Showing posts with label Anita Bharadwaj. Show all posts
Showing posts with label Anita Bharadwaj. Show all posts

အချစ်တွေရှိနေသရွေ့

Tuesday, February 4, 2014 0 comments

~


 
မနေ့က ကျွန်မနဲ့ video chat လုပ်တုန်း သူ့လက်လေးနှစ်ဘက်ကို ထောင်ပြတော့  - ပောာ ... လက်တစ်ဘက်က လက်သည်းနီ အနီရောင်၊  နောက်တစ်ဘက်က အပြာရောင်...
 


ကျွန်မက မေမေ့ကိုအမြဲပျော်ပျော်လေး မြင်ချင်တာမို့ ... "မေမေကတော့ မနိုင်ဘူး လန်ထွက်နေတာပဲ" လို့ပြောရင်း
 "ဒီမှာဆိုလက်သန်းကြွယ်လေးနှစ်ချောင်းကို တစ်ရောင်၊  ကျန်တဲ့လက်တွေက တစ်ရောင်ဆိုးကြတယ်။ မေမေလည်းဆိုး" လို့ ပြောတော့ မေမေက.... မုဆိုးမဖြစ်သွားပြီ၊  အဲဒီလိုဆိုးလို့မကောင်းဘူး တဲ့...

မေမေက နှုတ်ခမ်းနီ အရမ်းကြိုက်တယ်။ ပါပါမရှိတော့တဲ့နောက် နှုတ်ခမ်းနီမဆိုးတော့ဘူး လုပ်လို့ ကျွန်မ အိမ်အပြန် မေမေ့အတွက် နှုတ်ခမ်းနီ အနီရောင်ကိုမှ ရွေးဝယ်ပြီး  တောင်းတောင်းပန်ပန် ဆိုးခိုင်းရတာကို သွားသတိရမိတယ် ...။

အိမ်မှာမင်္ဂလာဆောင်ရှိတုန်းကလည်း ကျွန်မမေမေက အခမ်းအနားမှူးလုပ်မယ်ဆိုလို့ ကျွန်မပျော်ခဲ့ရသေးတယ်။
ဒါပေမယ့်လည်း ... မုဆိုးမဆို မင်္ဂလာပွဲမှာ ရှေ့မထွက်ရဘူး ..၊
ကိုယ့်သမီး မင်္ဂလာဆောင်နေစဉ်တောင် အမေက မုဆိုးမဆို ဘေးနား မထိုင်ရဘူး တဲ့ ...
ဒီလွဲမှားတဲ့ အယူဝါဒတွေ ပပျောက်ဖို့ အတော်လေးကိုကြိုးစားရဦးမယ် ..။

လူတစ်ယောက်သေခြင်းရှင်ခြင်းပာာ သဘာဝတရားမို့ ငြင်းဆန်လို့ မရပေမယ့် ဆုံးပါးသွားတဲ့လူကို ကိုယ့်စိတ်ထဲ ရှင်သန်ခွင့် ပေးတာ မပေးတာကျတော့ ကိုယ့်ပေါ်မှာ မူတည်တယ် ...

မေမေ့ရင်ထဲမှာ ပါပါအမြဲရှိတယ်. ....ပျော်စရာပဲဖြစ်ဖြစ် ဝမ်းနည်းစရာပဲဖြစ်ဖြစ်၊  ပါပါသာ ရှိရင် ဆိုတဲ့စိတ်နဲ့ အမြဲ ပါပါ့ အတွက်ပါ ခံစားပေးရင်း မေမေ ပါပါ့ကို ရင်ထဲမှာရှင်သန်ခွင့်ပေးထားတယ်... ။

ပါပါ့ရဲ့ မကောင်းတဲ့အကျင့်တွေ ... ဥပမာ ကျွန်မ အချိုစားတိုင်း ပါပါ့လို ၀မယ် ..
နင့်အဖေတုန်းက နားမထောင်ဘူး။ သူသာ နားထောင်ရင် ... ပါပါ့အကျင့်ဆိုးလေးတွေ ပြင်ပေးချင်နေတာ၊  မေမေ့ရင်ထဲ ပါပါရှင်သန်နေဆဲ...။

တစ်အိမ်တည်းအတူနေ တစ်ခုတင်တည်းအတူအိပ်ပြီး ဖြည့်တွေးပေးနိုင်တဲ့စိတ်ခွန်အားလည်းကုန်၊  သစ္စာဆိုတာ အိမ်တခါးဝထိသာ ပါပြီး... ခြောက်ခမ်းနေတဲ့ပန်းလေး အိမ်ရှေ့ခန်းမှာ ထားပြီး  အပြုံးအတုနဲ့ပြုံးမယ့်အစား မေမေ့ရင်ထဲမှာ ရှင်သန်နေတဲ့ပန်းလေးက ဘယ်တော့မှ မခြောက်သွားမှာမို့ အပြုံးအစစ်ကို ပိုင်သူသာ မေမေပါ။

မေမေ့ရင်ထဲ ပါပါ့အတွက် အချစ်တွေရှိနေသရွေ့ မေမေ မုဆိုးမ မပာုတ်ပါဘူး။
 -
Anita Bharadwaj



.


နှစ်သစ်

Sunday, January 5, 2014 0 comments

~


နှစ်တစ်နှစ်ကုန်လွန်သွားပေါ့..
ဓာတ်ပြားပောာင်းတစ်ချက်ပြန်ဖွင့်ကြည့်သလို ကုန်ခဲ့တဲ့တစ်နှစ်ကိုပြန်ကြည့်တဲ့အခါ...
ကိုယ့်လုပ်ရပ်တိုင်းအတွက် ကိုယ့်လိပ်ပြာကိုယ်လုံပါစေ...

 


သဘာဝတရားကို ခံစားပါ

Wednesday, October 23, 2013 0 comments




~


မနက်ကတည်းက စာသင်ခန်းတွေကို တစ်ခန်းဝင်တခန်းထွက် အတန်းကူးနေတာ နေ့လယ် ၁၂း၃ဝ မှ ခဏ နားရတဲ့အတွက် ကျောင်းအဆောက်အအုံ အပြင်ဘက်ထွက်လိုက်တော့မှ
ညို့မှိုင်းနေတဲ့ ကောင်းကင်ကြီးနဲ့ တဖြိုက်ဖြိုက်ကျနေတဲ့မိုးစက်လေးတွေကိုကြည့်ရင်း ရင်ထဲမှာ ဝမ်းနည်းဝမ်းသာကြီး...။


တန်ဖိုးရှိတဲ့ပေးဆပ်စွန့်လွှတ်မှုမှ တန်ဖိုးရှိတဲ့အောင်မြင်ခြင်းသို့

Sunday, October 13, 2013 1 comments

~




ကျွန်မက အရုပ်ကြိုက်သူပီပီ ကုန်တိုက်ကြီးတွေ သွားတိုင်း အရုပ်ဆိုင်လေးတွေကို ဝင်ကြည့်လေ့ရှိတယ်။ 
အရုပ်လေးတွေမြင်တိုင်း တရားမရှိပြောလေ့ရှိတဲ့ စကားလေးကို ဘေးက စူပုပ်ပုပ်လိုက်လာတဲ့ သူငယ်ချင်းကိုပြောလိုက်မိတယ်...
America မှာ ကလေးဖြစ်ရတာ တန်လိုက်တာပာယ်၊  ငါ ငယ်ငယ်တုန်းကဆို မြန်မာပြည်မှာ

အရုပ်ကောင်းကောင်းတွေ မရှိဘူး....။ 


နွေးနေသောလက်ကလေး အေးမသွားစေချင်

Saturday, October 12, 2013 0 comments

~


 

သေခြင်းတရားသည် လူတစ်ယာက်အား လက်တစ်ကမ်းအဝေးမှ စောင့်ကြိုနေပါသည်။
သေးခြင်းတရားသည် အသံမပေးဘဲ တခါးဝသို့ တိတ်တဆိတ် ရောက်နေပါပြီ။
 



အမေ့အိမ်သို့

Thursday, October 10, 2013 0 comments

 ~


 
အိပ်ယာထရင် စားပွဲပေါ်မှာစားဖို့အဆင်သင့်ရှိတဲ့ အမေ့အိမ်၊
ကျွန်မရဲ့လက်ကျန်ကော်ဖီခွက်တွေ တင်ကျန်ရစ်ခဲ့တဲ့ အမေ့အိမ်၊
ဗီဒိုထဲမှာ အဝတ်တွေ စနစ်တကျ အစီအရီထားတဲ့ အမေ့အိမ်၊
မီးဖိုဆောင်ထဲမှာ ကျွန်မခြေရာတွေသိပ်မတွေ့ရတဲ့ အမေ့အိမ်၊
ဖိနပ်စင်ပေါ်မှာ ကျွန်မဖိနပ်လေးတွေ အစီအရီရှိတဲ့ အမေ့အိမ်၊




 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved