Line App တရားဝင်မိတ်ဆက်ပွဲ ကျင်းပ

Friday, July 10, 2015



စမတ်ဖုန်း အသုံးပြုသူတွေကြားမှာ ရေပန်းစားတဲ့ တဦးနဲ့တဦး မက်ဆေ့ခ်ျပေးပို့၊ အပြန်အလှန် Chatting ပြုလုပ်၊ Video Calls၊ တွေပြုလုပ်နိုင်တဲ့ Mobile Application တွေထဲက တခုဖြစ်တဲ့ LINE Application ကို   မြန်မာနိုင်ငံမှာ တရားဝင် စတင် မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင် ၃ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းပေါ်က Novotel Max ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ မြန်မာနိုင်ငံရဲ့ LINE Ambassador အဖြစ် ခန့်အပ်ထားတဲ့ ပြည်သူချစ် အနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင် အောင်ရဲလင်းနဲ့ အလှမယ် ခင်ဝင့်ဝါတို့ကိုလည်း တရားဝင် မိတ်ဆက်ခဲ့ပြီး သူတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ LINE Application TV ကြော်ငြာကိုပါ မိတ်ဆက်ပြသခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ LINE Ambassador အောင်ရဲလင်းနဲ့ခင်ဝင့်ဝါတို့ရဲ့ တရားဝင် Official Account တွေနဲ့ပါ မိတ်ဆက်ပေးခဲ့ပြီး အဲဒီအကောင့်နှစ်ခုကို Add လုပ်ထားမယ်ဆိုရင် သူတို့ရဲ့ အနုပညာလှုပ်ရှားမှု သတင်းအချက်အလက်တွေကို LINE Timeline မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် LINE Application အသုံးပြုသူတွေ အချင်းချင်း အပြန်အလှန် မက်ဆေ့ခ်ျပေးပို့ စကားပြောတဲ့အခါ ပိုမို အသက်ဝင်ပြီး ချစ်စရာကောင်းမယ့် အောင်ရဲလင်းနဲ့ ခင်ဝင့်ဝါတို့ရဲ့ မျက်နှာပုံနဲ့ ပြုလုပ်ထားတဲ့ ရယ်စရာကောင်းတဲ့ LINE Stickers တွေကိုလည်း အခမဲ့ ဒေါင်းလုပ်ဆွဲယူပြီး အသုံးပြုသွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။



 “LINE Application ကို ကျနော်  စသုံးဖြစ်ခဲ့တာတော့ ထိုင်းမှာရှိ  တဲ့ သူငယ်ချင်းဆီကနေတ    ဆင့်ပေါ့။ အဲဒီမှာ စသုံးရင်းနဲ့   ကျနော် LINE မှာ သဘောကျမိတာက  ချစ်စရာကောင်းတဲ့ Stickers   လေးတွေပါ။ ဒီစတစ်ကာလေးတွေက ကျနော်တို့ရဲ့  စိတ်ခံစားချက်တွေကိုဖော်ပြပေးပါတယ်။ အထူးသဖြင့် Brown

ဆိုတဲ့ ဝက်ဝံလေးရဲ့Character ကို ကြိုက်ပါတယ်။ ဒီကောင်လေးရဲ့Character က ကျနော်တို့လို ယောက်ျားလေးတွေကို ကိုယ်စားပြုတယ်လို့ထင်ပါတယ်” လို့ အောင်ရဲလင်းက ပြောပါတယ်။

အလှမယ် ခင့်ဝင်ဝါကလည်း “ညီမကတော့ စတစ်ကာတွေထဲမှာ အကြိုက်ဆုံးက Cony ပါ။ သူက ချစ်စရာကောင်းပြီး မိန်းကလေးတွေကို ကိုယ်စားပြုတဲ့ Character ရှိတယ်လို့ ထင်ပါတယ်။ ညီမက LINE အသုံးပြုရတာကို ကြိုက်တယ်။ ဘာကြောင့်ကြိုက်လဲဆိုတော့ သူက ဖုန်းပြောတာ၊ မက်ဆေ့ခ်ျ ပို့တာ Free Call တွေ အပြင်ကို ကိုယ့်ရဲ့Timeline မှာလည်း ဓာတ်ပုံတွေတင်ပြီး သူငယ်ချင်းတွေကို ဝေမျှနိုင်တယ်။ ချစ်စရာကောင်းတဲ့ စတစ်ကာလေးတွေနဲ့လည်း Comment ပေးနိုင်တယ်။ အခုဆိုရင် ညီမတို့ ရုပ်ပုံနဲ့ စတစ်ကာလေးတွေပါ သုံးနိုင်တော့မယ်” လို့ ဆိုပါတယ်။

LINE Application အနေနဲ့မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကုမ္ပဏီ MPT နဲ့ ချိတ်ဆက်လက်တွဲပြီး အကျိုးတူပူးပေါင်းမှု လုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ရှိသလို မြန်မာနိုင်ငံမှာလည်း LINE ကုမ္ပဏီရဲ့ ရုံးခန်းတွေ လာရောက်ဖွင့်လှစ်သွားဖို့ အစီအစဉ်တွေ ရှိတယ်လို့ သိရပါတယ်။

LINE က Samsung နဲ့လည်း ပူးပေါင်းပြီးတော့ပထမဆုံး လှုပ်ရှားမှု အနေနဲ့ “LINE Lucky Chance” အစီအစဉ်အဖြစ် ဇွန်လအတွင်းက ရက် (၃၀) တိတိ၊ ဖုန်းအလုံး (၃၀) ကို တရက်တလုံး LINE Application အသုံးပြုသူတွေကံစမ်းမဲ ဖောက်ပေးခဲ့ပါတယ်။ အခုအချိန်မှာဆိုရင်လည်း LINE FUN Official အကောင့်ကို ဇူလိုင်လ ၂ ရက်နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး အဲဒီမှာလည်း Samsung Galaxy S6 အလုံး (၃၀) ကို တရက်တလုံး ကံစမ်းနိုင်ပြီလို့ သိရပါတယ်။

LINE မှာဆိုရင် Corporate brand တွေ၊လူထုရုပ်ပုံတွေ၊ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ တရားဝင်အကောင့်တွေနဲ့ Facebook လိုပဲ တည်နေရာ၊ သတင်းအချက်အလက်တွေ၊ ဗီဒီယို၊ ရုပ်ပုံတွေကို တင်ပြီး မိမိဘဝမှတ်တမ်းတွေကို Share လုပ်နိုင်တဲ့ ကိုယ်ပိုင်နေရာ Home နဲ့ Timeline ဆိုပြီး Social Communication Feature တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် Smartphone Life Platform တခုကို ဖြစ်ပေါ်လာစေတဲ့ LINE Games တွေနဲ့ Selfie Stickers, LINE Camera စတဲ့ Application တွေလည်း များစွာပါဝင်ပါတယ်။

ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ထိုင်ဝမ်နဲ့ စပိန် နိုင်ငံတွေမှာ အသုံးများ ရေပန်းစားတဲ့ LINE App ဟာ အွန်လိုင်းရှိရုံနဲ့ အခမဲ့ မက်ဆေ့(ခ်ျ)ပေးပို့ခြင်း၊ Voice calls ၊ Video calls နဲ့ ပြည်တွင်းပြည်ပ အဖွဲ့လိုက် စကားပြော  ဆိုခြင်း၊ Chatting လုပ်ခြင်းများပြုလုပ်နိုင်တဲ့ Mobile Application တခုဖြစ်ပြီး LINE ကို စမတ်ဖုန်းတွေမှာသာမက ကွန်ပျူတာနဲ့ Tablet တွေမှာလည်း အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်တယ်လို့သိရပါတယ်။


သီဟတိုး

1 comments :

  1. Unknown said... :

    App; အသစ်လေးပါ ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved