Showing posts with label Travel. Show all posts
Showing posts with label Travel. Show all posts

ဆွမ်တမ် ဖက်ရှင်

Saturday, June 6, 2015 0 comments

Som Tam (ဆွမ်တမ်) လို့ အများသိရှိကြတဲ့ သင်္ဘောသီးထောင်းဟာ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံအပြင် အခုဆို အခြား နောက်ဘက် နိုင်ငံတွေမှာပါ ရောင်းချ စားသုံးနေတာ တွေ့မြင်ကြရမှာပါ။ ဆွမ်တမ်မှာ တမ်ထိုင်းနဲ့ တမ်လောဝ် (လာအို) နှစ်မျိုးရှိပါတယ်။ တမ်ထိုင်းဆိုရင် (ပူး) လို့ခေါ်တဲ့ ဂဏန်းငပိနဲ့ ထောင်းတာဖြစ်ပြီး တမ်လောဝ်ဆိုရင် (ပါလား) လို့ခေါ်တဲ့ ငါးပိကောင်နဲ့ ထောင်းရတာ ဖြစ်ပါတယ်။ အချို့ကတော့ ပူပလား နှစ်မျိုးလုံးနဲ့ စားကြပါတယ်။ ကြက်ကင်၊ မုန့်တီဖတ်၊ ဂေါ်ဖီထုပ်၊ ကန်စွန်းရွက်အပြင် အခြား အသီးအရွက်များနှင့်ပါ တွဲဖက်စားသုံးနိုင်တဲ့ ချိုချဉ်စပ် အရသာရှိတဲ့ ဆွမ်တမ်ဟာ ယခင်က ကမ္ဘာလှည့် ခရီးသွားများ ကြိုက်လေ့ စားသုံးလေ့ မရှိတဲ့ အစားအစာ တစ်ခုဖြစ်ပေမယ့် ခုတော့ သူတို့ အတော်များများလည်း စားသုံးနေတတ်ကြပါပြီ။ ထိုင်းနိုင်ငံမှာ လမ်းမ၊ လမ်းကြား၊ လမ်းသွယ် အတော်များများမှာ ဆိုင်တွေကို တွေ့ရတတ်တဲ့ ဆွမ်တမ်ဟာ ၂၀၁၁ ခုနှစ် CNN က စာရင်းပြုစုတဲ့ ကမ္ဘာ့ အရသာအရှိဆုံး အစားအစာ အမျိုးအစား ၅၀ မှာ စာရင်းဝင်ခဲ့ပါတယ်။ ခုဆိုရင် ဆွမ်တမ်ဆိုင် အတော်များများဟာ အပြိုင်အဆိုင် ပုံစံအမျိုးမျိုးနဲ့ ရောင်းချနေကြပြီ ဖြစ်ပါတယ်။ ဘန်ကောက်မှာရှိတဲ့ Chatuchak restaurant ထဲမှာရှိတဲ့ ဆွမ်တမ်ဆိုင်ပိုင်ရှင် Tony Prosrichai ကတော့ လာရောက် စားသုံးသူတွေကို ဆွဲဆောင်တဲ့ အနေနဲ့ ဆိုင်ရှင်ရော ဝိတ်တာ စားပွဲထိုးများပါ ထိုင်းရိုးရာ (လိကေး) ခေါ် ဇာတ်ဝတ်စုံများ၊ ထိုင်းနတ်သား ဝတ်စုံများနဲ့ ဖက်ရှင်ကျကျ ဝတ်ဆင်ဆွဲဆောင် ရောင်းချလို့ ကမ္ဘာလှည့် ခရီးသွားများနဲ့ သူတို့ဆိုင်ဟာလဲ စည်ကားလို့နေပါပြီ။






အောင်အောင် / ဧရာဝတီ
(ဓာတ်ပုံ - Bangkok Post)

ဘောင်းဘီရှည်မဝတ်ဘဲ ရထားစီးကြခြင်း

Monday, January 12, 2015 0 comments

 .
နိုင်ငံတကာမှာ အထိမ်းအမှတ် အခမ်းအနား အစီအစဉ် မျိုးစုံကို ရည်ရွယ်ချက် အဖုံဖုံနဲ့ ကျင်းပနေကြတာ တနင်္ဂနွေနေ့က ဘာလင်မြို့မှာ တွေ့ခဲ့ရတာကတော့ No Pants Subway Ride ဆိုတာပဲ ဖြစ်ပါတယ်။
ဘောင်းဘီရှည်မဝတ်ဘဲ မြေအောက်ရထားစီးခြင်း ဆိုတဲ့ အစီအစဉ်ပါ။



ငွေဆောင်ကမ်းခြေ ရေကူးသူများ ဘာတွေသတိထားရမလဲ

Saturday, October 18, 2014 0 comments


.



ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က ငွေဆောင်ကမ်းခြေဟာ ယခင်ကတော့ ပြည်ပခရီးသွားတွေပဲ လာရောက်လည်ပတ်တာများပေမယ့်
အခုကတော့ ပြည်တွင်းခရီးသွားတွေပါ တိုးမြင့်ဝင်ရောက်လာပါပြီ။

 

 


ငွေဆောင်ကမ်းခြေသို့ ခရီးသွားဝင်ရောက်မှုမြင့်တက်

0 comments

.




ဧရာဝတီတိုင်း၊  ပုသိမ်မြို့နယ်မှာ တည်ရှိတဲ့ နာမည်ကျော်ငွေဆောင်ကမ်းခြေကို  ခရီးသွားဝင်ရောက်မှုဟာ ယမန်နှစ်ထက် ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။  

 


ဧည့်သည် ဒူးထောက်ကြိုခိုင်းတဲ့ဟိုတယ်ကို ဝန်ကြီးဌာန ခေါ်ယူသတိပေး

Friday, July 25, 2014 9 comments

 ~




ဟိုတယ်ခရီး ဝန်ကြီးဌာနက တည်းခိုခန်း/ဟိုတယ်လုပ်ငန်းရှင်တွေကို ညွှန်ကြားချက်တခု ထုတ်လိုက်ပါတယ်။
လိုတာထက်ပိုကဲတဲ့ မသင့်လျော်တဲ့ ဝန်ဆောင်မှုတွေ မပေးကြဖို့ပါပဲ။

ဒီညွှန်ကြားချက်ဟာ မကြာသေးခင် အွန်လိုင်းမှာ လူပြောများခဲ့တဲ့ ပုံတပုံကြောင့် ဖြစ်ပါလိမ့်မယ်။

ရန်ကုန်က ဈေးကြီးကြီးဟိုတယ်ခုရဲ့ဧည့်ကြိုခန်းမမှာ ဝန်ထမ်းတွေက ဧည့်သည်ကို ဒူးထောက်ကြိုဆိုကြတဲ့ပုံကို အဲဒီမှာ တွေ့ရပါတယ်။
တန်းစီပြီးဒူးထောက်ရတဲ့ဝန်ထမ်း ၄ ယောက်ခန့် ရှိပါတယ်။

ဧည့်သည်ကို ရှင်ဘုရင်စိတ် ဝင်သွားအောင် လုပ်တဲ့ ဝန်ဆောင်မှု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
အွန်လိုင်းမှာတော့ ဒီဝန်ဆောင်မှုက ကောင်းကောင်း အဆဲခံနေရပါပြီ။

ဟိုတယ်ခရီးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ရုံတင်မက သက်ဆိုင်ရာဟိုတယ်ကိုလည်း ခေါ်ယူ သတိပေးထားကြောင်း ဒီကနေ့ရက်စွဲနဲ့ ဝန်ကြီးဌာနအွန်လိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အွန်လိုင်းမှာတွေ့ရတဲ့သတင်း

ထုတ်ပြန်ချက် နဲ့ ညွှန်ကြားချက်တို့ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

လူမှုကွန်ယက်များတွင်ပျံ့နှံ့လျက်ရှိသော Vintage Luxury Yacht Hotel ၏ ၀န်ဆောင်မှုနှင့် ပတ်သက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက အဆိုပါဟိုတယ် တာဝန်ရှိသူများအား ခေါ်ယူ၍ ပြင်းထန်စွာသတိပေး


 
၂၅ ဇူလိုင်၊ နေပြည်တော်


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ် အမှတ်(၆)၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် Vintage Luxury Yacht  Hotel အမည်ရှိ ရေပေါ်ဟိုတယ်သည် မြန်မာနိုင်ငံသားပိုင် လှလှပပ လီမိတက်က ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သော ဟိုတယ်ဖြစ်ပြီး ဟိုတယ် အိပ်ခန်းပေါင်း (၁၀၄)ခန်းပါရှိပါသည်။

အဆိုပါရေပေါ်ဟိုတယ်သည် ဟိုတယ်ဝန်ဆောင်မှုအနေနှင့် ဧည့်ကြိုကောင်တာတွင် ဧည့်သည်ကို ဟိုတယ်ဝန်ထမ်းများက ဒူးထောက်အရိုအသေပေး၍ ကြိုဆိုနေသည့်ပုံဖြင့် Online Travel Agent ကြော်ငြာမှု အဖြစ် www.agoda.com websiteတွင် လွှင့်တင်ထားရှိရာ ယင်းဓာတ်ပုံသည် အခြားလူမှုကွန်ယက် စာမျက်နှာ များတွင် ပျံ့နှံ့သွားပြီး သဘောထားမှတ်ချက် အမျိုးမျိုးပေးထားသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများပါဝင်သော အဖွဲ့သည် ၂၄-၇-၂၀၁၄ ရက်နေ့က အဆိုပါ Vintage Luxury Yacht ရေပေါ် ဟိုတယ်သို့ သွားရောက်ပြီးလှလှပပလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်ဦးမြင့်လွင်၊ Operation Directorဦးပြည့်ဖြိုးဦး၊ ကြီးကြပ်ရေးမှူးများနှင့် ၀န်ထမ်းများကိုတွေ့ဆုံ၍ စိစစ်မေးမြန်းခဲ့ပါသည်။

စိစစ်ချက်များအရ အဆိုပါဟိုတယ်၏ ယခင်က အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် အီတလီနိုင်ငံသား Mr. Aless မှ အခြားဟိုတယ် များထက် တမူထူးကဲသော ၁၉၂၀ခုနှစ် ၀န်းကျင်ခန့်က ဥရောပတိုင်းပြည်များ၌ ဘုရင်နှင့် မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့သော ၀န်ဆောင်မှု (King and Queen Service)ကို ဟိုတယ်လာ ဧည့်သည်များအား ပေးရန် ရည်ရွယ်၍ ၀န်ထမ်းများကို သင်တန်းပေး လေ့ကျင့်ပေးခဲ့ကြောင်း၊ သင်္ဘောမှာလည်း လွန်ခဲ့သော နှစ်၁၀၀ခန့်က ခရီးသွားသင်္ဘောတစ်စင်း အပြင်အဆင်၊မွမ်းမံမှုနှင့် အသုံးအဆောင်များ ဖန်တီးထားကြောင်းနှင့် ယခုဓာတ်ပုံသည် လည်း ဧည့်သည်များ စိတ်ဝင် စားအောင် Advertisement လုပ်ခြင်းဖြစ်ကြောင်း၊ အမှန်တကယ် လက်တွေ့၌ ဤသို့ဆောင်ရွက်မှုမပေးပဲ ဒူးကွေးညွတ်ရုံသာ အရိုအသေပေးကြောင်းတင်ပြပြီး ဤ၀န်ဆောင်မှုကိုပေးရန် သင်တန်းပေးအစပျိုးခဲ့သော အထွေထွေမန်နေဂျာ Mr. Aless မှာလည်း အလုပ်မှနှုတ်ထွက်သွားပြီဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

ဌာနအနေနှင့် ဤကဲ့သို့သော ၀န်ဆောင်မှုများပေးခြင်းသည် သာမန်ထက်လွန်ကဲသော အပြုအမူမျိုးဖြစ် ခြင်း၊ ၁၉၂၀ခုနှစ် ၀န်းကျင်ခန့်က ဥရောပတိုင်းပြည်များ၌ ဘုရင်နှင့်မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့သော ၀န်ဆောင်မှု (King and Queen Service) သည် ဟိုတယ်လုပ်ငန်းမှ ဧည့်သည်များကို ပေးဆောင်ရမည့် ၀န်ဆောင်မှုမျိုး၌ မပါရှိခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ အနန္တောအနန္တဂိုဏ်းဝင်များကိုသာ  အရိုအသေ၊အလေးအမြတ်ပေးသော  အမူအယာမျိုးဖြစ်၍ ထုံးတမ်းအစဉ်အလာ၊  ယဉ်ကျေးမှုထက်  ပိုမိုလွန်ကဲပြီး တစ်ပါးသူများမှအထင်အမြင်လွဲမှားမှုများ ပေါ်ပေါက်လာခြင်းနှင့် ၀န်ထမ်းများအနေဖြင့်လည်း ဤသို့ပုံမှန် ၀န်ဆောင်မှုထက် ခက်ခဲစွာဝန်ဆောင်မှုပေးရ၍ အဆင်မပြေဖြစ်ခြင်းတို့ကြောင့် ဤသို့သောဝန်ဆောင် မှုပေးခြင်း ကိုရပ်ဆိုင်းရန် သတိပေးခဲ့ပြီး၊ ၄င်းဝန်ဆောင်မှုမျိုး ထပ်မံဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိရပါက လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့ပါသည်။

၎င်းအပြင် ၂၅-၇-၂၀၁၄ ရက်နေ့က လှလှပပလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင် ဦးမြင့်လွင်နှင့် Operation Director ဦးပြည့်ဖြိုးဦးတို့ကို  နေပြည်တော်၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသို့ ခေါ်ယူ၍ ဒုတိယ၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်းနှင့် ညွှန်ကြားရေးမှူးချုပ်များက တွေ့ဆုံ၍ ဤကဲ့သို့ ပုံမှန် ဟိုတယ် ၀န်ဆောင်မှုများထက် လွန်ကဲပြီး မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အပြုအမူများကို လုံးဝရပ်တန့်ရန် နှင့် ယခုလွှင့်တင်ထားသော ဓာတ်ပုံကိုလည်း ချက်ချင်းဖျက်သိမ်း ရန် ပြင်းထန် စွာသတိပေးခဲ့ပါသည်။

Vintage Luxury Yacht Hotel ဒါရိုက်တာအဖွဲ့ဝင်များက လွှင့်တင်ထားသောဓာတ်ပုံကို ဖျက်သိမ်းပြီးဖြစ် ပါကြောင်းနှင့် ဤသို့သောဝန်ဆောင်မှုများကို ပြုလုပ်ခြင်း မပြုပါကြောင်း ၀န်ခံကတိပြုပါသည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ ဟိုတယ်ပေါင်း (၁၀၃၆)လုံးနှင့် အခန်းပေါင်း (၃၉၉၈၄)ခန်း ရှိကာ ရေပေါ် ဟိုတယ်အနေနှင့် ဤဟိုတယ်တစ်လုံးသာရှိပါသည်။ ၀န်ကြီးဌာနသည် ဟိုတယ်များအနေနှင့် သာမန်ထက် ပိုမိုထူးကဲပြီး မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော၊ အများက ထင်ယောင်ထင်မှား၊ သံသယဖြစ်ဖွယ် အပြုအမူမျိုးကို ပြုလုပ်ခြင်းမပြုရန် သတိပေးထားရှိသည့်နည်းတူ ဟိုတယ်လုပ်ငန်းအပြင် ခရီးသွားလာရေး လုပ်ငန်းများကိုလည်း ဤကဲ့သို့ ဧည့်သည်ကို ထူးကဲစွာကြိုဆိုမှုများ မပြုလုပ်ရန်လည်း သတိပေးထားရှိပါသည်။




 



.

မသေခင်သွားသင့်တဲ့နေရာထဲမှာ ပုဂံနဲ့ စင်္ကာပူ ပါဝင်

Tuesday, July 8, 2014 0 comments

 ~




ကမ္ဘာပေါ်မှာ သွားသင့်တဲ့ ရှေးဟောင်း နဲ့ ကနေ့ခေတ်မြို့ကြီး ငါးဆယ်စာရင်းကို နိုင်ငံခြားမီဒီယာတခုရဲ့အွန်လိုင်းမှာ ဒီရက်ပိုင်း တွေ့ရပါမယ်။
 


ရန်ကုန်မြစ်ကို ဖြတ်သန်းခြင်း

Sunday, June 29, 2014 0 comments

 ~




မြန်မာနိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး စီးပွားရေး အချက်အချာမြို့ဖြစ်တဲ့ ရန်ကုန်အတွက် ရန်ကုန်မြစ်ဟာ နှစ်ပေါင်းများစွာ ကတည်းက အရေးပါခဲ့တယ်။
ဒီမြစ်ကို အခြေပြုပြီး ရန်ကုန်ရဲ့ နိုင်ငံရေး၊ စီးပွားရေးတို့ ဖြစ်ထွန်းလာခဲ့တယ်။
ဒီမြစ်ကို အခြေပြုပြီး ရန်ကုန်နဲ့ အနီးတ၀ိုက်က လူတွေ ဘ၀ရပ်တည် ရှင်သန်ရတယ်။
ပထ၀ီအရ အရေးပါပြီး သမိုင်းဝင်တဲ့ ရန်ကုန်မြစ်ထဲက လှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ဧရာဝတီ ဓာတ်ပုံသတင်းထောက် သော်ဟိန်းထက်က မှတ်တမ်း တင်ထားပါတယ်။

(ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)

(The Irrawaddy Weekly Journal, Vol.1, No.26 တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)

 



.
အမြန်ရောက်လိုသူတို့က ကုတို့သင်္ဘောကို မစီးကြပါဘူး။ ခရီးသည် ၁ဝ ယောက် ဝန်းကျင် တင်ဆောင်တဲ့ စက်တပ်လှေငယ်တွေကို စီးဖို့ တန်းစီစောင့်ကြပါတယ်။

ကြက်သွန်နီမြန်မာပြည်

Thursday, May 15, 2014 0 comments

 ~




မန္တလေး နိုင်ငံတကာ လေဆိပ်က ပေးတဲ့ ဖြတ်ပိုင်း တခု ဆိုပြီး အွန်လိုင်းထဲ ရောက်လာတဲ့ ပုံကြောင့် ပြုံးရယ်ဟားနေကြပါပြီ။

Union လို့ ရေးရမယ့် နေရာမှာ Onion  ဆိုပြီး ရေးထားတာကို ဖြတ်ပိုင်းမှာ တွေ့ရပါတယ်။

ရက်စွဲကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ ရက်စွဲပါပဲ။

စာလုံးပေါင်းအကျအပေါက်က ဒီလိုပဲ မှားယွင်းတတ်ပါတယ်။

လိုတိုရှင်းမရေး၊ အပိုတွေ ထည့်ရေးရင် ပိုမှားပါလိမ့်မယ်။

သူများမှားရင် ဟားတိုက်ရယ်လိုက် ပြုံးလိုက်၊ ကိုယ်မှားတော့လည်း ရှက်ရယ်ရယ်ကြတာ လူ့သဘာဝပါပဲ။

အခုလည်း ကြက်သွန်နီဟာသလေးက သဘောကျစရာကောင်းတဲ့အတွက် မျှဝေလိုက်ပါတယ်။


 



.

ထားဝယ်ခရီးသွားကဏ္ဍ အပြောင်းအလဲ

Saturday, April 5, 2014 0 comments

~



 

 . 
သင်္ကြန်ရက်တွေနီးကပ်လာသည်နှင့်အမျှ ခရီးသွားဝါသနာပါသူတွေကတော့ အိပ်မက်တွေနှင့်ရင်ခုန်လို့နေချေပြီ။
ထိုရက် ထိုကာလတွေသည် မြန်မာတွေအဖို့ ခရီးသွား အများဆုံးရက်တွေပဲဖြစ်သည်။

သည်ဘက်ခေတ်မှာ လမ်းပန်းဆက်သွယ်ရေးကလည်း ကောင်းလာသည်မို့ မြန်မာနိုင်ငံ တစ်နံတစ်လျားသာမက ပြည်ပနိုင်ငံတွေအထိပါ ခရီးသွားတွေ ခြေဆန့်နိုင်လာပြီလည်း ဖြစ်သည်။

ကျွန်တော်တို့ ထားဝယ်ဒေသမှာတော့ အရင်က လမ်းပန်းဆက်သွယ်ရေး မကောင်းခဲ့သမျှ ခုတော့ အတိုင်းအတာတစ်ခုအထိ လမ်းပန်းဆက်သွယ်ရေးကဏ္ဍကောင်းခဲ့ပြီဖြစ်သလို သယ်ယူ ပို့ဆောင်ရေးယာဉ်တွေကလည်း ခေတ်မီယာဉ်တွေနှင့် သက်သောင့်သက်သာဖြစ်လာပြီမို့ ခရီးသွားကဏ္ဍသည်လည်း စန်းပွင့်စပြုလာပြီဖြစ်သည်။

ငယ်ငယ်တုန်းက မြင်ခဲ့ဖူးသော “၅၄ မြို့ ဘုရားဖူးလိုက်ကြမလား၊ ဦးယူအပ် နှင့်ဆက်သွယ်ပါ” ဟူသောကြော်ငြာတွေကို အမှတ်ရမိသေးသည်။
အဲဒီတုန်းကတော့ ဦးယူအပ်ဘုရားဖူးကားက ချက်ဗလက်ကား၊ သစ်သားဘော်ဒီပေါ်မှာ ၀က်ခြံအကာအရံတွေ တပ်လို့ သွားခဲ့ကြတာကို မြင်ယောင်သေးသည်။

ဆယ်စုနှစ်သုံးခု အတွင်းမှာတော့ တော်တော်များများ ပြောင်းလဲခဲ့ပါပြီ။
 ဒေသတွင်းအခြေစိုက် ခရီးသွားလုပ်ငန်းတွေ အဖြစ် Dawei Tourism နှင့် Dawei Beauty ခရီးသွား လုပ်ငန်းတွေက ပြည်ပနိုင်ငံတွေအထိ ခရီးစဉ်တွေကိုရောင်းချပေးနိုင်လာတာ၊ ဒေသတွင်း ခရီးစဉ်တွေကို အဆင့်မီမီ ကိုင်တွယ်လာနိုင်တာတွေ့ရသည်။

 တစ်ဖက်ကလည်း ထားဝယ်မှာတင် နိုင်ငံကူးလက်မှတ်လုပ်လာနိုင်တာ၊ နယ်စပ်ဝင်ပေါက်တွေ အသုံးပြုလာနိုင်တာတွေကြောင့်လည်း ထားဝယ်ခရီးသွားကဏ္ဍက အရွေ့တစ်ခုဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဟော…သည်နှစ်နွေဦးပေါက်မှာတင် ခရီးသွားယာဉ်ကြီး၊ ယာဉ်ငယ်တွေ သိသိသာသာ တိုးတက်လာသည်ကို တွေ့ရသည်။

အိမ်သာ၍ ဧည့်လာပါပြီ။ ထားဝယ်ယဉ်ကျေးမှု၊ ထားဝယ်ဓလေ့ထုံးစံ၊ ထားဝယ် လူမှုအခြေအနေတွေ ထားဝယ် သဘာဝအလှတရားတွေကို လေ့လာခွင့်ရကြပြီ။
ထိုနည်းတူ ကျွန်တော်တို့ဒေသသားတွေသည်လည်း မြန်မာပြည် အရပ်ရပ်သို့ ခရီးဆန့်နိုင်ကြပြီ။

သင်္ကြန်ရက်များသည် ခရီးသွားရင်း စိတ်ကြည်နူးစရာများ ပေးစွမ်းစေနိုင်သလို အတွေးသစ်၊ အမြင်သစ်တွေကိုလည်း ရစေပါလိမ့်မည်။
ပြီးတော့ သက်ဆိုင်ရာဒေသ၏ အလှအပတွေကိုလည်း မှတ်ကျောက်တင်ခွင့် ရစေပါလိမ့်မည်။

ဖိုးဇော်(ထားဝယ်)
၂ ဧပြီ ၂၀၁၄

စာနဲ့ပုံတွေကို ဆရာဖိုးဇော်ရဲ့စာမျက်နှာ https://www.facebook.com/phoe.zaw.507?fref=ufi ကနေ ကူးယူ ဖော်ပြပါတယ်။

 





















 


.


ဟိုင်းလတ်တွေ ပြေးဆွဲခွင့်ပိတ်လို့ ဆန္ဒပြကြပြီ

Monday, March 31, 2014 0 comments

~

 


ဆန္ဒပြတာတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့ ရန်ကုန်မှာ ဒီကနေ့မနက် ဆန္ဒပြကြတာကတော့ ခရီးသည်တင်ယာဉ်ငယ်လုပ်ငန်း လုပ်ကိုင်သူတွေဖြစ်ပါတယ်။
 
-


 -
(ဓာတ်ပုံများ - စိုင်းဇော်  / ဧရာဝတီ)

 
-
ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်း ဟိုင်းလတ်ကားတွေကို ခရီးသည်တင် ယာဉ်များအဖြစ် ပြေးဆွဲခွင့်ကို  ဧပြီ ၁ရက်နေ့က စပြီး ကန့်သတ်မယ်ဆိုတဲ့အတွက် ဆန္ဒပြကြတာပါ။

လှည်းကူးမြို့နယ်က ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ စုစုပေါင်း ၂၅ဝ ဝန်းကျင်က ကန့်သတ်ခံရမယ့် ဟိုင်းလတ်ကား အစီး ၃၀ နီးပါးနဲ့အတူ ရန်ကုန်မြို့ထဲ ရောက်လာကြပြီး   မြို့တော်ခန်းမနားမှာ သူတို့ရဲ့ဆန္ဒတွေကိုထုတ်ဖော်ခဲ့ကြတာပါ။

ရန်ကုန်-တိုက်ကြီး- ပဲခူးလမ်းကြောင်းမှာ နေ့စဉ် ပြေးဆွဲနေတဲ့ ဟိုင်းလတ်ကား အရေအတွက်က ရာဂဏန်း ရှိနေတာပါ။


  • ဆန္ဒပြသူတို့ရဲ့ တောင်းဆိုချက်များ ကြွေးကြော်သံများ
 မ.ထ.သ(ဗဟို) အုပ်ချုပ်မှု အလိုမရှိ၊
ယာဉ်ပိုင်ရှင်များ ကြီးကြပ်သော မော်တော်ယာဉ် အသင်းများ ဖွဲ့ပေးရေး၊
ခရီးသည်တင် ဟိုင်းလတ်ယာဉ်များ  မူလအတိုင်း ပြေးဆွဲခွင့်ပြုရေး၊
ဥပဒေဘောင်အတွင်း လွတ်လပ်စွာ စီးပွားရှာပိုင်ခွင့် ပြုရေး၊

အသွင်ပြောင်းရေးအတွက် ဘတ်ဂျက်

 
-
သက်ဆိုင်ရာ မထသ(ဗဟို) က  ဟိုင်းလတ်ယာဉ်တွေ နေရာမှာ မီနီဘတ်တွေနဲ့   အစားထိုး ပြေးဆွဲစေချင်နေတာပါ၊
အဲသလို ပြေးဆွဲနိုင်ဖို့  ယာဉ်ပိုင်ရှင်တွေကို ကုမ္ပဏီများနဲ့ ချိတ်ဆက်ပေးခြင်း၊  အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးခြင်းများ ရှိသော်လည်း ဈေးနှုန်း ကြီးမြင့်မှုကြောင့် ဝယ်ယူမှု မပြုနိုင်ကြကြောင်း ယာဉ်ပိုင်ရှင်တွေက ဆိုပါတယ်။

“ဂျပန်ကားကို အရစ်ကျ စနစ်နဲ့ သိန်း၄၀၀ လို့ ပြောတယ်။ တလကို ၁၁သိန်း သွင်းရမယ်တဲ့။ ဒေဝူး မီနီဘတ်က သိန်း၃၈၀ တဲ့ ပထမရစ်မှာ ၁၅၆သိန်း ပေးရမယ်။
 ပြီးတော့ တလကို ၂၂သိန်း သွင်းရမယ်လို့ ပြောတယ်။ ယာဉ်ပိုင်ရှင်တွေ ဘယ်လို သွင်းနိုင်ကြမလဲဗျာ။ ပြီးတော့ စီအန်ဂျီကလည်း မလောက်ဘူး။
စီအန်ဂျီ ရဖို့ကိုလည်း မထသက တင်ပြမယ်ပဲ ပြောတာ တာဝန်မယူနိုင်ဘူး” လို့ အောင်တံခွန် ယာဉ်လိုင်းမှ ဒုဥက္ကဌ ဦးကင်လင်းက ဧရာဝတီသတင်းဌာနကို ပြောပြပါတယ်။

ဟိုင်းလတ်ကားနဲ့ အန္တရာယ်
 
-
မထသ ဗဟို၏ အဆိုအရ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယခုလို ဟိုင်းလတ် ယာဉ်များအား ခရီးသည်တင် ယာဉ်များအဖြစ် ပြေးဆွဲခွင့် ကန့်သတ်ခြင်းသည် မြို့ပြ၏ သယ်ယူ ပို့ဆောင်ရေး စနစ်နှင့်
ကိုက်ညီမှု မရှိခြင်း၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ဖြစ်ပေါ်စေနိုင်ခြင်းတို့ကြောင့် ကန့်သတ်လိုက်တာဖြစ်ပြီး ကုန်စည်ပို့ဆောင်ခြင်း လုပ်ငန်းများအတွက် ဆက်လက် လုပ်ကိုင်နိုင်သည်လို့ သိရပါတယ်။

ဟိုင်းလတ် ယာဉ်မောင်းတဦး ဖြစ်တဲ့ ကိုအေးမောင်ကတော့“ စည်းကမ်းမဲ့ မောင်းနှင်တာကို တိတိကျကျ ဥပဒေအရ အရေးယူမယ်ဆိုရင် ဘယ်ယာဉ်မောင်းမှ ချိုးဖောက်မှာ မဟုတ်ပါဘူး။
အခုမှသာ ဟိုင်းလတ်တွေကို (ခ) ခရီးသည် ယာဉ်အဖြစ်ကနေ ရပ်နားစေချင်လို့ အကြောင်းပြချက်တွေ အမျိုးမျိုး ပေးတယ်လို့ပဲ မြင်ပါတယ်။
ကုမ္ပဏီတွေနဲ့ ချိတ်ပေးပြီး အကျိုးအမြတ် ရရေးအတွက်သာ ရှေးရှုတယ်လို့ မြင်တယ်။ တာဝန်ယူမှု တာဝန်ခံမှု မရှိကြဘူး” လို့  ဆိုပါတယ်။


ရန်ကုန်တိုင်းဒေသကြီးနဲ့ ခရီးသည်တင် ဟိုင်းလတ်
  ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း -  ၄၆ လိုင်း
ယာဉ်စီးရေ - ၈၀၄ စီး

ဟိုင်းလတ်ယာဉ်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင်းက စတင်၍ နယ်မြေ ကန့်သတ်ပြေးဆွဲရန် ညွှန်ကြားခဲ့မှုများ ရှိသော်လည်း
လုပ်ငန်း ကြန့်ကြာမှုများကြောင့် မတ်လကုန်ထိ ရွေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု မထသဗဟိုမှ ဥက္ကဌ ဦးလှအောင်က ဧရာဝတီကို ပြောခဲ့ဖူးပါတယ်။

“ဆန္ဒပြတောင်းဆိုတာတို့ ဘာတို့ကြောင့် ဟိုင်းလပ်ယာဉ်တွေ ကန့်သတ်ပြေးဆွဲခွင့်ကို နောက်ဆုတ်လိုက်တာ မဟုတ်ပါဘူး။
ပိုမိုစနစ်ကျစွာ ပြောင်းလဲ ဆောင်ရွက်နိုင်အောင်လို့ နယ်မြေ ကန့်သတ်ပြေးဆွဲခွင့်တွေကို ဒီလကုန်အထိ ပြောင်းလိုက်တာပါ။
ပြောင်းလဲတဲ့အခါမှာ ယာဉ်ပိုင်ရှင်တွေ ပိုမို အဆင်ပြေအောင်လို့ ဆောင်ရွက်နေတာပါ” 

 ဟိုင်းလတ်တွေကို   စည်ပင်သာယာ နယ်နိမိတ်အတွင်း ခရီးသည်တင် ယာဉ်များအဖြစ် ပြေးဆွဲမှု ကန့်သတ်မယ်လို့ ကြေညာတာ  ၄ ကြိမ်မြောက် ရှိပါပြီ။

အာဏာပိုင်တို့က သူတို့ကြေညာချက်အတိုင်း တိတိကျကျ လုပ်ဆောင်မယ် ဆိုရင် မနက်ဖြန် ဧပြီ ၁ က အစပြုပြီး ဟိုင်းလတ်တွေ ရန်ကုန်ဧရိယာအတွင်း လိုင်းဆွဲခွင့် အဆုံးသတ်မှာ ဖြစ်ပါတယ်။
 

မင်းဗညား

 













 


.


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved