ဒေါက်တာကျော်ရင်လှိုင်ရဲ့  NDF သင်တန်း ပို့ ချချက်တချို့ 

Monday, August 8, 2011

.



ဒေါက်တာကျော်ရင်လှိုင်ဟာ ရန်ကုန်အခြေစိုက် Myanmar Egress အဖွဲ့က ဖြစ်ပါတယ်။
City University of Honk Kong ဆိုတဲ့ တက္ကသိုလ်မှာလည်း Assistant Professor အဖြစ် တာဝန်ယူထားပါတယ်။
NLD မှာ သင်တန်းလုပ်မယ့် သူ့အစီအစဉ်က ပလုံသွားပေမယ့် တခြားပါတီတခုမှာ လုပ်တဲ့ သင်တန်းကတော့ အိုကေသွားပါပြီ။


လက်ရှိမြန်မာနိုင်ငံရေးတွင် အတိုက်အခံပုံစံ ရပ်တည်နေကြသည့် ပါတီတို့အတွက် အခွင့်အရေးတစ်ရပ်ရှိနေသည်ဟု ဒေါက်တာကျော်ရင်လှိုင်က သောကြာနေ့တွင် ပြောလိုက်သည်။

NDF ပါတီရုံးချုပ်တွင် ပြုလုပ်သော နိုင်ငံရေးသင်တန်း ပို့ချမှုတွင် ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

“နိုင်ငံရေးပါတီ ဆိုရင် အဖွဲ့အစည်းကို (Organization) ကို အဓိက အခြေခံကြရတယ်။ ဒါပေမယ့် နိုင်ငံအချို့မှာတော့ ခေါင်းဆောင်ကို အခြေခံနေရတာတွေရှိတယ်။ ဒီအခြေအနေမှာ ခေါင်းဆောင်မရှိရင် ပါတီရဲ့ အခြေအနေ ယိုယွင်းသွားနိုင်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီက အစိုးရကို မလွှမ်းမိုးနိုင်ဘူး” ဟု ဒေါက်တာကျော်ရင်လှိုင်က ပြောသည်။

အစိုးရလုပ်ဆောင်ချက်မကောင်းပါက အများစုအနိုင်ရထားသည့် ပါတီပုံရိပ်ကို ရိုက်ခတ်မှု ရှိနိုင်သည့်အပြင် နောင်လာမည့် ရွေးကောက်ပွဲတွင် သက်ရောက်မှု ရှိလာနိုင်မည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ပြင်ဆင်ချိန်နည်းပါးခြင်းက နိုင်ငံရေးပါတီတို့အတွက် အကြပ်အတည်းကြုံတွေ့ရသည်၊ မဲဆွယ်ဗျူဟာ အားနည်းမှုများလည်း ရှိခဲ့သည်ဟု သူက သုံးသပ်သည်။

“အချိန်မလုံလောက်တော့ ပါတီတွေအနေနဲ့ ပါတီတည်ဆောက်ရေးနဲ့ စည်းရုံးရေးတွဲလုပ်ခဲ့ကြတယ်။ ဒါပေမယ့် ဒီလိုတွဲလုပ်ဖို့က ဘယ်လိုမှမလုပ်နိုင်တဲ့ အခြေအနေပါ။ နောက်တစ်ချက်က ပါတီတွေ ရွေးကောက်ပွဲ မဲဆွယ်ဗျူဟာမှာ Product Oreantent (ဘာလုပ်မယ် ဆိုတာ အသားပေးတဲ့ ပါတီထုတ်ကုန်ကို အသားပေးပုံစံ) ဖြစ်နေတာပဲ” ဟု ဒေါက်တာကျော်ရင်လှိုင်က ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီတို့အတွက် မဲဆွယ်ဗျူဟာ ဖြစ်နိုင်မည့် အခြေအနေကိုလည်း သူက သုံးသပ်ပြသွားသည်။

“ အတိုက်အခံ ဖြစ်တဲ့ ပါတီတွေမှာ ငွေက မရှိဘူး။ ဒီတော့ ပြည်သူတွေ လက်တွေ့ ရင်ဆိုင်နေရတဲ့ ပြသနာမျိုးတွေကို ပါဝင် ဖြေရှင်းတဲ့ နည်းလမ်းမျိုးက ကြားဖြတ် ရွေးကောက်ပွဲ အတွက် ထိရောက်တဲ့ မဲဆွယ်ပုံစံ ဖြစ်လာမှာပါ” ဟု အကြံပြုပြောသွားသည်။

တိုင်းရင်းသားအရေးကိုလည်း ထည့်သွင်း ပြောကြားသွားပြီး နိုင်ငံရေးဖြစ်စဉ်၏ အရေးပါသည့် နေရာတစ်ခုခုတွင် နေရာ မပေးနိုင်ပဲ တိုင်းရင်းသား အရေးကို ဖြေရှင်းရန် မဖြစ်နိုင်ဟု ဆိုသည်။

ကျော်ကျော်၊ အောင်သူဟိန်း



.

1 comments :

  1. Anonymous said... :

    Product-oriented ထင်တယ်နော။ ကြည့်လဲ လုပ်ပါအုံး ဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved