အုတ်ရှောင်တွေ ထွက်လာပြီ

Friday, March 18, 2011


နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင် အမှူးပြုတဲ့ မြန်မာနိုင်ငံတော် အာဏာ တသက်လုံး ချုပ်ကိုင်ထားရေး အစီအမံ လမ်းပြမြေပုံ ၇ ဆင့် ပြီးဆုံးအောင်မြင်ပြီဆိုတဲ့ အထိန်းအမှတ်နဲ့ မနေ့ မနက်ကပဲ နိုင်ငံတော် သံဃာ့အကြီးအကဲများကို ဆွမ်းဆပ်ကပ်လှူဒါန်းပွဲ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံတဝန်း လာနီညာ တန်ခိုးကြောင့် ခိုက်ခိုက်တုန်အောင် ချမ်းပြီး မိုးတစွတ်စွတ်နဲ့ အုံ့မှိုင်းနေပေမယ့် နအဖရဲ့ သတင်းစာထဲမှာတော့ “ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ မြို့တော် နေပြည်တော် တခွင်၌ တောပန်း တောင်ပန်းတို့ အစီအရီဖူးပွင့်ကာ ကျေးငှက်သာရကာ အပေါင်းတို့ကလည်း နွေဦးကို ကြိုဆိုလျှက် ရှိလေသည်” ဆိုပဲ။ သြော် ... သာစွနေပြည်တော်ပေါ့လေ။

အဲဒီလို ကွက်ကျား သာယာလှပနေတဲ့ မြို့တော်အတု နေပြည်တော်ကြီးရဲ့ ရွှေတိဂုံအတု ဥပ္ပာတသန္တိ စေတီတော် ဝန်းကြီး အတွင်းမှာ နအဖ အဖွဲ့ဟာ ဘဝမပြောင်းခင် ဘဝကူးကောင်းဖို့ ဆွမ်းများ ဆက်ကပ် လှူဒါန်းနေကြတာပါ။ လောလောဆယ်တော့ ဘဝတွေ မပြောင်းရသေးတဲ့အတွက် အားလုံးဟာ မူလ ရာထူးအာဏာတွေနဲ့ပဲ ခပ်တည်တည် ဆွမ်းကပ်နေကြပါတယ်။

နအဖ ခေတ်အဆက်ဆက် သတင်းစာကို ဖတ်နေကျဆိုတော့ ကိုတာတေလည်း သူတို့ရဲ့ ဖော်ပြပုံ ဖော်ပြနည်း တွေကို နောကြေနေပါပြီ။ ချဲဂဏန်းအတိတ်စိမ်း ပေးသလိုပဲပေါ့။ သတင်းစာကို ကြည့် ... မျက်နှာဖုံးကနေ အစဉ်အတိုင်း ဖော်ပြထားတာတွေကို ကြည့်လိုက်ရင် ဘယ်ဟာက၊ ဘယ်သူက အရေးအကြီးဆိုတာ တန်းကနဲ သိနိုင်ပါတယ်။

ဒီတော့ ဒီနေ့ သတင်းစာမှာ သံဃာတော်တွေကို လှူဖွယ်ပစ္စည်းတွေ ဆပ်ကပ်နေတဲ့ ဓာတ်ပုံတွေကို ကြည့်မယ်ဆိုရင် ... ၁။ နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ၂။ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ၃။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် သူရဦးရွှေမန်း၊ ၄။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန် (မကြာမီ သမ္မတအဖြစ် ဘဝကူးမည့်သူ)၊ ၅။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် (တွင်း - ၁) သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ၆။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဦးတင်အေး၊ ၇။ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (မကြာခင် ကာချုပ်အဖြစ် ဘဝပြောင်းမည့်သူ) အဲဒီလို အစဉ်အတိုင်း တွေ့နိုင်ပါတယ် (ဒီမှာရေးထားတဲ့ ရာထူးတွေက သတင်းစာထဲက အတိုင်းဖော်ပြထားတာပါ)

ကဲ ချဲဂဏန်းဖော်မယ် ... ဟုတ်ပေါင် ... လက်ညှိုးထောင် ခေါင်းညိတ် လွှတ်တော်ကြီးက မကြာခင် အဆုံး သတ်မယ်။ အဲဒီမှာ ကြမ်းကျွံပြီး ... အဲ ယောင်သွားလို့ ... ကျမ်းကြိမ်ပြီးသကာလ အခွံချွတ်မယ် ...။ နအဖ ဆိုတဲ့ အခွံကို ချွတ်မှာပါ။ အဲဒီတော့ ဘဝပြောင်းကြပြီပေါ့။ သမ္မတ ဖြစ်သူဖြစ် ... ကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့သူဖြစ် ဖြစ်ချင်ရာဖြစ် ... ဖြစ်ချင်တိုင်းဖြစ် ... ဘယ်လိုပဲဖြစ်ဖြစ် ... ဖြစ်ပြီးသွားတဲ့အခါမှာ နိုင်ငံတော်အာဏာကြီးကို စိတ်မချနိုင်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမှူးပြုတော်မူသော အထက်ပါ ၇ ဦးကို ဆွဲစေ့ထားတဲ့ “နိုင်ငံ့အုတ်ရှောင်” အဖွဲ့ကြီးဟာ တမူထူးခြားတဲ့ အသွင်ဆန်း ဇာတ်ဆန်းတွေနဲ့ မြန်မာ့အာဏာဇာတ်ခုံပေါ်မှာ မျောက်ကကပြကြပါ လိမ့်မယ် ဆိုတာကို ဒီနေ့ သတင်းစာမှာ ချဲအတိတ်စိမ်းပေးသလို ပေးလိုက်တာပါ။

ချဲသမားစကားနဲ့ ပြောရမယ် ဆိုရင်တော့ ဂွင် မိလက်စသူများ ဆက်မိကြပါလိမ့်မယ် .... လို့။

ရန်ကုန်သားတာတေ

7 comments :

  1. Anonymous said... :

    Excellent idea

  1. Anonymous said... :

    THU TAUNG SAR THAN SHWE.DONT WANT TO SEE YOUR FACE...

  1. မြန်ပြည်သား said... :

    လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်ငါဆယ်အတွင်း မြန်မာပြည်အရပ်ရပ် တောကြိုးအုံးကြားအတွင်း လုပ်ကိုင်စားသောက် မကြံတတ်၍ နိုင်ငံတော်ချစ်ဟန်ဆောင်ပြီး စစ်တပ်အတွင်းဝင်ကာ ဟိုးလူ့ အောက်ကျို့  ဒီလူဘောမဖြင့် ကံကောငးထောက်မစွာ ဗိုလ်ချုပ်များဖြစ်လာသော ယခုလက်ရှိ နိုင်ငံခေါင်ဆောင်ဟုခေါ်တွင်သော သူများသည် အတတ်ပညာ အသိပညာနတ္တိ, ပညာဥာဏ်မရှိ, နိုင်ငံတော်ဘဏ်ဏာများ တိုင်ပြည်၏ သံယာဇာတများကို မိမိပိုင်ကဲ့သို့  ခိုးဝှက်ခြင်း တိုင်းသူပြည်သားများ၏ ပစ္စည်းဥစ္စာများအား ဓမြကဲ့သို့ အတင်းအဓမ္မတိုက်ယူခြင်း, ချွေးနှဲစားများအား သူတောင်းစားကဲ့သို့  အခွန်အဓမ္မ ထမ်းဆောင်ခိုင်းခြင်း ကျေးလက်နေ ပြည်သူများအား လက်နက်အားကိုးဖြင့် မောင်းထုတ်ခြင်း, အစရှိသော မကောင်းမှူများ နေစဉ်ရက်ဆက်ပြုလုပ်သူများ၏ အလှူသည် ဘယ်သောအခါမှ နတ်လူသာဓု မခေါ်ပါ။ ထိုနိုင်ငံ အုတ်ရှောင်များ အမြန်ဆုံးသေဆုံးပြီး တရားသဖြင့် အုပ်ချုပ်သော နိုင်ငံခေါင်းဆောင်များ အုပ်ချုပ်မှသာ နတ်လူသာဓုခေါ်မည်ဖြစ်ပါသည်။

  1. Anonymous said... :

    အုပ်ပြီးရှောင်ကြမယ့်သူတွေလေ....အသက်ကခြေတစ်ဖက်လှမ်းနေပြီ...အခုထိ...ခေါင်းထဲမှာ....ဦးနှောက်ကမရှိဘူး...။အိပ်..စား..ကာမ..ရတာအကုန်ယူ..ဒါပဲသိတယ်..။

  1. ZAWMIN said... :

    THEY ARE VERY SHAMELESS.

  1. Anonymous said... :

    သူတို့ဘ၀တွေ အတွက် ဘ၀ကကူးကောင်းဖို့ဆိုတာက မဖြစ်နိုင်တော့ပါဘူးဗျာ ဒီဘ၀ က အကုသိုလ်ကြွေးတွေက ဆပ်လိုဖြစ့်ကုန်နိုင်မယ် လဲ မထင်ပါဘူး သူတို့ အပြစ်တွေက ဘာနဲ့ဆေးဆေးမပြောင်နိုင်တော့ဘူးလေ ဘုရားရဲ့သားတော်ဖြစ်တဲ့ ဘုန်းကြိး တောင်သတ်တယ် ရိုက်တယ်လေ ကျွန်တော်က ဘုန်းကြိးလဲမဟုတ်ပါဘူး သာမန်လူတယောက်ပါပဲ ဘုန်းကြီးက ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကို့ရှေ့မှာ ငြိမ်းချမ်းစွာတရားဟောနေတဲ့ ဘုန်းကြိးတယောက်ကိုမရိုက်သင့်ပါဘူးဗျာ အားလုံးကိုရိုသေစွာဖြင့် .....အဝေးရောက်ရွှေမြန်မာ

  1. Anonymous said... :

    သူတို့ အပြစ်တွေကိုဘာနဲ့ဆေးဆေးလုံးဝမပြောင်ပါ ဘုန်းကြိးသတ်တဲ့ကောင်တွေ နောင်ဘ၀မပြောနဲ့ ဒီဘ၀ ခံရမဲ့ အကုသိုလ်တွေတောင် ဆပ်လို့ကုန်မှာမဟုတ်ဘူး...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved