မိတ္ထီလာက သင်္ချိုင်းမြေ ရောင်းရေး မရောင်းရေး

Monday, July 25, 2011

britannica.com မှာ တွေ့ရတဲ့ မိတ္ထီလာမြို့ တနေရာ

မိတ္ထီလာမှာ နှစ် ၁၀၀ ၀န်းကျင် သက်တမ်းရှိတဲ့ အစ္စလမ်သင်္ချိုင်းမြေနေရာကို ၀ယ်တဲ့သူ ရှိနေလို့ ဒေသခံတချို့က အတိုက်အခံ လုပ်နေရတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီကြီးတခုက ဒီနေရာကို မြေညှိပြီး လုပ်ငန်းတခုခုလုပ်မယ်၊ မနေ့ ညက မြေတူးစက်တွေရောက်လာတယ်လို့ ဆိုတယ်။

ဒါကြောင့် ဒီမနက် ၆ နာရီလောက်မှာ အစ္စလမ် ဘာသာဝင်တွေ ရာဂဏန်းလောက် သွားပြီး တားဆီးကြတယ်၊ သိပ်မကြာခင် အာဏာပိုင်တို့ ရောက်လာတယ်၊ ညှိပေးမယ် ဘာညာ ပြောပြီး လူစုခွဲလိုက်တယ် လို့ ဒေသခံ တဦးက ပြောပါတယ်။

ဖမ်းဆီးမှု မရှိဘူးလို့ သူက ဆိုပါတယ်။
ဘယ်ကုမ္ပဏီက ဘာလုပ်ငန်းအတွက် စီစဉ်နေသလဲ ဆိုတာတော့ မသိရသေးပါ။

1 comments :

  1. Anonymous said... :

    ရွှေမန်းသူက ကားဝင်းဆောက်ဖို့ ၀ယ်လိုက်တာပါ။ ဒေသခ့တွေက မသိဘဲ သူတို့ လူကြီးက ရောင်းတာလို့ သိရပါတယ်။ ညမှာ ဘူဒိုဇာတွေနဲ့ ၀င်ထိုးလိုက်တာ မနက်မှာ သိကြတော့ ကုလားတွေ ၀ိုင်းလာလို့ ရဲနဲ့ တပ်ခေါ်ပြီး ရှင်းရတယ်လို့ သိရပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved