တရုတ်မွေးမြူရေးသမားတဦး တည်ဆောက်တဲ့ ရေငုပ်သင်္ဘော

Thursday, December 4, 2014

.

တရုတ်ပြည်က ကြက်မွေးမြူရေးသမား တဦးက ၈ မီတာ အရှည်ရှိတဲ့ ရေငုပ်သင်္ဘောကို
၉ လ ကြာအချိန်ယူပြီး ဖန်တီးပြလိုက်ပါတယ်။ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ တရုတ်လယ်သမား မစ္စတာ တန်ယောင်ဟာ  ဒေါ်လာ ၅,ဝဝဝ (ကျပ်ငွေ သိန်း ၅ဝ) ဝန်းကျင် အကုန်အကျခံပြီး အဲဒီသင်္ဘောလေးကို တည်ဆောက်လိုက်တာပါ။ 


 ဓာတ်ပုံ- ရိုက်တာ

သူဖန်တီးတည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောကို ဟူဘေနယ်က ဇန်ကော်ဆည်ထဲမှာလည်း စမ်းသပ်ခဲ့ပြီး ဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 

“ရေငုပ် သင်္ဘော ကို ကိုယ့်ဖာသာ တည်ဆောက်လိုက်တာ။ ကျနော်က အင်ဂျင်အကြောင်းလည်း ဘာမှ မသိဘူး။ ဒီလို အကြောင်းလည်း ကျောင်းမှာ မလေ့လာခဲ့ဖူးဘူး။ ပြောရရင် အားလုံးက ကိုယ့်အတွေးနဲ့ ကိုယ် စိတ်ကူးပြီး ဖန်တီးလိုက်တာပါ” လို့ မစ္စတာ တန်က ဆိုထားပါတယ်။ 



မစ္စတာ တန်ရဲ့ ရေငုပ်သင်္ဘောက ၂ တန် အလေးချိန်ရှိတယ်၊  ကားဘက်ထရီ ငါးခု  အသုံးပြုထား ပါတယ်တဲ့။ 

 ပထမတော့ ရေထဲစမ်းမောင်းကြည့်တော့ အရမ်းအန္တရာယ်များလို့ မိခင်ကလည်း အတော်ပဲ စိုးရိမ်ခဲ့တာလို့ မစ္စတာ တန်ရဲ့ မိခင်က ပြောပါတယ်။ 

သူ့ သားဟာ ငယ်စဉ်ကလေးဘဝကတည်းက အရာရာကို တီထွင် စမ်းသပ်လေ့ ရှိသူဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

 ရေအနက် တိမ်တိမ်မှာ ဘာပြဿနာမှ မရှိပေမယ့် နည်းနည်း ပိုနက် လာလေ ရေဖိအား များလာလေ
ဖြစ်တော့ ပြဿနာ တချို့ ရှိခဲ့တယ်လို့ သူက ပြောတယ်။ 

လှေကို ရေထဲ ငုပ်တဲ့ အချိန် ပြန်တက်တဲ့ အချိန်တွေမှာလည်း နောက်ဆုံးတော့ အောင်မြင်ခဲ့တယ်လို့လည်း မစ္စတာ တန် က ပြောပါတယ်။ 

ဆည်အတွင်း စမ်းသပ်မောင်းနှင်ပြတဲ့အချိန်မှာ ကမ်းပေါ်မှာ မိတ်ဆွေတွေက ရင်တမမနဲ့ စောင့်ကြည့်နေခဲ့ ကြပြီး ၄၅ မိနစ်ကျော်လောက် ရေအောက်မှာ အောင်မြင်စွာနေနိုင်ခဲ့တယ်၊  ရေပေါ် ပြန်တက်လာတဲ့အခါ သူက ဒါ ဟာ တကယ့် အောင်မြင်မှုကြီးလို့ ဂုဏ်ယူကြွေးကြော်ခဲ့တယ်လို့ သတင်းမှာ ဆိုပါတယ်။ 



အိမ့်သံစဉ် ~ 



ကိုးကား။   ။

The 'Peasant Da Vincis' Of China Have Come Up With Some Brilliant Inventions


http://www.khaosod.co.th/view_newsonline.php?newsid=TVRReE56WXlNVE0wTkE9PQ%3D%3D

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved