ဦးဝင်းဖေရဲ့ ငါ့ရဲ့လမင်း

Friday, January 9, 2015



www.mmdailystar.com

 ရုပ်ရှင် ဒါရိုက်တာ၊ ပန်းချီဆရာ ၊ စာရေးဆရာ ၊ ကာတွန်း ရေးဆွဲသူနှင့် ရေဒီယို ဂျာနယ်လစ် စတဲ့လုပ်ငန်းတွေကို နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့တဲ့ စွယ်စုံ အနုပညာရှင် ဆရာကြီး ဦးဝင်းဖေရဲ့ ထူးထူးခြားခြား ဗီဒီယိုဖိုင်တခုကို ဖေ့ဘုတ်စာမျက်နှာထက်မှာ မနေ့တနေ့က တွေ့လာရပါတယ်။

အဲ့ဒါက ဘာလဲဆိုတော့ ရော့ခ်ကာဘုရင်ကြီး လေးဖြူရဲ့ "ငါ့ရဲ့လမင်း" ဆိုတဲ့ သီချင်းတပုဒ်ကို သူကိုယ်တိုင် စန္ဒယားတီးပြီး ခံစားချက်အပြည့်နဲ့ သူကိုယ်တိုင် သီဆိုထားတာပါ။

အသက် ၈၀ နီးပါးရှိတဲ့ ဆရာကြီး ဦးဝင်းဖေတယောက် လူငယ်တွေရဲ့ အသည်းစွဲ တေးသီချင်းတပုဒ်ကို ခံစားချက်အပြည့်နဲ့သီဆိုထားပုံက အတော် ထူးဆန်းနေတာတော့ အမှန်ပါပဲ။ ရှေ့မီနောက်မီ ပညာရှင်ကြီးလို့ပဲ ပြောရလေမလားပဲ။

ဆရာကြီး ဦးဝင်းဖေဟာ ရုပ်ရှင် ကားပေါင်း ၂ ဒါဇင်ခန့်နဲ့ ဗီဒီယိုကားပေါင်းများစွာ ရိုက်ကူးခဲတဲ့ အကယ်ဒမီဆုရှင်တဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်လမ်း၊ ဇာတ်ညွှန်းတွေနဲ့ ၀တ္ထုတိုများစွာကိုလည်း ရေးသားခဲ့သူပါ။

သူဟာ မြန်မာ ခေတ်ပြိုင်ပန်းချီနှင့် မော်ဒန်ပန်းချီ တည်ထောင်သူထဲ၌ တဦးအပါအ၀င်ဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ အိုင်အိုဝါ တက္ကသိုလ်မှပေးအပ်သော Fellowship for Literature ကိုလည်း ရရှိခဲ့ပါတယ်။

၁၉၉၇ ခုနှစ်ကစလို့ လွတ်လပ်သည့်အာရှ အသံ(RFA)အသံလွှင့်ဌာနမှာ စီနီယာ အယ်ဒီတာ တာဝန်ကို ၈ နှစ်ခန့် ထမ်းဆောင်ပြီးနောက် ၂၀၀၅ ခုနှစ်တွင် တာဝန်မှအနားယူကာ ၀ါသနာပါသည့် ပန်းချီရေးဆွဲခြင်း အလုပ်ကို လုပ်ကိုင်လျက်ရှိနေပါတယ်။

ဆရာကြီး ဦးဝင်းဖေဟာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်ကတည်းက ပြည်တော်ပြန်ဝင်လာခဲ့သူလည်းဖြစ်ပါတယ်။

လေးဖြူ ရဲ့ "ငါ့ရဲလမင်း" တေးသီချင်းအား ဦးဝင်းဖေ သီဆိုထားတဲ့ ဗီဒီယိုဖိုင်ကို ဧရာဝတီဘလော့ဂ် ပရိတ် သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။



1 comments :

  1. Anonymous said... :

    ငါ့ရဲ့လမင်း၊ နင်​ဟာ အ​မေရိကန်​ပြည်​​ထောင်​စု USA.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved