တတိယအုပ်စုရဲ့ မယ်တော်ကြီး တယောက်အကြောင်း

Thursday, October 14, 2010

မြန်မာစကားပုံမှာ ကိုယ်ကျွေးမွေးပြီး မြေတောင်မြောက်ပေးလိုက်တဲ့သူက ကိုယ်ပြောတဲ့အတိုင်း မလုပ်ခဲ့ရင်၊ မလိုက်နာခဲ့ရင် ပြောကြတယ်မဟုတ်လား၊ “ကိုယ်မွေးတဲ့မျောက် ကိုယ်ပြန် ခြောက်”တဲ့ အခုလည်း ဒီစကားပုံအတိုင်းပဲ၊ အဖြစ်အပျက် ကလေးတခုကို ပြောပြချင်တယ်။

ဒီအဖြစ်လေးက မြန်မာဒီမိုကရေစီ အရေးနဲ့လည်း ဆက်စပ်နေပါတယ်။

ဟိုးရှေးရှေးတုန်းက ... ဒီလိုဆိုလိုက်လို့ အချိန်ကာလ အဝေးကြီးလို့တော့ သိပ်မထင်ပါနဲ့။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကျော်၊ အလွန်ဆုံး ၁၅ နှစ်လောက်ကပေါ့။ မျောက်ကျွန်းနိုင်ငံကြီးက သံအမတ်မကြီးတယောက် မြန်မာပြည်ဆိုတဲ့ နိုင်ငံလေးကို တာဝန်ထမ်းဆောင်ဖို့ ရောက်လာခဲ့တယ်။

ဒီသံအမတ်မကြီးက ဘရုမာလိုကလည်း ကောင်းကောင်းကျွမ်း၊ ဘ၀မှာ သံအမတ်ကလည်း ဖြစ်ပြန်တော့ မြန်မာပြည်အတွက် အထူးစပါယ်ရှယ် သံအမတ်မကြီး ဖြစ်လာတာပေါ့။

မြန်မာပြည်ရောက်တဲ့အခါ ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရထားတဲ့ ဒီမိုကရေစီ ခေါင်းဆောင် လေဒီကြီး တယောက်ကို သွားတွေ့ရတယ်လေ။ အဲဒီမှာတင် တယောက်နဲ့တယောက် အကဲစမ်းရင်းနဲ့ အဆင်မပြေဖြစ်ပြီး ကတောက်ကဆ ဖြစ်သွားတယ်လို့ သတင်းတွေ ထွက်လေရဲ့ ...။

ဒါပေမယ့်လည်း သူသွားတွေ့ရတဲ့ သူက နှယ်နှယ်ရရ မဟုတ်ဘူး။ ဒိတ်ဒိတ်ကျဲ။ သူတို့နိုင်ငံက ခေါင်းဆောင်တွေတောင် တလေးတစား ဆက်ဆံရတဲ့သူဆိုတော့ သံအမတ်မကြီးခမျာမှာ တဘက်က နိုဗဲလ်ဆုရှင် ပြောသမျှကို အောင့်သက်သက်နဲ့ ခံနေရတာပေါ့။

ဒီလို အဖြစ်အပျက်တွေအပြီးမှာ သံအမတ်မကြီးလည်း အမှတ်သညာကြီးကြီးနဲ့ လေဒီကြီး ခေါင်းဆောင်တဲ့ မြန်မာ့ ဒီမိုကရေစီအရေး ပျက်စီးရေး ဒို့အရေး … ဒို့အရေး … လို့ ကြွေးကြော်ပြီး ပျက်စီးရာ ပျက်စီးကြောင်း စပြီး ကြံစည်တော့တာပါပဲ။

မြန်မာပြည်မှာ ထောက်လှမ်းရေးတွေ ကောင်းစားနေတဲ့ ကာလလေ။ သံတမန်တွေဆိုတာ ရန်ကုန်မြို့ကနေ အပြင်ဘက်ကို ခြေတလှမ်းကျူးရင်တောင် ထောက်လှမ်းရေးကို ခွင့်တိုင်ပြီးမှ သွားရတဲ့ဘ၀။ တခါ ထောက်လှမ်းရေးက သံတမန်တွေကို မြစ်ဝကျွန်းပေါ် ခရီးဆိုပြီး ခေါ်သွားလိုက်တာ သံတမန်တွေဆိုတာ မိဘနဲ့ အပြင်ကို သွားရမယ့်ကလေးလေးတွေ ကျနေတာပဲ။ ထောက်လှမ်းရေးကို ကျေးဇူးတင်လိုက်တာ ... ကျေးဇူးတင်လိုက်တာ … နဲ့ နေတာပဲ။

သံအမတ်မကြီးလည်း အောင်မလေး ... လူတွေက ထောက်လှမ်းရေးဆိုတာ ဘာတွေညာတွေ … ဘီလူးသဘက်တွေလို့ ပြောနေတာ ဘယ်မှာ ဟုတ်လိမ့်မလဲ ... သူတော်ကောင်း သူမြတ်လောင်းတွေ ...။ အဲဒီခရီးစဉ်တုန်းက ငါနေမကောင်းတော့ ဂရုစိုက်လိုက်တာ ဆိုတဲ့စကားကို တဖွဖွ ရေရွတ်နေသတဲ့။ ဒါ့အပြင် ဒီမိုကရေစီအရေး လုပ်နေတဲ့သူတွေက ပါးစပ်က ဘုရားဘုရား … လက်က ကားယားကားယား တွေပဲ ... ထောက်လှမ်းရေးတွေကမှ တကယ့် လူကောင်းတွေဆိုပြီး တံလျှပ်ရေထင်တော့တာပါပဲ။

အာဏာရနေတဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ် ခင်ညွန့်နဲ့ပေါင်း၊ ဒီမိုကရေစီအုပ်စုတွေနဲ့ အပြိုင် သူကြိုးဆွဲရာကမယ့် တတိယအုပ်စုတစုကို မွေးမယ်ဟဲ့ ဆိုပြီး တက်ညီလက်ညီ လုပ်လိုက်ကြတာ ... ခင်ညွန့်ကမွေး၊ သူက ပြုစုပျိုးထောင် ... သူကရေလောင်း၊ ခင်ညွန့်က ပေါင်းသင်နဲ့ အပြန်အလှန်ပေါ့ (လိုက်လည်းလိုက်တဲ့ နှစ်ယောက် ... အဆိပ်ပင် ရေလောင်းတဲ့နေရာမှာ ပြောပါတယ်)။

သူတို့နှစ်ဦးက ဘက်တော်သား မွေးတဲ့နေရာမှာ “မွေးလို့ရသမျှ အကုန်မွေး” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီပဲ။ သူတို့ဘက်ပါမယ် ဆိုလို့ကတော့ စစ်အုပ်စုဘက်ကရော ဒီမိုကရေစီ ဘက်ကပါ ရသမျှ အကုန်မွေးတာပဲ။

သူတို့ကိုယ်သူတို့လည်း တကယ့် ပန်းပျိုးလက်တွေကို ပိုင်ဆိုင်ထားသူတွေလို အဲဒီအချိန်မှာ သွေးနားထင် ရောက်နေမှာပေါ့။

သူတို့ ပြုစုပျိုးထောင်ခြင်းခံရတဲ့ အထဲမှာ အခုလက်ရှိ ထိပ်တန်း ဒိတ်ဒိတ်ကျဲ စာနယ်ဇင်းသမားတွေတောင် ပါသေးတယ်။ အကုန်လုံးကိုတော့ ပြုစုပျိုးထောင်လို့ မရတဲ့အတွက် အောင်မြင်တဲ့ စီမံကိန်းတခုတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် နိုင်ငံရေး လုပ်စားမယ့်လူလည်တွေ ထွက်ခဲ့တဲ့အတွက် အထိုက်အလျောက် အောင်မြင်တယ်လို့ ပြောရမှာပေါ့။

သူတို့ မွေးတဲ့လူထဲမှာ အထင်ရှားဆုံး ပြယုဂ်ကတော့ အခုလက်ရှိ ထင်ထင်ရှားရှား စာနယ်ဇင်းကြီး တစောင်ရဲ့ စီအီးအိုလည်းဟုတ် အယ်ဒီတာလည်းလုပ်တဲ့ ဦးနေ၀င်းပြောင်လည်း ပါတာပေါ့။ သူ့ဂျာနယ်ကြီးက မြန်မာပြည်မှာ “ဖတ်ဆဲစာ” ဂျာနယ်ကြီးဆိုပြီး နာမည်အရမ်းကြီးတယ်လေ။ (ဘာဖြစ်လို့လည်းဆိုတော့ ဖတ်ပြီးရင် အော်ဂလီဆန်ပြီး ဆဲစရာဖြစ်ဖြစ်လာလို့တဲ့)

(ကမ္ဘာပေါ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ကောင်းရှိတယ်လို့ ပြောတာ ၂ ယောက်ပဲ ရှိဖူးပါတယ်။ တယောက်ကတော့ အဲဒီ စီအီးအိုပါ။ နောက်တယောက်ကတော့ သေသွားပြီးဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ပါပဲ။)

ဒင်းက အခုလက်ရှိ မြန်မာနိုင်ငံရေးမှာ မလည်ရှုပ်လုပ်နေတုန်းပဲ။ သံအမတ်မကြီးတို့ရဲ့ ထင်ရှားတဲ့ ဂုဏ်ထူးတန်းကျောင်းသား တယောက်ပေါ့။ သံအမတ်မကြီးတို့ကလည်း ဒါကို ဂုဏ်ယူတယ်။ ငါမွေးထုတ်လိုက်တဲ့သူ၊ ငါ့တပည့်ဆိုပြီးတော့ အမြဲဂုဏ်ယူ လေ့ရှိတယ်။

သူတို့ရဲ့ မွေးမြူရေး ကျောင်းတော်ကြီး ဆင်းခဲ့တဲ့ “ဖတ်ဆဲစာ” ဂျာနယ် ပိုင်ရှင်ကြီးကလည်း အားကျမခံပဲ၊ ငါလည်း ငါဆရာတွေလို ဆရာမွေး၊ တပည့်မွေးလုပ်မယ်ဟဲ့ ဆိုပြီး ကြွေးကြော်တော့တာပဲ။ (သူဆရာတွေရဲ့ ခြေရာကိုနင်းပြီး ဆရာကောင်းတပည့် ပန်းကောင်းပန်မယ်ပေါ့ဗျာ)

အာဏာရှိ ထိပ်သီး ဆွေကြီးမျိုးကြီးထဲက လူငယ်လေးတယောက်ကို သူ့ဂျာနယ်တိုက်မှာ နေရာပေး မွေးတော့တာပဲ။

ဒါပေမယ့် သူတို့မသိတာက အဲဒီလူငယ်လေးက စာနယ်ဇင်းဆရာကြီးကိုလည်း မုန်း၊ ဆရာ့ဆရာကြီးတွေကိုလည်း မုန်း၊ သူ့ဆွေမျိုး ဘိုးအေကြီးကိုတောင် အသွေးထဲ အသားထဲက မုန်းသတဲ့။ ဒင်းတို့က ဒါကို လေ့လာမိပုံ မပေါ်ဘူး။

သံအမတ်မကြီးကလည်း ငါက ခေါင်းကိုင်မိခင်ကြီးဆိုပြီး လူငယ်လေးရဲ့ ရုပ်သေးကြိုးဆွဲ လုပ်ချင်တာပေါ့။ ဒီတခါတော့ လူငယ်လေးက ခေါင်းအကိုင် မခံတော့ဘူး။ အဲဒီမှာတင် သံအမတ်မကြီးလည်း ယမ်းပုံမီးကျ တားမရဆီးမနိုင် ဒေါသလှိုင်းထ၊ “ငါ့မွေးတဲ့မျောက် ငါပြန်ခြောက်တယ်” ဆိုပြီး ဘိရုမာစကားကို ပီပီသသကြီးပြောကာ ဆွေ့ဆွေ့ခုန်တော့တာပဲ။

အဲဒီမှာတင် “ငါ့လျှို့ဝှက်စာတွေကို ပြင်ပပေါက်ကြားတယ်” ဆိုတဲ့ စွဲချက်နဲ့ စောစောက လူငယ်လေးကို အပြင် ကန်ထုတ်လိုက်တာပါပဲ။

တကယ်တော့ သံအမတ်မကြီး အောင်မြင်ခဲ့ပါတယ်။ သူ မြန်မာပြည်မှာ မွေးထုတ်ခဲ့တဲ့သူက အခုဆိုရင် NGO အဖွဲ့ကြီးတဖွဲ့ကို ဦးစီးပြီးတော့ အခုလာမယ့် ရွေးကောက်ပွဲမှာ ချယ်လှယ်ဖို့ လုပ်နေလေရဲ့။ ရေရှည်မှာလည်း သူ့ကိုယ်သူ မင်းဆရာ အဖြစ်ကိုလည်း ခံယူဖို့ ကြိုးစားနေပါတယ်။

သံအမတ်မကြီးတို့ကလည်း မြန်မာပြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ အတိုက်အခံဆိုတဲ့ဟာတွေ မရှိမှ လုပ်လို့ ဖြစ်မှာဆိုတဲ့ ကြွေးကြော်သံနဲ့ ချီတက်လိုက်ကြတာ ... မကြာသေးခင်က ပြင်သစ်ပြည်ကြီးက မာဆေးမြို့မှာ လုပ်တဲ့ အစည်းအဝေးတခုမှာ မျောက်ကျွန်းသား ဂျာမန် ပါမောက္ခတယောက်က “အိုက်စ်ကရင် တခါမှ မစားဘူးတဲ့သူက အိုက်စ်ကရင်အရသာ မသိသလို မြန်မာတွေလည်း ဒီမိုကရေစီအရသာကို မသိဘူး” လို့ လွန်လွန်ကျွံကျွံ စော်စော်ကားကား ဝေဖန်ဘူးတယ်လေ။

တကယ်တော့ အဲဒီ သံအမတ်မကြီးနဲ့ သူ့မိတ်ဆွေ မျောက်ကျွန်းသားတစု ကြံစည်အားထုတ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ စစ်အစိုးရနဲ့ မျောက်ကျွန်းသားတွေ အချင်းချင်း ပြန်လည်သင့်မြတ်ရေးသာ ဖြစ်ပါကြောင်း ...။

10 comments :

  1. cw said... :

    This is rubbish article.
    I cann't understand why the author has written all the story with hidden characters.
    It only gives the readers confusion.

  1. n said... :

    I think this article is likely to lean on personal matters. As this is just a blog, you may not write it too formally, but at least you should write it in more proper way. I don't think you should say "Democracy Lady-gyi". It doesn't sound too polite, I guess. This way of blogging doesn't look like Irrawaddy's, it looks more like the ones posted by Anti-Democracy or other Government bloggers. I hope you can get back on track.
    With Best Wishes!!

  1. Anonymous said... :

    What you wanna give about this article? I don't understand, who is the lady from North Island? why you are hidden? Are you so afraid? If so, why did you write down this article?

  1. Anonymous said... :

    CW
    You said rubbish because you're lousy.
    You should be thankful to the author because he wrote this as a gentleman.
    If you want to know the real names of the characters, I can tell you.
    This is all about Vicky Bowman (the Rubbish), Nay Win Maung (the Crook) and Phone Win (the Ego).
    Are you clear so far, CW (the Dumb)?

  1. ဟုတ်တယ်.. နေဝင်းမောင်ကို နေဝင်းမောင်လို့ ဘာလို့မရေးရဲရမှာလဲ... အဲဒီဘိုမကြီးရဲ့ နာမည်အရင်းရေးရင် ဖန်းထပ်ဖြတ်ခံရမှာစိုးလို့လား..
    ဒါဆိုလဲ အစကတည်းက မရေးနဲ့ပေါ့.. တာတေသားရဲ့ သရော်စာ ဆိုရင် ကိတ်စမရှိပါဘူး..

  1. Anonymous said... :

    Totally agree with "n" on the point he highlighted. Thank you.

  1. cw said... :

    @anonymous
    Perhaps you might be author.
    My understanding is if you have strong reasons and evidence, it wouldn't be anything you need to hide. They will challenge you back.
    I said rubbish to the article, not you.
    Read thoroughly and Calm down.....Be gentleman.

  1. Anonymous said... :

    I don't understand what he is trying to say.

  1. myo said... :

    The writing is like Kyeesaytaman style. Rubbish !

  1. Myint Swe said... :

    I am going to write this with my real because I live in a free country. In order to respect freedom and democracy I would stand by own words and would defend what I write to my best of abilities.

    The above satire seems to come across as more direct and does not contain enough ironies apart from not mentioning the name of the alleged individual.

    Firstly, the Irrawaddy magazine should proudly name the alleged individual if the allegations are credible and can back it up with evidence if demanded. I am awfully tired of listening to these allegations in a form of gossip at the backdrop and it had been going on for years. This magazine is published in a relatively free country in a sense that it is not being censored by any authorities which makes it compulsory for it to maintain credibility and daringly stand firm on the side of freedom and democracy.

    It needs to stop making considerations to it’s funder’s policies and other NGOs and resort to this tittle-tattled satire and opinion columns. These NGOs are behaving like diplomats whereby they will do anything to gain access and influence for their own survival. A typical example of this is the way this Danish entity (DBC) treaded this paper.

    Secondly, these allegations are serious ones and it needs to be dealt with a rigorously with through investigation. What the movement need now is any direct hard evidence of EU’s twin policy on Burma to shame their double standards in policy decisions. If the alleged double standard EU’s foreign policy exist to what extent the alleged individual mentioned above is involved. What is the hard evidence against the alleged individual knowingly setting up Egress which would ultimate dammed the democracy by creating positive spin on fake elections. There are effectively two weeks from now till 7 November to sham the EU for supporting the sham elections if there is enough evidence.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved