MFG က ပြောပြလိမ့်မယ်

Tuesday, October 5, 2010

Myanmar Future Generation (MFG) ရဲ့ သီချင်းအသစ် “ပြောပြမယ်” ကတော့ ဒေါသတွေနဲ့ ပေါက်ကွဲပြထားတာ နားဆင်ရပါမယ်။

Underground အဖွဲ့တခုဖြစ်တဲ့ MFG ဟာ ၂၀၀၃ ခုနှစ်ကစပြီး မြန်မာပြည်မှာ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ လူမှုရေးတွေကို ထင်ဟပ်တဲ့ သီချင်းတွေကို အင်တာနက်ပေါ်ကနေ ဖြန့်ဝေခဲ့ပါတယ်။ ပြင်းထန်ပေါက်ကွဲပြီး ရေးစပ် သီဆိုထားတဲ့ သီချင်းတွေဟာ လူငယ်ထုကြားမှာ တော်တော် ပေါက်ရောက်ခဲ့ပါတယ်။ သြဇာလည်း ကြီးခဲ့ပါတယ်။ MFG ရဲ့ အင်တာနက် ဝက်ဘ်ဆိုက်က ဒီမှာ ပါ။

အခု သီချင်းသစ် “ပြောပြမယ်” မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရေးစပ်ထားတာပါ။ ဘယ်အဆင့်အထိ ပေါက်ကွဲထားတယ်ဆိုတာကိုတော့ နားဆင်ကြည့်လိုက်ကြပါဦး။

PYAW PYA MAL (ပြောပြမယ်) by သားကြီး

1 comments :

  1. Anonymous said... :

    I dont think that song is produced by old Myanmar Future Generations (M.F.G). different quality and vocal.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved