ဖက်ရှင်အ၀တ်အစား သင်ခန်းစာ

Friday, December 19, 2014


နာမည်ကြီးအဆိုတော်တွေ၊ အစီအစဉ်တင်ဆက်သူတွေအတွက် အရှက်မရစေအောင် အထူး သတိပြု စရာကတော့ ဖက်ရှင် သိပ်ကျလွန်းတဲ့ ၀တ်စားဆင်ယင်မှုပဲဖြစ်ပါတယ်။



 ဓာတ်ပုံ- The Mirror

 ပြီးခဲ့တဲ့သတင်းပတ်က အမေရိကန်က နာမည်ကြီး ရက်ပ်ပါ၊ အဆိုတော် Nicki Minaj တယောက် တီဗွီ ကနေ တိုက်ရိုက်ဖျော်ဖြေမှုအစီအစဉ်တခုမှာ ဈာန်ဝင်ပြီး ဖျော်ဖြေနေစဉ်မှာ သူ့အ၀တ်အစားကြောင့် ခန္ဓာကိုယ် အပေါ်ပိုင်း အမျိုးသမီးတွေရဲ့ မမြင်အပ်တာပေါ်သွားလို့ အရှက်ရခဲ့ရပါတယ်။ 

သူကလည်း ၀တ်ဆင်ထားတာက မပေါ်တပေါ်ဖြစ်နေ၊ ဈာန်ဝင်ရင်း ဖျော်ဖြေချိန်မှာ သူမထင်မှတ်ပဲ လိုတာထက် ပိုပြီး ပေါ်လွင်သွားတော့ လူပြောစရာဖြစ်သွားခဲ့ရတာကို ဗြိတိန်အခြေစိုက် The Mirror သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

ဖက်ရှင်ပညာသည်တွေကလည်း Nicki Minaj လို ကိုယ်ခန္ဓာမျိုးနဲ့ သူတို့ရဲ့ လက်ရာအစွမ်းကိုပြဖို့ ဖန်တီး လုပ်ပေးခဲ့ကြတာပါ။ ဒါပေမယ့် မမျှော်လင့်တာတွေလည်း ဖြစ်လာတတ်တယ်ဆိုတာ ဖက်ရှင် ဒီဇိုင်နာလည်း နားလည်သွားပုံရပါတယ်။ 

Nicki Minaj ကိုယ်တိုင်ကလည်း ဖက်ရှင် ဒီဇိုင်နာတွေရဲ့ လက်စွမ်းနဲ့အတူ တသားတည်း ခန္ဓာကိုယ် အလှကို ပြသလိုသူ ဖြစ်နေတာကြောင့် အလားတူအဖြစ်မျိုး အရင်ကလည်း ကြုံခဲ့ဖူးပါသတဲ့။ သူ့ရဲ့ အဖော်အချွတ်အသားပေး နာမည်ကြီး Anaconda ဆိုတာကို ယူကျူ က ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

The Mirror က ဒီသတင်းနဲ့ ဓာတ်ပုံတွေကို မြင်ရတွေ့ရတော့ မြန်မာနိုင်ပြည်က နာမည်ကျော်တွေလည်း ဒီလို အဖြစ်မျိုးမကြုံရလေအောင် မြန်မာဖက်ရှင်ဒီဇိုင်နာတွေနဲ့ ကျော်ကြားသူတွေအနေနဲ့ သိပ်ပြီး ဖက်ရှင်ကျလွန်းတဲ့ အ၀တ်အစားတွေ ၀တ်စားမယ်ဆိုရင် သတိထားဖို့လိုပါလိ့မ်မယ်။

 ဖျော်ဖြေတင်ဆက်မှုမှာ ဈာန်ဝင်သွားပြီဆိုရင် ကိုယ်ဝတ်ထားတဲ့ အ၀တ်အစားရဲ့အတိုင်းအဆကို မခန့်မှန်းနိုင်ပဲ သတိလွတ်ကာ မလိုအပ်ပဲ ဝေဖန်မှုတွေ ရင်မဆိုင်ရအောင် သတိထားသင့်တာမို့ ဒီပို့စ်လေးကို ဧရာဝတီဘလော့ဂ် ပရိသတ်တွေအတွက် ရေးသားလိုက်တာပါ။ 


အိမ့်သံစဉ် ~ 


 Nicki Minaj အကြောင်းရေးသားထားတဲ့ The Mirror သတင်း။  ။ 

http://www.mirror.co.uk/3am/celebrity-news/nicki-minaj-suffers-nip-slip-4835397














0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved