သိန်းစိန် ၅ နှစ် ... ရွှေမန်း ၅ နှစ်

Monday, April 25, 2011

ထောင်သက်တွေလို့ ဘယ်သူမှ ထင်ကြမှာ မဟုတ်ဘူးနဲ့ တူပါတယ်နော်။ သူ့ဘာသာ ယူကြမယ့် သမ္မတသက်တမ်းကို ပြောတာပါ။ လူတွေကြားမှာ ဝေဖန်နေကြပါတယ်။ သမ္မတ အဖြစ် ဒီ ၅ နှစ် ဦးသိန်းစိန်ပြီးရင် နောက် ၅ နှစ် ဦးရွှေမန်းပါတဲ့ ...။ တပ်ချုပ်ကြီးက အားလုံး စီစဉ်ပြီးသားပါ။ ဘယ်သူတွေ ဘာပြောပြော ... အားလုံး အစီအစဉ် တကျနဲ့လုပ်ထားပြီးသားလို့ ဆိုရမှာပါ။

ဒါကလည်း အကြောင်းမဲ့ သက်သက်တော့ ပြောကြတာ မဟုတ်ပါဘူး။ အတိတ်စိမ်းလေးတွေ ပေးထားပါတယ်။ ကြံ့ဖွံ့ပါတီရဲ့ ဥက္ကဋ္ဌကြီး ဦးသိန်းစိန်က သမ္မတ တက်ဖြစ်ပြီး ဒီ ၅ နှစ်ကို တာဝန်ယူ အုပ်ချုပ်ပြီး သကာလမှာ နောက် ၅ နှစ် သက်တမ်းအတွက် နောက် တက်မယ့် သမ္မတက ကြံ့ဖွံ့ရဲ့ ဥက္ကဋ္ဌကြီးပဲ ဖြစ်မှာပါ။

ကြံ့ဖွံ့ရဲ့ ယာယီဥက္ကဋ္ဌအဖြစ် ရာထားခံရသူကတော့ သူရ ဦးရွှေမန်းပဲ ဖြစ်ပါတယ်။ ဒီမှာဖတ်လို့ရပါတယ်။ ကဲ ဘယ်ပါတီက ဘယ်သူတွေများ နောက် ၅ နှစ်ရဲ့ သမ္မတဖြစ်ရင် ဆိုတဲ့ အိပ်မက်တွေ မက်နေကြပါသလဲ ... ။ အဲ ...။ ဒါပါပဲ။

3 comments :

  1. Anonymous said... :

    သိန်းစိန်ကဒုတိယသမ္မတ သက်တမ်းကိုဝင်ပြိုင်ပြီး၊ ပြိုင်ဘက်မရှိအနိုင်ရအုံးမှာမို.လို. သိန်းစိန် ၁၀ နှစ်ပါ။ နောက်ထပ် ၅ နှစ်ကတော့ ရွှေမန်း ဖြစ်လာနိုင်ပါရဲ.။ ရွှေမန်းခဗျာ သနားပါတယ် နောက်ထပ် ၁၀ နှစ် တောင်စောင့်ရအုံးမှာ။

  1. Anonymous said... :

    နောက်2020တိုင်အောင်သူတို့ကအုပ်ချုပ်အုံးမှာပါ ထိုင်ခုံမက်တဲ့ရောဂါအခံရှိသူတွေပီပီ
    တရုတ်ရဲ့ရုပ်သေးရုပ်လုပ်ကြဦးမှာပါဘယ်တော့မှထိုင်ခုံကိုပေးမယ့်လူစားတွေမဟုတ်ကြပါဘူး

  1. Anonymous said... :

    နိုင်ငံနှင့်လူမျိုးကိုတကယ်ကောင်းအောင် လုပ်မဲ့သူပဲဖြစ်စေချင်တယ်။ ဟိုဆုဒီဆုရပီ ကိုယ့်အမျိုးဘာသာတရားမှတန်ဖိုးမထားတဲ့ သူတွေတက်လာရင်ဒုက္ခ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved