Showing posts with label အညွန်း. Show all posts
Showing posts with label အညွန်း. Show all posts

ဒေသထွက်ပစ္စည်းတွေနဲ့ ခေတ်ပြိုင်လက်မှုအနုပညာပြပွဲ ကျင်းပမည်

Wednesday, March 11, 2015 0 comments


photo - british council facebook

 မြန်မာနိုင်ငံ အင်းလေးဒေသ၊ မန္တလေးနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့က လက်မှုပညာရှင်တွေ တီထွင်ဖန်တီးထားတဲ့ လက်မှု အနုပညာပစ္စည်း သုံးရာ့ငါးဆယ်ကို ခင်းကျင်းပြသမယ့် “လက်မှုမှသည် အနုပညာဆီသို့” ဆိုတဲ့ ခေတ်ပြိုင်လက်မှုအနုပညာပြပွဲကို ရန်ကုန်မြို့ ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ Goethe Villa မှာ ပြုလုပ်မှာပါ။

ဒါဟာ လက်မှုအနုပညာဖန်တီးမှု လက်ရာအသစ်တွေကို ခင်းကျင်ပြသမယ့် ပွဲလို့လည်း ဆိုနိုင်ပါတယ်။

ဒါ့ထက် သက်ဆိုင်ရာ ဒေသအသီးသီးရှိ လက်မှုပညာရပ်တွေအလိုက် မှတ်တမ်းရယူထားတဲ့ မှတ်တမ်းဗီဒီယိုတွေကိုလည်း ပြပွဲပြသချိန်များအတွင်း ပြသသွားမှာပါ။

ဒီပွဲကို ဗြိတိသျှကောင်စီ၊ SDC (Swiss Agency for Development and Cooperation) နဲ့ New Zero Art Space တို့ ပူးပေါင်းပြုလုပ်မှာပါ။ ၂၀၁၅ မတ်လ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမယ်လို့ British Council facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီပြပွဲမှာ ပြသမယ့် ပစ္စည်းတွေက ရှမ်းပြည်နယ် အင်းလေးဒေသက ၀ါး၊ အိုး၊ ငွေထည်၊ ရှမ်းရိုးရာ ယွန်းထည်၊ မန္တလေးမြို့က ရွှေချည်ထိုး၊ ရုပ်သေး၊ သစ်သားပန်းပု၊ ကျောက်ဆစ်နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ချည်ထည်(ဂျပ်ခုပ်နဲ့ ယက္ကန်း) တို့ကို ထည့်သွင်းပြသသွားမှာပါတဲ့။

ပြပွဲမှာ ဒေသအသီးသီးက လက်မှုပညာရှင်တချို့နဲ့ ဒေသဆိုင်ရာ လက်မှုပညာရှင်များရဲ့ ကိုယ်ယ်စားလှယ်များလည်း ရှိနေကြမှာ ဖြစ်ပြီး လက်မှုပညာကို ချစ်မြတ်နိုး ၊ စိတ်ပါဝင်စားကြသည့် ဘယ်သူမဆို လာရောက်ကြည့်ရှုနိုင်ပြီး သိလိုသမျှကို လွတ်လပ်စွာ မေးမြန်းဆွေးနွေးနိုင်ကြပါတယ်လို့လည်း ဖော်ပြထားပါတယ်။

အသေးစိတ် သိလိုသမျှကို http://www.myanmar-network.net/forum/topics/craft-exhibition မှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းရာပြည့် နဲ့ စာစောင် ၂ စောင်

Monday, February 23, 2015 0 comments


ဒီလထွက်တဲ့ စာစောင်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အငွေ့အသက် အများအပြား ပါဝင်နေတာ သတိထားမိကြမှာပါ။

စစ်သွေးကြွစာရင်း ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယပေးအပ်

Saturday, November 22, 2014 0 comments




-



ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကို ပစ်မှတ်ထားတဲ့ စီမံချက်အပါဝင်   တိုက်ခိုက်မှုများနဲ့ ဆက်နွယ်နေတယ်လို့ယူဆရသူ ၁၁ ဦးပါ စာရင်းကို   ဘင်္ဂလားဒေ့ရှ်အစိုးရထံ ပေးအပ်လိုက်ကြောင်း အိန္ဒိယအာဏာပိုင်တို့က နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြောပါတယ်။


  

လေဆင်နှာမောင်းနဲ့ ပတ်သက်တဲ့ ဇာတ်ကားသစ်

Tuesday, June 24, 2014 0 comments

လေဆင်နှာမောင်းနဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ နာမည်ကြီး ရုပ်ရှင်ကား Into the Strom ဟာ လာမယ့် သြဂုတ် လဆန်းမှာ အမေရိကန်ပြည်ထောင်စုမှာတော့ ရုံတင်ပြသပါတော့မယ်။ 


ဒီဇာတ်လမ်းမှာ လေဆင်နှာမောင်း ဘာကြောင့် ဘယ်လို ဖြစ်ရတယ်ဆိုတာ လေ့လာ သုတေသန ပြုနေကြ တဲ့ ပညာရှင်တွေက မြို့တမြို့မှာ လေဆင်နှာမောင် အန္တရာယ်ကျရောက်နိုင်တယ်လို့ ကြိုတင် ခန့်မှန်း ထားခဲ့ကြပါ တယ်။ 

 ခန့်မှန်းထားတဲ့ အတိုင်းပဲ ကြိုတင်ကာကွယ်မှုတွေ အားနည်းချက်ရှိခဲ့တဲ့ အဲဒီ မြို့မှာ လေဆင်နှာမောင်းရဲ့ ဝါးမြို သွားမှုကို ခံခဲ့ရတဲ့ အတွက် တကယ့် လက်တွေ့ဘဝမှာ သဘာဝ ဘေးအန္တရာယ်တွေကို ဘယ်လို ကြိုတင်ပြင်ဆင် ထားသင့်တယ်ဆိုတဲ့ အတွေးတွေရစေမယ့် ပညာပေး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်း တခုပါ။ 

 အခု ၂ဝ၁၄ ခုနှစ်အတွက် ဆုလည်း ရထားပြီး ဖြစ်တဲ့ ယူကျုပေါ်က Into the Storm - Official Teaser Trailer [HD] ကို ခံစားကြည့် နိုင်တယ်။

  


အိမ့်သံစဉ် ~


















ခရိုနီလို့ ခေါ်တာ မခံစားနိုင်ဘူးလို့ ဦးတေဇ ပြော

Friday, February 28, 2014 2 comments


မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက် ချမ်းသာကြွယ်ဝသူ ဦးတေဇက အရင်စစ်အရာရှိတွေကိုယ်တိုင်က သူ့ကို ခရိုနီတေဇ လို့ ခေါ်ဝေါ်သုံးနှုန်းတာကို မခံစားနိုင်ပါဘူး တဲ့။ 



Me N Ma Girls ကို အွန်လိုင်းမှာ မဲပေးနိုင်ပါပြီ

Wednesday, February 5, 2014 0 comments



~


အာရှဒေသတွင်း ဂီတသမားတွေနဲ့ အပြိုင်ကြဲနေတဲ့ Me N Ma Girls ကို  အွန်လိုင်းမှာ မဲပေးနိုင်ပါပြီ။

 -
အင်တာနက်မြန်နှုန်းနိမ့်ရင်တော့ အဆင်ပြေမယ် မဟုတ်ပါ။

မဲပေးကြဖို့ သူတို့ရဲ့ တိုက်တွန်းချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

 -
သူတို့ ညွှန်းတဲ့အတိုင်း မဲပေးတဲ့အခါ ပထမဆုံး joota စာမျက်နှာကို ရောက်ပါမယ်။ အင်တာနက်နှေးရင်တော့ အဝိုင်းလေး လည်နေတာကို ကာလကြာရှည်စွာ မြင်ရပါမယ်။

အင်တာနက်အဆင်ပြေရင်တော့ မဲပေးရေးခရီးဆက်နိုင်ဖို့ Facebook သို့တည်းမဟုတ် Twitter ကနေ တဆင့် ထပ်သွားဖို့ ပြောပါလိမ့်မယ်။
ထပ်သွားတဲ့အခါ
Facebook  ကနေ သွားတယ် ဆိုပါစို့။ ကိုယ့်ရဲ့
Facebook ပရိုဖိုင်းအချက်အလက်တွေ၊ သူငယ်ချင်းများစာရင်းတွေကို အဲဒီ joota စာမျက်နှာက ယူမယ် ဆိုတဲ့ စာတန်း ပေါ်လာမှာပါ။ သဘောမတူရင် Cancel ကို ကလစ်၊ သဘောမတူရင် Okay ကို ကလစ်လိုက်ရုံသာ။
-----------------------------------------------------------------------

Me N Ma Girls ကို အားပေးနေကြတဲ့ မြန်မာပရိတ်သတ်ကြီးရေ! Me N Ma Girls ရဲ့ "Girl Strong" သီချင်းက VIMA Asia Music Awards ရဲ့ Finalist ထဲကို တက်ရောက်လာပါပြီ။ Grand Final ဆုပေးပွဲကို February လကုန်ပိုင်း Malaysia နိုင်ငံမှာ ကျင်းပ မှာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရဲ့ မဲပေးမှုဟာလဲ အရေးပါတာမို့ "Girl Strong" သီချင်းကို မဲပေး (vote) လုပ်ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

မဲပေးပုံအဆင့်ဆင့်ကတော့
အကောင်းဆုံး Pop သီချင်း ကိုမဲပေးဖို့ အတွက်
http://bit.ly/vimaasia-pop

အကောင်းဆုံး Music Video ကိုမဲပေးဖို့အတွက်
http://bit.ly/vimaasia-musicvideo

ကို Click လုပ်ပြီး မိမိရဲ့ Facebook (သို့) Twitter အကောင့် နဲ့ Log in ၀င်ရောက်ပြီး Me N Ma Girls "Girl Strong" ကိုမဲပေးနိုင်ပါတယ်။
အာရှတေးဂီတဆုပေးပွဲမှာ မြန်မာနိုင်ငံက Me N Ma Girls ရဲ့ သီချင်းအတွက် မဲပေးလိုက်ကြရအောင်နော်!!!!


.


ရန်ကုန်ရဲ့ ရဟတ်ယာဉ်အိပ်မက်

Wednesday, December 4, 2013 0 comments

~
 

ရန်ကုန်တိုင်းဒေသကြီး သံလျင်၊ မှော်ဘီမြို့နယ်များမှာ ရဟတ်ယာဉ်ထုတ်လုပ်ရေးစက်ရုံဆောက်မယ် ဆိုတဲ့ သတင်း ထွက်လာပါတယ်။


“ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ”

Wednesday, June 5, 2013 1 comments

 


ဝတိုင်းရင်းသားများနေထိုင်သည့်နေရာကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဆင့် တရားဝင် သတ်မှတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ ဗဟိုအစိုးရအုပ်ချုပ်မှုအောက်မှ ခွဲထွက်ရန် ရည်ရွယ်ခြင်း မရှိကြောင်း
 UWSA ဝ လက်နက်ကိုင်အဖွဲ့က ပြောသည်။


(ဓာတ်ပုံ - သျှမ်းသံတော်ဆင့် သတင်းဌာန)


"ဝဒေသကို ပြည်ထောင်စုကနေ ခွဲထွက်ဖို့ မရည်ရွယ်ပါဘူး" ဟု  UWSA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော UWSP ပါတီ ပြောခွင့်ရ အရာရှိ ဦးဆမ်ခွန်က ဧရာဝတီကို ပြောသည်။

"ဒေသ" ဟူသည်မှာ "ပြည်နယ်"ထက် သေးငယ်သောကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုသည်ကို လက်ခံနိုင်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

ဝဒေသ တောင်ပိုင်းနှင့် ပတ်သက်ပြီး  အစိုးရနှင့် ဝ ခေါင်းဆောင်တို့ သဘောထားခြင်း မတိုက်ဆိုင်ကြဟု ဆိုသည်။

“အဲဒီနေရာကနေ ဖယ်မပေးနိုင်ဘူး။ အဲဒီနေရာကို စစ်ပွဲတွေနဲ့ ရင်းပြီး ရထားတာပါ။
ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ။ ဒီအတိုင်းတော့ ကျနော်တို့ ထွက်မသွားနိုင်ပါဘူး” ဟု ဝ အရာရှိက ပြောသည်။

(ငြိမ်းငြိမ်း ရေးသားတဲ့ UWSA Wants Autonomous State, Not Independence  www.irrawaddy.org/archives/36522 ကနေ ကောက်နုတ်ဖော်ပြပါတယ်။) 



.


ဦးသိန်းစိန်၊ အိုဘားမားတို့နဲ့ နာမည်ရလာတဲ့ အာကာကျော်

Friday, May 31, 2013 0 comments


  အုတ်နံရံမှာ ပန်းချီကားတွေ ဖန်တီးရေးဆွဲတဲ့ အာကာကျော်ရဲ့ Facebook ပရိသတ်အတွက်မျက်နှာက www.facebook.com/ArkerKyaw  ဖြစ်ပါတယ်။
သူ့စာမျက်နှာမှာ သူ့လက်ရာ မှတ်တမ်းပုံတွေ အများအပြားကို ကြည့်ရှုနိုင်မှာပါ။
ဒီမှတ်တမ်းပုံတွေကို အွန်လိုင်းမှာ တင်တဲ့အတွက် သူ့လက်ရာတွေကို လေ့လာလိုသူ ကြည့်ရှုလိုသူများအတွက်  အဆင်ပြေပါတယ်။
ဘာကြောင့်လဲ ဆိုတော့ အုတ်နံရံမှာ ပန်းချီကားတွေက ပြင်ပမှာ ရေရှည် မတည်တံ့လို့ပါပဲ။

အာကာကျော်ရဲ့ ပန်းချီကားများ နဲ့ သူ့ဘ၀အကြောင်းကိုတော့ အောက်ပါ လင့်တွေမှာ အသေးစိတ် တွေ့ရမှာပါ။

ဦးသိန်းစိန် နဲ့ အိုဘားမား ဘယ်သူပိုကြည့်ကောင်းသလဲ http://blog.irrawaddy.org/2013/05/blog-post_328.html

 ဦးသိန်းစိန်ပုံဆွဲဖို့ မင်ကြောင်ထိုးပြီး ငွေရှာခဲ့သူ ကိုအာကာကျော်နဲ့ အင်တာဗျူး http://blog.irrawaddy.org/2013/05/blog-post_8337.html

အာကာကျော်ရဲ့ Facebook မှာ တွေ့ရတဲ့ လက်ရာများထဲက တခု
အသက် ၂ဝ ဝန်းကျင်အရွယ် လူငယ်လေး အာကာကျော်ရဲ့ လက်ရာတွေကို နှစ်သက်သူ အားပေးသူ အများအပြား ရှိနေပါတယ်။

အိုဘားမားရဲ့ ရန်ကုန်ခရီးစဉ်ကာလမှာ ဖန်တီးခဲ့တဲ့ ရန်ကုန်မြို့တနေရာက အိုဘားမားပုံလမ်းဘေးပန်းချီကားကို ဖန်တီးခဲ့ချိန်ကစပြီး အာကာကျော်ကို တဖြည်းဖြည်း သတိထားမိလာကြတာ ဖြစ်ပါတယ်။

အာကာကျော် ဘယ်နေရာမှာ ဘာပုံထပ်ဆွဲဖို့ အစီအစဉ်ရှိသလဲ မသိရသေးပါ။
သူကလည်း ဒီအကြောင်း ကြိုတင် ပြောထားတာ မရှိပေမယ့် အံ့သြသွားအောင် လုပ်ပြချင်တယ်လို့ ဆိုထားပါတယ်။
 



.


ကော်ဖီ ကော်နာနဲ့ ဦးခင်ညွန့် ( ရုပ်/ သံ)

Wednesday, May 15, 2013 0 comments

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ ၂၀၁၃ ခုနှစ် မေလ ၁၁ ရက်နေ့မှာတော့ န၀ဒေး ပန်းချီပြခန်း၊ န၀ဒေး ကော်ဖီကော်နာနဲ့ န၀ဒေး အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေကို သူ့ခြံတွင်းမှာ ဖွင့်လှစ် လိုက်ပါပြီ။ 



ဦးခင်ညွန့်ဟာ နအဖ စစ်အစိုးရလက်ထက်က တပ်မတော် ခေါင်းဆောင်ကြီးများ နေထိုင်ခဲ့ရာ န၀ဒေးလမ်း ခြံအမှတ် ၂၇ မှာ ပန်းချီပြခန်းနဲ့ ကော်ဖီကော်နာတွေ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။ 

တချိန်က ဘုန်းမီးတောက်ခဲ့တဲ့ ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီး တဦးအနေနဲ့ အခုလို ပန်းချီပြခန်းနဲ့ ကော်ဖီကော်နာ ဖွင့်ဖို့ ဘယ်လို စိတ်ကူးရခဲ့သလဲ၊ ထောက်လှမ်းရေး ခေါင်းဆောင်ဘဝက အခြေအနေနဲ့ အခုအခြေအနေ ဘာကွာခြားလဲ၊ နိုင်ငံရေး လောကထဲကော ဝင်လာဖို့ အစီအစဉ်ရှိသလား ဆိုတာကို ဧရာဝတီ သတင်းထောက် လ၀ီဝမ်နဲ့ နန်းသီရိလွင်တို့က တွေ့ဆုံ မေးမြန်းထားပါတယ်။


ဧရာဝတီ မြန်မာပိုင်းစာမျက်နှာပေါ်တွင် လူအိုတွေ နိုင်ငံရေး မလုပ်သင့်ကြောင်း ပြောတဲ့ ဦးခင်ညွန့်နဲ့ ... ဆိုတာကို  ဤနေရာမှ တဆင့်လည်း သွားရောက်ဖတ် နိုင်ပါပြီ။



 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved