Showing posts with label Education. Show all posts
Showing posts with label Education. Show all posts

အရင်းစစ်တော့ အမြစ်မြေက

Thursday, July 17, 2014 0 comments

 ~


  


ပညာရေးဝန်ကြီးတွေက တယောက်ပြီးတယောက် ပြောင်းလဲသွားကြပါတယ်။ ပညာရေးစနစ်ကတော့ ဘာ့မှ မပြောင်းလဲသေးပါဘူး။

Ooredoo ရဲ့ ညောင်လေးပင် ဘကကျောင်းအလှူ

Tuesday, July 8, 2014 0 comments

 ~




Ooredoo မြန်မာကုမ္ပဏီက ဆက်သွယ်ရေးလိုင်စင်ရရှိခြင်း တနှစ်ပြည့်အမှတ်တရအဖြစ် ညောင်လေးပင်မြို့နယ်ထဲက ဘုန်းတော်ကြီးသင်စာသင်ကျောင်းတခုမှာ အလှူဒါနပြုခဲ့ပါတယ် တဲ့။

ပန်းပျိုးသူများရဲ့စာသင်ဝိုင်း

Saturday, June 28, 2014 1 comments

 ~





မန္တလေးမြို့ လမ်းဆုံလမ်းခွ၊ မီးပွိုင့် တချို့ မှာ  ပန်းရောင်းကြတဲ့ ကလေးငယ်တွေ၊ လက်ဖက်ရည်ဆိုင်မှာ  အလုပ်လုပ်ကြတဲ့ ကလေးတွေကို စာသင်ပေးနေတာကတော့ ပန်းပျိုးသူများစာသင်ဝိုင်း ဖြစ်ပါတယ်။
 


ဆယ်တန်းစာမေးပွဲ အမှတ်အများဆုံး ၂၂ ဦး

0 comments

 ~



၂၀၁၄  တက္ကသိုလ်ဝင်တန်းစာမေးပွဲ  အမှတ်အများဆုံးရရှိသူ ၂၂ ဦးရဲ့ အချက်အလက်တချို့ ထွက်လာပါပြီ။

တနိုင်ငံလုံးမှာ အမှတ်အများဆုံးစာရင်းပါ။

 

ပြီးခဲ့တဲ့ ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့ အဆုံးသတ်ချိန်မှာ စာသင်ခန်းထဲက ထွက်လာကြသူတချို့ 

(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)
  • ၀ိဇ္ဇာဘာသာတွဲ ၁၂ ဦး

အားလုံးက မိန်းကလေးတွေချည်းပါပဲ။
ဝိဇ္ဇာတွဲမှာ ဧရာဝတီတိုင်းက အကုန်လုံးနီးပါး ယူသွားတယ်လို့ ဆိုရမယ်။
ဧရာဝတီတိုင်းက ၁၁ ဦး၊ ကချင်ပြည်နယ်က ၁ ဦး။


  • သိပ္ပံဘာသာတွဲ ၁၀ ဦး

သိပ္ပံတွဲမှာတော့ ရန်ကုန်က အများစု ဖြစ်နေပါတယ်။
ရန်ကုန် ၈ ယောက်၊ မန္တလေး ၂ ယောက်။


ဒီစာရင်း စိတ်ဝင်စားတယ်ဆိုရင် ဆက်စပ် ဖတ်ကြည့်သင့်တာကတော့ သောကြာနေ့ထုတ် မော်ဒန်သတင်းဂျာနယ် စာမျက်နှာ ၂၈ မှာ ပါတဲ့ ဆောင်းပါးတို ဖြစ်ပါတယ်။


တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာနှုန်း ၃၁ လောက်ပဲ ရှိတာကို ထောက်ပြထားတဲ့ဆောင်းပါးပါ။

အယောက် ၁ဝဝ ဖြေရင် ၇ဝ လောက် မအောင်ဘူး၊ ၃၁ ဦးပဲ အောင်တယ်။

မအောင်တဲ့ ၇၀ ဘယ်ရောက်သွားလဲ၊ ဘာလုပ်နေလဲ၊ သူတို့ရဲ့ရှေ့ရေးက ဘယ်လိုလဲ ဆိုပြီး မေးခွန်းထုတ်ထားတာပါ။

ဆယ်တန်းမှာတင် လမ်းမဆုံးအောင် နည်းလမ်းတွေ ဖန်တီးပေးပါ လို့ ခေါင်းစဉ်တပ်ထားပါတယ်။

 


  • ပြုပြင်ပြောင်းလဲရေး

မြန်မာပြည်မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ ဖြစ်ပေါ်နေပြီ ဆိုတာ ပညာရေးနယ်ပယ်မှာ ဟုတ်ဟန် မတူပါဘူး။

 မဆလ၊ န၀တ၊ နအဖခေတ် ဗိုလ်ချုပ်ကြီးတွေက လူတတ်ကြီးတွေလုပ်ပြီး ဌာနဆိုင်ရာတွေမှာ ဝင်ရောက် ကြိုးကိုင်ခဲ့တာ အဲဒီထဲ ပညာရေးဌာနလည်း ပါပါတယ်။

ပညာရေးကို သူတို့ စနစ်တကျ ဖျက်ဆီးထားတာ ကြာပါပြီ။

ဒီမိုကရေစီဖော်ဆောင်နေတဲ့ကာလမှာ ပညာရေးဘက်မှာ အပြောင်းအလဲလုပ်ဖို့ဆိုတာက အတော်လေး ခက်ခဲနေဟန်တူတယ်လို့ ယူဆရပါတယ်။

 



.

ကလေးတယောက် တက်ဘလက်တလုံး စီမံကိန်း ထိုင်းမှာဖျက်သိမ်း

Thursday, June 19, 2014 0 comments

 ~


 


စစ်တပ် အာဏာသိမ်းတဲ့ ထိုင်းနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေ အများအပြားထဲက တခုကိုတော့ ကလေးတွေ ကြိုက်ကြမယ် မထင်ပါ။


စနေမနက် ဆယ်တန်းအောင်စာရင်းထွက်မယ်

Wednesday, June 4, 2014 0 comments

 ~




၂ဝ၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို လာမယ့်စနေနေ့မနက်မှာ ထုတ်ပြန်ပါတော့မယ်။

တနိုင်ငံလုံး တပြိုင်နက် ထုတ်ပြန်မယ်လို့ ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ရေးထားပါတယ်။

ဒါကြောင့် စနေမနက်စောစော အထက်တန်းကျောင်းတွေမှာ အောင်စာရင်းကြည့်သူတွေနဲ့ စည်ကားနေမှာဖြစ်ပါတယ်။

(အပေါ်ပုံကတော့  
ရန်ကုန်မြို့ စာသင်ကျောင်းတခုမှာ မနှစ်က ရိုက်ကူးထားတာဖြစ်ပါတယ်)

  • ဆက်စပ်

စိုးပြည့်သဇင် ၁၀ တန်းအောင်သွားပြီ


ကျောင်းတွေ ဖွင့်တော့မယ်၊ ကျောင်းဘယ်မှာ ထားရမလဲ


ခန္ဓာမသန်စွမ်း သော်လည်း စိတ်ဓာတ် သန်စွမ်းသူ





.

ကျောင်းအပ်ကြပြီ

Tuesday, May 27, 2014 1 comments

 ~




ဒီနှစ်ရဲ့ ကျောင်းဖွင့်ရာသီ ရောက်ပါပြီ။ ဒီနှစ်ရဲ့ ထူးခြားချက်တခုကတော့ အလယ်တန်း အခမဲ့ ပညာရေးစနစ်ကို မိတ်ဆက်ခြင်းပါပဲ။

ရန်ကုန်မြို့ စာသင်ကျောင်းတချို့ရဲ့ ကျောင်းအပ်ချိန် မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(ဓာတ်ပုံ - ဟိန်းထက် / ဧရာဝတီ)
ကျောင်းမဖွင့်ခင် တပတ်ကြိုပြီး ကျောင်းအပ်။

ဇွန်လ ၂ ရက်နေ့ တနင်္လာနေ့ ဆိုရင် ကျောင်းတက်ရပါပြီ။

ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေ ၂၅ တနင်္ဂနွေကနေ   မေ ၃၁ စနေနေ့အထိ သတ်မှတ်ထားတာပါ။

အလယ်တန်းကျောင်းသူကျောင်းသားတွေ ဆိုရင် ပုံနှိပ်စာအုပ်တွေကို ၀ယ်စရာ မလိုတော့ပါဘူး။ တနိုင်ငံလုံးက အလယ်တန်းကျောင်းသူကျောင်းသားများကို ပုံနှိပ်စာအုပ်တွေ အခမဲ့ ပေးဝေရပါမယ်။

ကလေးတွေက နွေရာသီအားလပ်ရက်ကာလ အဆုံးသတ်ပြီး စာသင်ခန်းထဲ ဝင်ရပါတော့မယ်။

နွေရာသီအားလပ်ရက် ဆိုပေမယ့် တချို့လည်း တကယ် အားလပ်၊ ဆော့ကစား လည်ပတ်ခဲ့ရမှာပါ။ တချို့လည်း ကျူရှင်ခန်း သင်တန်းခန်းထဲ အချိန်အတော်ပေးခဲ့ရဖွယ်ရှိပါတယ်။

ကလေးတွေကို ကျောင်းအပ်နှံရတာ အဆင်ပြေတဲ့ကျောင်းတွေ ရှိသလို၊ ခက်ခဲတဲ့ကျောင်းတွေလည်း ရှိပါလိမ့်မယ်။

ကလေးတွေ စာသင်ခန်းထဲရောက်ရှိရေးက အရေးကြီးပါတယ်။

ဒီရက်ပိုင်းအတွင်း တနိုင်ငံလုံးက မူလတန်း အလယ်တန်း အထက်တန်း ကျောင်းတွေမှာ ဒီလိုမြင်ကွင်းမျိုးကို တွေ့ကြရမှာဖြစ်ပါတယ်။


 



-

ဘတ်စ်ကားစာသင်ခန်းပညာရေးရဲ့ ဒုတိယခြေလှမ်း

Saturday, May 10, 2014 0 comments

~


ဘတ်စ်ကားစာသင်ခန်းတခု ထပ်မံ ပေါ်ပေါက်လာပါပြီ။
ဒီအကြောင်းနဲ့ ပတ်သက်တဲ့ ဖိတ်စာတခုကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
 


ဖိတ်စာမှာ မြို့မကျောင်းရှေ့ ကားရပ်ထားတဲ့ပုံ ဖော်ပြထားပေမယ့် ဒီရဲ့ ပညာရေးအစီအစဉ်ကို မြို့မကျောင်းမှာ တွေ့ရမယ် မဟုတ်ပါ။

ဘတ်စ်ကားကတော့ ဒီအစီအစဉ်နဲ့ တိုက်ရိုက် ပတ်သက်ပါတယ်။


  • ဆက်စပ် ဖတ်ရှုရန်


School Hits the Road for Burmese Teashop Boys
 http://www.irrawaddy.org/feature/school-hits-road-burmese-teashop-boys.html



ရန်ကုန်မြို့၌ကျင်းပ ပြုလုပ်မည့် ဒုတိယ myME ဘက်စကားဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

Please join us for Second myME Bus launch event in Yangon, Myanmar (Burma) on Sunday (May 11, 2014). Please share and invite anyone who might be interested.

Date: Sunday, May 11, 2014
Time: 6:00pm-8:00pm
Location: myME office (No. 7, U Ba Kyaw Street, Tamwe Lay, Tamwe
Township, Yangon, Myanmar | အမှတ်(၇), ဦးဘကျော်လမ်း, တာမွေလေးရပ်ကွက,်ရန်ကုန်မြို့)

Email: info@myMEproject.org | www.myMEproject.org
Phone: 01-562103 | 09-73156527

ရည်ရွယ်ချက် - မြန်မာနိုင်ငံရှိ ကလေးသူငယ်တိုင်းသည် လုံခြုံအေးချမ်းစွာပညာသင်ကြားနိုင်ရန် အခွင့်အရေး ရှိသည်။
ပညာရေးသည် ကလေးအလုပ်သမားများကိုလျှော့ချနိုင်ပြီး တိုးတတ်ခိုင်မာသောအနာဂတ်၏အာမခံချက်ဖြစ်သည်။

မျှော်မှန်းချက် - မြန်မာနိုင်ငံတွင် လက်ဖက်ရည်ဆိုင် ၊
စားသောက်ဆိုင်များတွင် အလုပ်လုပ်နေရသော ကလေးသူငယ်များအတွက် မိုဘိုင်းစာသင်ခန်းမများဖြင့်(Mobile Classrooms) ကျောင်းပြင်ပ အခြေခံပညာရေးကိုသင်ကြားပံ့ပိုးပေးရန်ဖြစ်သည်။ ဤမိုဘိုင် စာသင်ခန်း(Mobile Classroom)တွင် ခေတ်မှီထိရောက်သော နီးစနစ်များဖြင့်‌ ကလေးသူငယ်များကို အခြေခံစာပေ၊အတွေတွေ ဗဟုသုတ၊ ကွန်ပျူတာကျွမ်းကျင်မှုများကို သင်ကြားပေးမည့် အပြင် မိမိကိုယ်ကိုယုံကြည် လေးစားမှု နှင့် တိုးတက်ဖွံ့ဖြိုးသောတွေးခေါ်မှုများ ရရှိစေရန် ရည်ရွယ်မျှော်မှန်းပါသည်။

This is a unique and vital project with enormous impact, and one that could go far with the help of compassionate supporters like you!
 



.


စားပွဲထိုးလေးများအတွက် ရွေ့လျား စာသင်ခန်း

0 comments


~




မြန်မာ့ရွေ့လျား ပညာရေး ပရဟိတအဖွဲ့ဆိုတဲ့ (My ME Project) အဖွဲ့ဟာ ဘတ်စ်ကားကြီးတစီးနဲ့ ကလေးငယ်တွေရဲ့ ပညာရေးအတွက် ၀န်ဆောင်မှုကို ရန်ကုန်မြို့မှာ စတင်နေပါပြီ။

 

 


ကလေးတွေဆီအရောက်သွားတဲ့ စာသင်ခန်း

0 comments

~

 

  



(မေစစ်ပိုင် ရေးသားသည်)

စစ်ကျန် ဘတ်စ်ကားဟောင်းကြီးကို ပြန်လည်ပြုပြင်ထားတဲ့ ကားတွင်းစာသင်ခန်းပေါ်မှာ “အေ၊ ဘီ၊ စီ၊ ဒီ” ကို အသံထွက်ဆိုရင်း ဖတ်စာအုပ်ထဲက အက္ခရာတွေကို ကြည့်လိုက်၊ ဗလာစာအုပ်ထဲမှာ ချရေးလိုက်၊ စာလုံး မှားသွားရင်၊ စိတ်ကြိုက်မတွေ့ရင် ခဲဖျက်နဲ့ဖျက်လိုက် ပြန်ရေးလိုက် လုပ်နေတာတဲ့ ကျောင်းသား က တော့ မောင်ကျော်သက်လို့ ခေါ်တဲ့ လက်ဖက်ရည်ဆိုင်ဝန်ထမ်းတဦးဖြစ်ပါတယ်။

ကျောင်းစာသင်ခန်းတခန်းနဲ့တူအောင် သင်ပုန်း၊ စာသင်ခုံတွေက အစ ထည့်သွင်းပြုပြင်ထားတဲ့ ဒီကားဟောင်းကြီးပေါ်မှာ မောင်ကျော်သက်တို့လို လူငယ် ၁၂ ယောက် စာသင်နေကြတာတွေ့ရပါတယ်။
ဆရာမတဦးက ကြီးကြပ်နေပြီး ကျောင်းသားတွေအားလုံးက သူငယ်တန်း အင်္ဂလိပ်ဖတ်စာထဲကအက္ခရာ တွေကို အသံထွက်ရွတ်ဆိုကြပြီး ဗလာစာအုပ်ထဲ ကူးရေးနေကြတာပါ။

ဒါ့အပြင် စာသင်ဖို့ ခွင့်ပြုချက်ရထားပြီးဖြစ်တဲ့ လက်ဖက်ရည်ဆိုင်ဝန်းထဲမှာလည်း ဆရာမတဦးက ပရိုဂျက်တာပေါ်မှာ ပြထားတဲ့ အင်္ဂလိပ်သင်ခန်းစာတချို့ကို ရုပ်ပုံတွေနဲ့ တကွ သင်ကြားပေးနေတာကို စိတ်ဝင်တစား နားထောင်နေကြတဲ့ ကျောင်းသား အများအပြားကိုလည်း တွေ့ရပါတယ်။

သူတို့ကတော့ မောင်ကျော်သက်တို့လိုပဲ ကျောင်းပညာရေးမပြီးခဲ့ပေမဲ့ သူတို့သင်ခဲ့ဖူးတဲ့ ကျောင်းစာတွေထဲက တချို့ကို မှတ်မိတဲ့သူတွေဖြစ်တာကြောင့် အခြေခံအလယ်တန်းအဆင့် ကျောင်းစာတွေကို သင်ယူနေကြတာပါ။

အဲဒီကျောင်းသားတွေအားလုံးက လက်ဖက်ရည်ဆိုင်တဆိုင် ရဲ့ စားပွဲထိုး၊ စားဖိုမှူးအလုပ်တွေလုပ်နေတဲ့ သူတွေဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေနဲ့ ဧရာဝတီတိုင်းဒေသကြီး ကနေ ရန်ကုန်မြို့ပေါ်မှာ အလုပ်လုပ်ဖို့အတွက် ရောက်လာကြသူတွေဖြစ်တယ်လို့သိရပါတယ်။

“၃ တန်းအောင်ပြီးကတည်း ကျောင်းမတက်ဖြစ်တော့တာဆိုတော့ စာတွေမေ့ကုန်ပြီ၊
စာသင်ရတာပျော်တယ်၊ အလုပ်အားတဲ့အချိန်တွေဆို ရွာကို စာရေးတယ်၊
စာအုပ်ဖတ်တယ်၊ တီဗွီကြည့်တယ်”လို့ အေ၊ ဘီ၊ စီ၊ ဒီ ရေးနေတဲ့ မောင်ကျော်သက်က ပြောပြပါတယ်။

သူက ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရွာတရွာကနေ ရန်ကုန်မြို့ပေါ်ကို တက်လာပြီး လက်ဖက်ရည်ဆိုင်တဆိုင် မှာ စားဖိုမှူး အလုပ် လုပ်နေတဲ့ အသက် ၂၀ ကျော် အရွယ်ရှိ လူငယ်တယောက်ဖြစ်ပါတယ်။
 အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာရေး မပြီးပြတ်ခဲ့ပေမဲ့ မောင်ကျော်သက် တယောက် စာပြန်သင်နေရတာ ပျော်ပုံရပါတယ်။

“မြန်မာနဲ့ သချာင်္သင်ရတာ သိပ်မခက်ဘူး၊ အင်္ဂလိပ်စာကတော့ နည်းနည်း ပိုခက်တော့ ကြိုးစားနေတယ်၊ ကျနော် စာအုပ်ကြီးတွေ  သိပ်ဖတ်ချင်တယ်”လို့ သူက ပြောပါတယ်။

လက်ဖက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေကြပြီး ကျောင်းပညာရေးနဲ့ ဝေးနေတဲ့ ကလေး၊ လူငယ်တွေကို ပညာတတ်တွေဖြစ်ပြီး လူမှုဆက်ဆံရေးမှာပိုပြီး တိုးတက်စေချင်တဲ့ရည်ရွယ်ချက်တွေကြောင့် မြန်မာရွေ့လျားပညာရေးပရဟိတ အဖွဲ့ (Myanmar Mobile Education Project-My ME Project)က ဆိုင်ရှင်တွေထံက ခွင့်ပြုချက်တွေယူပြီး ရန်ကုန်မြို့ပေါ်က လက်ဖက်ရည်ဆိုင်တချို့မှာ ပညာဒါန စာသင်ကြားပေးနေတာပါ။

 


“ကျောင်းမသွားနိုင်တဲ့ကလေးတွေကို သူတို့မလာနိုင်ရင် ငါတို့က သူတို့ဆီ အရောက်သွားပြီး စာသင်ပေးမယ်ဆိုတဲ့ စိတ်နဲ့ ပါ၊ ပညာရေးတပိုင်းတစ ဖြစ်ခဲ့ရတဲ့ ကလေးတွေရဲ့ ဘဝတွေကို ပညာတတ်တွေဖြစ်လာစေချင်သလို သူတို့တွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ မှန်ကန်လာဖို့နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေရှိလာစေချင်တာ”လို့ မြန်မာရွေ့လျားပညာရေး ပရဟိတအဖွဲ့ ဒါရိုက်တာ ကိုတင်မောင်မောင်အေးက ဧရာဝတီ ကို ပြောပါတယ်။

ကိုတင်မောင်မောင်အေးတို့အဖွဲ့ကို လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က  ဖွဲ့စည်းခဲ့တာပါ။
သူနဲ့ သူ့မိတ်ဆွေ ၅ ဦးတို့နဲ့ အစပြုခဲ့တဲ့ ဒီအဖွဲ့ရဲ့ အဓိက ရည်ရွယ်တာကတော့ ကျောင်းပညာရေးမပြီးပြတ်ခဲ့ရတဲ့ကလေး၊ လူငယ်တွေအတွက် ကျောင်းပြင်ပရွေ့ပြောင်းစာသင်ကျောင်းဆိုတာကို အကောင်အထည်ဖော်ပြီး ကလေးတွေရဲ့ ဘဝအပြောင်းအလဲဖြစ်လာဖို့အတွက်ပါပဲ။

 “ကျနော်တို့သင်နေတဲ့ သင်ရိုးပုံစံ ကို ကလေးတွေ နားလည်နိုင်စွမ်းဘယ်လောက်ရှိလဲ အရင်ကြည့်နေတယ်၊ ကလေးတွေက ပညာကို သိပ်လိုချင်ကြတယ်၊ ကျနော်တို့ ဘတ်စ်ကားဆိုက်ပြီဆိုတာနဲ့ သူတို့လေးတွေ ထိုင်ခုံမှာထိုင်ပြီး စာရေးကိရိယာတွေလည်း အဆင်သင့်ဖြစ်နေကြပြီ”

လက်ဖက်ရည်ဆိုင်တခုက စားပွဲထိုးကလေး တဦးနဲ့ သိကျွမ်းခဲ့တဲ့နောက်ပိုင်း သူတို့ရဲ့ဘဝအခြေအနေ တွေကိုသိခဲ့ရတာကြောင့် လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေကြတဲ့ ပညာချို့တဲ့သူ ကလေးတွေအတွက် ပညာရေးအလှူပရဟိတလုပ်ဖို့ စိတ်ကူးခဲ့ရာက လက်တွေ့အကောင်အထည်ဖော်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 မြောက်ဥက္ကလာပ နဲ့ တာမွေမြို့နယ်မှာရှိတဲ့ Lucky Seven လက်ဖက်ရည်ဆိုင် ၂ ဆိုင်အပြင် တောင်ဥက္ကလာပ မြို့နယ်အတွင်းမှာရှိတဲ့ လက်ရည်ဆိုင်တွေမှာရှိတဲ့ ဝန်ထမ်းဖြစ်တဲ့  ကလေး၊ လူငယ်တွေကို စာသင်ကြားပေးနေရာမှာ ဘာအခက်အခဲ ရှိပါသလဲ။

“ကလေးတွေကလည်း သင်ချင်တယ်၊ ဆိုင်ရှင်တွေကလည်း ခွင့်ပြုပေမဲ့ ဆိုင်တွေရဲ့အားလပ်ချိန်က မတူကြတော့ စာသင်ချိန်ဆွဲရတာ နည်းနည်းခက်နေတယ်”လို့ အဖွဲ့  ကိုတင်မောင်မောင်အေးက ရှင်းပြပါတယ်။

သင်ခဲ့ဖူးတဲ့ ကျောင်းစာတွေ ဘယ်လောက်ထိမှတ်မိသလဲဆိုတာ သိချင်တဲ့အတွက် အရည်အချင်းစစ် စာမေးပွဲ တခုကို အရင်ဖြေခိုင်းတယ်လို့ သိရပါတယ်။

စာမေးပွဲ ရလဒ် ထွက်လာမှ  ကလေး၊ လူငယ်တွေကို အခြေခံအဆင့်( Begineer) နဲ့ ပထမအဆင့်( level-1) အတန်းခွဲတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လက်ဖက်ရည်ဆိုင်ဝန်ထမ်းကလေး၊ လူငယ် ၁၀၀ ကျော်ကို သူတို့ဆိုင်သိမ်းချိန် ညနေ ၆ နာရီ ကနေ ၈ နာရီအထိ အချိန်၂ နာရီ အတွင်းမှာဘဲ လက်ဖက်ရည်ဆိုင်နဲ့ အနီးဆုံးနေရာအထိ သွားပြီး ကျောင်းသင်ခန်းစာနဲ့ အထွေထွေ ဗဟုသုတကို သင်ပေးနေတာပါ။

“ကလေးတွေက ကျောင်းစာတွေနဲ့ ဝေးနေတာကြာပြီဆိုတော့ သူတို့ကို  စိတ်ရှည်သည်းခံပြီး သင်ပေးရတယ်၊  လိုချင်စိတ်လည်းရှိကြတော့ သင်ရတာအခက်အခဲမရှိဘူး၊ သူတို့တွေက စာကျက်ချိန်ဆိုတာလည်းမရှိတော့ သင်ပေးနေတဲ့အချိန်မှာ စာလုံးတွေကို မှတ်မိလွယ်အောင် စာလုံးတွေကို ရေးရင်း ဆိုရင်း သင်ပြရတယ်”လို့ မြန်မာရွေ့လျားပညာရေး ပရဟိတအဖွဲ့မှာ ဆရာမအဖြစ်တာဝန်ယူထားတဲ့သူက ရှင်းပြပါတယ်။

အခြေခံအဆင့်မှာတော့ သူငယ်တန်းအဆင့် ဖတ်စာကို ကျေညက်အောင်သင်ကြားပေးပြီး ပထမအဆင့် တန်းခွဲကိုတော့ အလယ်တန်းပညာရေးသင်ခန်းစာတွေကို သင်ကြားပေးပါတယ်၊
အထွေထွေဗဟုသုတဆိုတဲ့ သင်ခန်းစာကတော့ လူမှုဆက်ဆံရေး၊ ဂိမ်းကစားနည်း၊ အသက်မွေးဝမ်းကြောင်း စတဲ့ ကိစ္စတွေကို သင်ကြားပေးတာဖြစ်ပြီး အခြေခံနဲ့ ပထမအဆင့် က အတန်းသားတွေအားလုံး အတူတက်ရတယ်လို့ သိရပါတယ်။

တန်းခွဲတခွဲကို အချိန် ၃ လ သင်ကြားမှာဖြစ်ပြီး အချိန်ပြည့်တဲ့အခါမှာတော့ စာမေးပွဲဖြေပြီး အောင်မြင်သူက တဆင့်မြင့်တဲ့ အတန်းကို ပြောင်းလဲတက်ရမှာပါ၊ နောက်ပိုင်း သင်ရိုးပြီးသွားတဲ့အခါမှာတော့ ကျောင်းစာထူးချွန်သူတွေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ဝါသနာပါသူ ခွဲခြားပြီး သူတို့ဝါသနာအလိုက် ပံ့ပိုးပေးသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရွာတရွာကနေ ရန်ကုန်မှာ   စားပွဲထိုး အလုပ် လာလုပ်နေတဲ့ မောင် အောင်မင်းခိုင်က    “ကျောင်းတက်ချင်ပါသေးတယ်၊ ဒါပေမဲ့ အဘွားက အသက်ကြီးပြီဆိုတော့ သား ရှာမကျွေးရင် အဘွားနဲ့ သား နှစ်ယောက် လုံးဒုက္ခရောက်မှာ၊ ပညာရေးမှာ ထောက်ပံ့သူရှိလာရင်တောင် သားတို့ စားဝတ်နေရေးက ရှိသေးတော့ အဆင်မပြေဘူး”လို့  ဆိုပါတယ်။

သူငယ်တန်းကနေ ရှစ်တန်းအထိ အတန်းတိုင်းမှာ အဆင့်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ပေမဲ့ အဖေနဲ့ အမေ က ကွာရှင်းလိုက်ပြီးနောက်ပိုင်း အမေဖြစ်သူက  သူ့ကိုပစ်ပြီး ထွက်ပြေးသွားကြသလို သူတို့မြေးအဘွားကို ရှာကျွေးတဲ့ ဦးလေးကလည်း အိမ်ထောင်ပြုသွားတော့ မောင်အောင်မင်းခိုင်နဲ့ သူ့အဘွားတို့ရဲ့ စားဝတ်နေရေးအတွက် ပညာရေးကို စွန့်လွှတ်လိုက်တယ်လို့ သိရပါတယ်။

လက်ဖက်ရည်ဆိုင်ရောက်နေကြတဲ့ ကလေးတွေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ဖော်အလုပ်တွေမှာ လုပ်ကိုင်နေကြတဲ့ ကလေးအလုပ်သမားတွေအများစုရဲ့ လစာက တလ ကို ၈,၀၀၀  ကနေ ၃၅,၀၀၀  ဝန်းကျင် သာ ရရှိနေကြပြီး တနေ့ကို အလုပ်ချိန် ၈ နာရီ ကနေ ၁၁ နာရီလောက်ထိ ရှိနေတာပါ။

ပွဲစားတွေက နယ်မြို့တွေနဲ့ ကျေးရွာတွေကို သွားကြပြီး လယ်ယာလုပ်ငန်းနဲ့ မိရိုးဖလာလုပ်ငန်းတွေမှာ စီးပွားရေး အဆင်မပြေကြတဲ့ မိဘတွေကို စည်းရုံး၊   မြို့ပေါ်မှာ အလုပ်လုပ်ရမယ်ဆိုပြီး ပိုက်ဆံ ကြိုတင်ပေးခေါ်လာကြတာတွေကြောင့် ရန်ကုန်မြို့ပေါ်မှာ နယ်ဒေသအသီးသီးက အလုပ်လာလုပ်နေကြတဲ့ ကလေးတွေ အများအပြားဖြစ်နေရတယ်လို့ ကလေးသူငယ်အရေးလှုပ်ရှားသူတချို့က ဧရာဝတီကို ပြောပြပါတယ်။

“တချို့ဆို ကိုယ့်အိမ်ဘယ်လိုပြန်ရမယ်ဆိုတာတောင် မသိကြဘူး၊ မိဘတွေကလည်း တောသူတောင်သားတွေဆိုတော့ နားမလည်ကြဘူး၊ ကလေးတွေရဲ့ ဘဝ ကို ပွဲစားတွေကပဲ ကြိုးကိုင်ချယ်လှယ်နေတာ” လို့  ကလေးသူငယ်အရေးလှုပ်ရှားဆောင်ရွက်နေသူတဦးက ပြောပါတယ်။

အလုပ်သမားတွေကို ထွက်ပြေးမှာစိုးတာကြောင့် အလုပ်ချိန်ပြီးတာနဲ့တပြိုင်နက် အခန်းတံခါးသော့ခတ်ပြီး ပိတ်ထားတဲ့အခြေအနေမျိုးတွေလည်း လက်ဖက်ရည်ဆိုင်လုပ်ငန်းနဲ့ အိမ်ဖော်လုပ်ငန်းတချို့မှာ ရှိနေတယ်လို့ သိရပါတယ်။

အမျိုးသားပညာရေးဥပဒေကြမ်းထဲမှာ လမ်းပေါ်ရောက်နေတဲ့ ကလေးသူငယ်တွေ၊ ကလေးအလုပ်သမားတွေအတွက် အသက်မွေးဝမ်းကြောင်းပညာတခုခု သင်ကြားပေးဖို့ ဆိုတဲ့ အချက်တချက်လည်း ပါနေတယ်လို့ သိရပါတယ်။

“အလုပ်လက်မဲ့တွေ၊ လက်ဖက်ရည်ဆိုင်ကလေးတွေအပါအဝင် အလုပ်လုပ်နေကြရတဲ့ ကလေးတွေအတွက် မူဝါဒ တခု ဆွဲသင့်တယ်၊ အစိုးရအနေနဲ့ကလည်း အဲဒီလိုကလေးတွေအတွက် အသက်မွေးဝမ်းကြောင်းပညာရေးကို အားပေးသင့်တယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်က မူလတန်းပညာရေး အခမဲ့စနစ် ကျင့်သုံးခဲ့ပြီး လက်ရှိမှာ အလယ်တန်းပညာရေးကိုပါ အခမဲ့စနစ်ကျင့်သုံးဖို့လုပ်နေပြီး မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့ အခြေခံလူတန်းစားက မွေးဖွားလာကြတဲ့ ကလေးသူငယ် တွေ ပညာသင်ကြားရာမှာ အဓိက အထောက်အကူဖြစ်နိုင်တဲ့ ဘုန်းတော်ကြီး၊ သီလရှင်သင်ပညာရေးကျောင်းတွေ နဲ့ ပညာဒါန စာသင်ကျောင်းတွေအပေါ် အစိုးရရဲ့ ထောက်ပံ့ဆောင်ရွက်မှု ကတော့ နည်းပါးနေသေးတယ်လို့ သိရပါတယ်။

ကျူရှင်သင်ပေးတယ်ဆိုတာက အပိုဝင်ငွေရှာရတာပါပဲ၊ ဆရာမ တယောက်ရဲ့ လစာက မိသားစု တစု ရဲ့ စားဝတ်နေရေး မဖူလုံဘူး လို့ အလယ်တန်းပြကျောင်းဆရာမ ဒေါ်နွေးနွေးရီက ဧရာဝတီကိုပြောပါတယ်။

“လစာတွေကို လုံလုံလောက်လောက်ပေးထားမယ်ဆိုရင် ကျူရှင်သင်ပြီး အပိုငွေ ရှာနေစရာ လိုတော့မှာမဟုတ်ဘူး”

ကျောင်းချိန်မှာ အတန်းချိန်ပြည့် စာသင်နေရပြီး ညနေပိုင်းမှာလည်း ကိုယ်ပိုင်အားလပ်ချိန် မထားနိုင်ဘဲ ကျူရှင်သင်နေရတာက စားဝတ်နေရေးအခြေအနေနဲ့ ဝင်ငွေ ရရှိဖို့အတွက်ဆိုပေမဲ့ စိတ်ပင်ပန်းတယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပညာကိုစွန့်ပြီး ဝမ်းရေးအတွက် ရုန်းကန်နေကြတဲ့ ကလေးအလုပ်သမားများစွာရှိနေပါတယ်၊ တချို့ကတော့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပညာဒါန ကျောင်းတွေကို တက်ပြီး အစိုးရစာမေးပွဲကို တနှစ် ကျရှုံးခံပြီး အပြင်ဖြေသဘောမျိုးဖြေဆိုကြတာပါ။

ဗြိတိန်နိုင်ငံအခြေစိုက်  (Maplecroft Consult) အဖွဲ့ရဲ့ ၂၀၁၂ ခုနှစ်၊ ညွှန်းကိန်းများအရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ကလေးအလုပ်သမား ပြဿနာ အဆိုးရွားဆုံး ရှိနေတဲ့နိုင်ငံဖြစ်နေပါတယ်။
ကုလသမဂ္ဂ  ထုတ်ပြန်ချက်တရပ်မှာလည်း မြန်မာနိုင်ငံက အသက် ၇ နှစ်မှ ၁၆ နှစ်ကြား  ကလေး  ၃ ပုံ ၁ ပုံသည် လုပ်ငန်းခွင်ထဲ ရောက်နေကြတယ်လို့ ဆိုထားပါတယ်။

ဒီလို အခြေအနေမှာ ၃ ပုံ ၁ ပုံသော ကလေးငယ်များထဲ ပါဝင်တဲ့ မောင်ကျော်သက်တို့အတွက် စစ်ကျန် ဘတ်စ်ကားဟောင်းကြီးကို ပြန်လည်ပြုပြင်ထားတဲ့ ကားတွင်းစာသင်ခန်း ပေါ်ပေါက်လာတာဖြစ်ပါတယ်။

 





 

.


ဒေါ်လာ လေးသောင်းတန် စကောလားရှစ်

Friday, April 18, 2014 0 comments


~
 


ပညာသင်စရိတ်လျှောက်ပြီး ကျောင်းတက်ဖို့ စီစဉ်နေသူများအတွက် ရန်ကုန်မြို့ ဗြိတိသျှကောင်စီက စာတစောင် ထုတ်ပြန်ထားပါတယ်။
 
.


ရန်ကုန်တက္ကသိုလ်ရဲ့ အီလက်ထရွန်နစ်စာကြည့်တိုက်

Friday, March 28, 2014 1 comments


~


 

ရန်ကုန်တက္ကသိုလ်တွင် စာအုပ်ပေါင်း လေးသန်းကျော် ဖတ်ရှုနိုင်သည့် အီလက်ထရွန်နစ် စာကြည့်တိုက် (Resource Center) ကို  ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖွင့်လှစ်လိုက်သည်။

 
 -
ကွန်ပျူတာ ၂၅ လုံး တပ်ဆင်ထားသော ထိုစာကြည့်တိုက် ဖြစ်မြောက်ရေး အကူအညီပေးသည့် ထိုင်းအခြေစိုက် iGroup သည် အာရှ ပစိဖိတ် ဒေသရှိ ပညာရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။

iGroup မှ ဦးအောင်မော်က
“သုတေသန ပြုလုပ်ရာမှာ ဒီလိုမျိုး အီလက်ထရွန်နစ် စာကြည့်တိုက်တွေ လိုအပ်တယ်။
လောလောဆယ်တော့ သူတို့ရဲ့ ရည်ရွယ်ချက်က ရန်ကုန်တက္ကသိုလ်က Master နဲ့ PhD ကျောင်းသားတွေ အတွက် အဓိက စီစဉ်ထားတယ်။
သူတို့တွေ ရည်ညွှန်း လုပ်နိုင်အောင် ကိုးကား နိုင်အောင်လို့ပါ” ဟု ဧရာဝတီကို ပြောသည်။

ရန်ကုန်တက္ကသိုလ် သိပ္ပံဆောင် International Center of Excellence (ICoE) အီလက်ထရွန်နစ် စာကြည့်တိုက်

Online Data Base (O.B.D) ဖြင့် ချိတ်ဆက်ထားသော e-book ၂ သန်းကျော်၊
စာတမ်း ပြုစုသူများ အထောက်အကူ ဖြစ်နိုင်စေသည့် နမူနာ စာတမ်းပေါင်း ၁သန်းကျော်၊
ရှားပါး စာအုပ်ပေါင်း ၁သန်းခန့်
တနင်္လာမှ သောကြာနေ့ အထိ
နံနက် ၈နာရီမှ ညနေ ၅နာရီအထိ 

ဦးအောင်မော်က
“အခုအလှူရှင်တွေ ထပ်ပေါ်လာတယ်။ အင်တာနက်လိုင်းတွေ ပိုကောင်းအောင် ချိတ်ဆက်မယ်။
လိုအပ်တဲ့ ပစ္စည်းတွေ ထပ်ဖြည့် ပြီးရင်တော့ ရန်ကုန်တက္ကသိုလ်ထဲမှာ ရှိတဲ့ အခြားဌာနက ကျောင်းသားတွေ အားလုံး သုံးနိုင်အောင် လုပ်သွားပါဦးမယ်” ဟု   ဆိုသည်။

“ဒီစာကြည့်တိုက်မှာ တချို့ စာအုပ်တွေက ရှားပါး စာအုပ်တွေ၊ စာတမ်းတွေ အကုန် ရှိတယ်။ နိုင်ငံတကာမှာ ရှိတဲ့ ထုတ်ဝေသူတွေက ဒီလိုထွက်သမျှ စာအုပ်တွေကို e-Book လုပ်ပြီး၊ နိုင်ငံတကာမှာ ရှိတဲ့ ကျောင်းတွေ တက္ကသိုလ်တွေကို ရောင်းတယ်။
အဲဒီကနေ ပြန်ဝယ်ပြီး ဒီလို စာကြည့်တိုက် ဖွင့်တာပါ။ ဒီအတွက် ကုန်ကျစရိတ်က တနှစ်ကို ဒေါ်လာ သောင်းဂဏန်းလောက် အထိ ကုန်ကျစရိတ် ရှိပါတယ်”  ဟု သူက ဆက်ရှင်းပြသည်။

နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်အား M.A တက်ရောက်နေသော ကျောင်းသူတဦးက
“ ဒီ resource center က အခုမှ ဖွင့်တယ်ဆိုတော့ သိပ်ပြီးတွင်တွင် ကျယ်ကျယ်တော့ မသုံးဖြစ်သေးဘူး။ ဒါပေမယ့် အရင်ကထက် စာရင် အများကြီး အထောက်အကူ ရမှာပါ”
ဟု  ပြောသည်။

ယခင် အစိုးရ လက်ထက်က ရန်ကုန်မြို့ IBC ခန်းမ အတွင်း အီလက်ထရွန်နစ် စာကြည့်တိုက် ပေါ်ပေါက်ရေး ဆောင်ရွက်ခဲ့သည်။
သို့သော်လည်း ကုန်ကျစရိတ် များပြားခြင်း၊ ပညာရေးဝန်ကြီး ဌာနသို့ ဘတ်ဂျတ်ငွေ ချပေးမှု နည်းပါးခြင်းတို့ကြောင့် စီမံကိန်းအောင်မြင်ခြင်း မရှိခဲ့ပါ။

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ  ICoE ကို အမေရိကန်နိုင်ငံ   John Hopkin တက္ကသိုလ်နှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ထားသည်။
 မြန်မာပြည်မှ တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် စိတ်ပါဝင်စားသူတချို့ကို နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ် သင်တန်းများပေးလျက်ရှိသည်။

 မင်းဗညား


 






.


သူတို့ပျော်ကြလေပြီ

Wednesday, March 19, 2014 0 comments

~


တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ ဒီနေ့ ပြီးပါပြီ။



မြန်မာအလှမယ်တွေ ဖွင့်လှစ်ပေးခဲ့တဲ့ သုခအလင်း ပညာဒါနကျောင်း

Tuesday, March 18, 2014 1 comments

ရန်ကုန်၊ မြောက်ဒဂုံ ဗိုလ်မူး ဗထူးလမ်းက နာရေးကူညီမူအသင်း (ရန်ကုန်) ဦးကျော်သူ ဦးဆောင် ဖွင့်လှစ်ထားတဲ့ သုခအလင်း ပညာ ဒါနကျောင်းဖွင့်ပွဲကို မတ်လ ၂၇ ရက်နေ့ က ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဖွင့်ပွဲအခမ်းနားကို Miss Myanmar များက တက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ 



ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss International ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဂုဏ်ရည်အေးကျော်က သူမရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ် စာမျက်နှာမှာ ၀မ်းသာဂုဏ်ယူစွာဖြင့် ရေးသားထားတာကို ဖော်ပြပေးလိုက်ပါတယ်။ 

" ဦးကျော်သူရဲ့ နာမှုကူညီရေးအသင်း(ရန်ကုန်)မှ ဖွင့်လှစ်တဲ့ သုခအလင်း ပညာဒါနကျောင်းဆောင်ဖွင့်ပွဲ အခမ်းအနား(17.3.2014)ကို ဦးကျော်သူ၊ အန်တီ မြင့်မြင့်ခင်ဖေ၊ အန်တီသန်းမြင့်အောင်စတဲ့ FFSSမှ တာဝန်ရှိပုဂ္ဂိုလ်များနဲ့အတူ Miss Myanmar များဖြစ်တဲ့ နန်းခင်၊ ဂုဏ်ရည်၊ ခင်ဝင့်ဝါနဲ့ ထားထက်တို့မှ ဖွင့်လှစ်ခဲ့ကြပါတယ်။ 

ကျောင်းသားပေါင်း ၄၀၀ကျော် တက်ရောက်ပညာသင်ကြားနိုင်တဲ့ ဒီကျောင်းတော်ကြီးမှာ တက္ကသိုလ်ဝင် တန်းဖြေဆိုမည့် ကျောင်းသူကျောင်းသားတွေ ပညာသင်ကြားနိုင်မှာဖြစ်သလို ပန်းချီ၊ အင်္ဂလိပ်စာ၊ စာနယ်ဇင်းနှင့် သတင်းပညာ၊ ရုပ်ရှင်နှင့်ဂီတ၊ စတဲ့ အတတ်ပညာသင်တန်းတွေအပြင် ကယ်ဆယ်
ရေး၊ ရှေးဦးသူနာပြုစုနည်းစတဲ့သင်တန်းပေါင်းများစွာကို ပညာဒါနအခမဲ့သင်ကြားပေးသွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။ ။ "

 နာရေး ကူညီမှု အသင်း ( ရန်ကုန်) ရဲ့ ပညာဒါနအတွက် နောက်ထပ် ခြေတလှမ်းတိုးလိုက်တဲ့ သာဓု ခေါ်စရာ ဖြစ်ပါတယ်။






အိမ့်သံစဉ် ~


 



 

မြန်မာ ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာတွေ ကမ္ဘာကိုဝင်ဆံ့ဖို့

Saturday, March 1, 2014 3 comments

~

ကျောင်းပြီးလို့
ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာဘွဲ့ ရသွားပေမယ့်    နိုင်ငံခြားသင်္ဘော တက်လို့ မရသေးပါဘူး တဲ့။ ဒီအကြောင်း သတင်းထောက် မင်းဗညားက သတင်းပေးပို့ထားပါတယ်။

 



 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved