရေးအတွက် လုပ်နေတယ် ဆိုလို့ရှိရင် တချိန်တခါတုန်းက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေတဲ့အဖွဲ့တွေတောင်မှ အဆင်ပြေအောင်လုပ်နေတဲ့အချိန်မှာ
ဒီဟာတွေလုပ်တာဟာ နိုင်ငံကို ဘယ်လို အကျိုးပြုနိုင်သလဲဆိုတာ အဲ့ဒါပဲကြည့်ရမယ် .... ကျမ အစကတည်းကပြောပြီးပြီလေ၊ ကလဲ့စားချေဖို့ စိတ်ထဲမှာ မရှိခဲ့ဘူး"

ဒီအဖြေကို နှစ်သက်သူ လေးစားသူ အများအပြား ရှိသလို .... သိပ်ပြီး သဘောထားကြီးမနေနဲ့လို့ ပြောဆိုသူလည်း အများအပြား ရှိနေပါတယ်။

   နာမည်ပျက်စာရင်းသွင်းလိုက်ခြင်းဟာ ကြံ့ခိုင်ရေးပါတီအပေါ်   NLD နဲ့ အမေရိကန် အစိုးရ ပေါင်းပြီး ညစ်ပတ်ခြင်းဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တယောက်ဖြစ်တဲ့   ဦးလှဆွေက ယူဆနေပါတယ်။  ဒီအကြောင်း
http://burma.irrawaddy.org/news/2014/11/03/66686.html မှာ ဖတ်နိုင်ပါတယ်။


စည်သူလင်း

  • ဆက်စပ်ဖတ်ရှုရန်
 ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ
http://burma.irrawaddy.org/article/2014/02/12/54789.html

ဦးအောင်သောင်း စီးပွားရေး ဒဏ်ခတ်မှု သတင်း UAB ဘဏ်ကို ရိုက်ခတ်
http://burma.irrawaddy.org/business/2014/11/04/66736.html

Aung Thaung: Why Now, Why Him and Who’s Next?
http://www.irrawaddy.org/commentary/aung-thaung-now-whos-next.html

စွမ်းအားရှင်နဲ့ မပတ်သက်ပါဘူးဆိုတဲ့ ဦးအောင်သောင်းနဲ့ အင်တာဗျူး
 http://burma.irrawaddy.org/interviews/2013/06/14/42223.html

2 comments :

  1. ဦးကြောင်ကြီး said... :

    ဒေါ်စုက နိုင်ငံရေးလုပ်စားလို့ မရဘူးဗျ... လက်တွေ့ပြောတာပါ.. သီအိုရီတော့ ပြောတတ်တာပေါ့.. ရလတဲ့ အခွင့်အရေးကို အသုံးမချတတ်တာကိုပြောတာ..။ ရင်လေးတယ် ဒီပုံနဲ့ မိုးချုပ်မှာ.. အန်အယ်လ်ဒီက ဒေါ်စု မလှုပ်ရင်ကျောက်ရုပ်... ကိုယ့်အားကိုယ်ကိုးကြ ရဲဘော်တို့.. ဒေါ်စုအလွန် နှစ်တွေအတွက် ပြင်ဆင်ကြ.. နိုးထကြလော့..

  1. Anonymous said... :

    NLD က ကြံ့ ကို လိမ်၊ ကြံ့ ဖွတ်က NLD ကို ချိုး၊ ဒီဇာတ်ခုံကသူတို့ နှစ်ယောက် အားပြိုင် မာန်ချီ ပြီး တစ်လှည့်စီ ကြည့်ကောင်းတယ် ။ ဒါပေမယ့် တစ်ခု ရှိတယ် NLD ကလည်း ဒီအပေါ် မှာ သဘောထားကြီးပြီး လွှတ်တော်မှာ ကန့်ကွက်လိုက်တာမဟုတ်ပါဘူး လိမ်မာပါးနပ်မှုကို အသုံးချပြီး ပြည်သူတွေယုံကြည်လာအောင် အမြတ်စားလိုက်တာဖြစ်ပါတယ် ------------

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved