ဂုဏ်ယူခိုင်းနေပြီ

Wednesday, December 1, 2010


ဗိုလ်ချုပ်မှူးကြီးက အမျိုးသားနေ့အတွက် ပို့တဲ့ သ၀ဏ်လွှာကို ဒီနေ့ သတင်းစာမှာ အဲဒီလို တွေ့ရတယ်။

ကျွန်ပညာရေးကို ဆန့်ကျင်ရာက ဖြစ်လာတဲ့ မြန်မာပြည်ရဲ့အမျိုးသားနေ့၊ အမျိုးသားအောင်ပွဲနေ့ ဆိုတော့ ပညာရေးအကြောင်းများ ဖတ်ရမယ် မထင်ပါနဲ့။ ရွေးကောက်ပွဲကို အစွမ်းကုန် ချီးကျူးထားတာတွေပဲ ပါပါတယ်။ ပြီးတော့ မြန်မာပြည်သားတွေဂုဏ်ယူထိုက်တယ်လို့ပါ ဆိုထားပြန်တယ်။

ပေါက်ကရသီချင်းတပုဒ်ကိုတောင် ကိုယ်တိုင် ရေးခဲ့တယ် ဆိုတဲ့ မှူးကြီးက ဒီ သ၀ဏ်လွှာ ဆိုတဲ့ဟာကိုလည်း ကိုယ်တိုင် ရေးဖို့ ခက်ခဲမယ် မထင်ဘူး။

ကဲ - ဂုဏ်ယူလိုက်ကြစို့။

တကယ်တော့ အောက်ကပုံလေးပါ သ၀ဏ်လွှာမှာ တွဲထည့်မယ် ဆိုရင် ဖတ်ချင်တဲ့သူ ပိုများမယ်၊ ရွေးကောက်ပွဲကြီးအတွက် သေချာပေါက် ဂုဏ်ယူကြမယ် ဆိုတာ မှူးကြီး မတွေးမိလိုက်ဘူး ထင်ပါရဲ့။



1 comments :

  1. Anonymous said... :

    နိုင်ငံတော်သစ်ကြီးကလဲ တည်လို့ ကိုမဆုံးနိုင်ဖူး ဦးနေ၀င်းလက်ထက် ၁၉၆၂ ကနေ ၈၈ ထိနီုင်ငံတော်သစ်ကြီးကို သတင်းစာကနေတည်နေတာ ခုဆို နှစ်ပေါင်း၅၀ ကျော်ပြီး ခုထိ အစမပျိုးနိုင်သေးဖူး တည်လို့ ကောင်းတုန်းပဲ ဘယ်တည်လို့ပြီးမှာလဲ သတင်းစာထဲပဲတည်ပြီး လက်တွေ့ မှာတော့ ဖြိုဖျက်နေတာကိုး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved