အပစ်ရပ်ရေးကမ်းလှမ်းချက်ကို လက်နက်ကြီးဖြင့် အဖြေပေး

Wednesday, September 21, 2011

.....





တပ်မဟာမှူး ဗိုလ်မှူးချုပ်ဂျော်နီ (ဓာတ်ပုံ - ဧရာဝတီ)

ဧရာဝတီသတင်းထောက်တဦး ရေးသား ပေးပို့သည်

ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် တရက်တာ အပစ်ရပ်ကြရန် ကရင်အမျိုးသား အစည်းအရုံး (KNU) က ကမ်းလှမ်းထားခြင်းကို အစိုးရတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး အဖြေပေးလိုက်သည်။

"ဘားအံခရိုင်ထဲမှာရှိတဲ့ ထီးလောသေ နဲ့ ထီးဝါးပလောကျေး နယ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်တာ ၁၂ နာရီကျော်မှ ရပ်တယ်။ ကျနော်တို့ဘက်ကတော့ လုံးဝ ပြန်ပစ်တာတွေ မလုပ်ခဲ့ဘူး" ဟု KNU ၏ အမှတ် ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက ဧရာဝတီကို ပြောသည်။

KNU က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် သေနတ်သံတိတ်ရန် ကမ်းလှမ်းခဲ့ခြင်းမှာ ရေရှည်ငြိမ်းချမ်းရေးပေါ်ထွန်းရန် ရည်ရွယ်သည်ဟု တပ်မဟာမှူးက ဆိုသည်။

ယမန်နှစ်ကလည်း ငြိမ်းချမ်းရေးနေ့တွင် အပစ်ရပ်ရန် တောင်းဆိုချက်ကို အစိုးရတပ်များက တိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့သည် ဟု KNU က ပြောသည်။

ယနေ့ လက်နက်ကြီးဒဏ် ခံလိုက်ရသည့် ဒေသများတွင် KNU တပ်များအပြင် KNU မှ ခွဲထွက်သွားပြီး ယခု မဟာမိတ်ပြန်ဖြစ်နေသော DKBA ခေါ် တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသားတပ်မတော်၏ တပ်မဟာ ၅ တပ်ရင်းများ လှုပ်ရှားလျက်ရှိသည်။

ပစ်ခတ်မှုမှာ မြ၀တီခရိုင်၊ မယ်ပလဲ့ကျေးနယ်တွင် အခြေစိုက်သည့် ခြေမြန်တပ်ရင်း အမှတ် ၃၅၇၊ နယ်ခြားစောင့်တပ်အမှတ် ၁၀၁၇ တို့၏ လက်ချက်ဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးပေ။

"ဒီနေ့တိုက်ပွဲက မနက် ၈ နာရီကျော်က စတာ။ သေနတ်သံတွေ ထိုင်းနယ်စပ်ကနေ ကောင်းကောင်း ကြားနေရတယ်။ ထိခိုက်မှု ရှိမရှိကတော့ မဲဆောက် ဆေးရုံကြီးမှာ လူနာ ရောက်မရောက် သွားကြည့်မှပဲ သိရမယ်" ဟု ထိုင်းနယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်တဦးက ပြောသည်။

လာမည့်ရက်များတွင်လည်း ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပေါ်လာဖွယ် ရှိကြောင်း DKBA တပ်မဟာ ၅ ထောက်လှမ်းရေးဌာနမှ ဗိုလ်ကြီးသရီးထူးက မြ၀တီမြို့ရှိ စစ်ရေးလှုပ်ရှားမှုများအပေါ် မူတည်ပြီး ရှင်းပြသည်။

"ဒီနေ့ မြ၀တီမှာ စစ်တပ်က လူသူ လက်နက် အပြည့်အစုံနဲ့ စစ်ကား ၄ စီး မြ၀တီရဲ့ တောင်ဘက်မှာ ရှိတဲ့ DKBA အခြေစိုက်တဲ့ ဝေးလေ ဘက်ကို ထိုးစစ်ဆင်ဖို့ တက်လာတာ ရှိတယ်" ဟု သူက ပြောသည်။

ယခုလဆန်း ၅ ရက်နေ့ကစတင်ပြီး အစိုးရက KNU နှင့်ငြိမ်းချမ်းရေးဆွေးနွေးရန် အဖွဲ့ဝင် ၆ ဦး ပါရှိသည့် အကျိုးဆောင်အဖွဲ့တဖွဲ့ကို စေလွတ်ထားသော်လည်း ယနေ့အထိ တစုံတရာ ဖြစ်ပေါ် တိုးတက်မှု မရှိသေးဟု သိရသည်။




.....

10 comments :

  1. Anonymous said... :

    ဒီမိုကရေစီ ဆိုတာအဲဒါပဲ...မြန်မာပြည်ရဲ့ဒီမိုကရေစီက
    ကမ္ဘာမှာ အထူးခြားဆုံး...
    ဗိုလ်ချုပ်အောင်ဆန်းတောင် ဖယ်ဒရယ်နဲ့ဒီမိုကရေစီကို
    သဘောတော်ကျလို့ ကျည်ဆန်စားပြီး နတ်ပြည်သွားလေ
    ရဲ့..အခုလည်းknu ကငြိမ်းချမ်းရေးစကားပြောတာ..
    ပေးလိုက်တဲ့ငြိမ်းချမ်းရေးး.ဟဟ..
    ငြိမ်းချမ်းရေးလိုချင်ရင် နိုင်အောင်သာတိုက်ပေတော့ ဘော်
    ဘော်တို့ရေ..အဲဒါ ငြိမ်းချမ်းရေးအတွက်မှန်ကန်တဲ့လမ်းစဉ်ပဲ..
    တောင်းနေ မျှော်နေ ယုံကြည်နေလို့ကတော့..ဟဟ...

  1. Anonymous said... :

    အစိုးရက နာမည်ကောင်းလည်း ရချင်တယ်

    ဒါပေမယ့် အကျင့်လဲ မဖျက်နုငိဘူး

    ဒီနေ့  အဲဒီလို ပစ်တယ် ဆိုတာ ၇ည်ရွယ်ချက်ရှိရှိ ပစ်ခတ်ပြလိုက်တာဘဲ

    အကောင်းမြင်လိုသော်လဲ အကောင်းကား မတွေ့ သေးလို့  ဆိုရမှာဘဲ

    ဆရာသန်း

  1. name said... :

    သူပုန်တွေကိုအကုန်ခြေမုန်းနိုင်တာလဲမဟုတ်ဖူး။စစ်တပ်လုပ်တာကိုလုံးဝနာလည်လို့မ၇တော့ဘူးကွာ။

  1. Anonymous said... :

    Dear KNU,
    Burma Army dare not approach you guys.
    They are afraid of facing KNU and DKBA.
    Therefore, they just stay in their camps and use the launcher (let net kyi).
    carry on KNU!

  1. Anonymous said... :

    အင် သတ်တယ်ဆိုတာ မကောင်းမှန်း လူတိုင်းသိတယ်။ ခက်တာက အကောင်းပြောလို့မှ မရတော့လည်း သတ်ရတော့တာပဲ။ အဲဒါက နိယာမတစ်ခုလို့ပဲမြင်တယ်။

  1. အေး..မင်းတို့ စစ်တပ်က စစ်အာဏာရှင်ပေါက်စတွေ အင်အားနဲ့ လက်နက်နဲ့သာ ပြည်သူတွေ ရွာသားတွေကို အနိုင်ကျင့်လို့ ရတာပါ လက်နက်ရှိတဲ့ ပြည်သူ့ဘက်က တော်လှန်ရေးသမားတွေ နဲ့ တိုက်တဲ့တိုက်ပွဲတိုင်းကို အမြဲတန်းခံနေရတာ မင်းတို့ ရှေ့က စီနီယာသမားတွေကို မေးကြည့်ဦး အနိုင်ရတာနဲ့ ငြိမ်းချမ်းရေးရတာနဲ့တောင် မကွဲပြားပဲ စစ်ဗိုလ်လုပ်နေတဲ့ကောင်တွေ တနေ့နေ့တော့ ပြည်သူတွေ ပေးတဲ့ ပစ်ဒါဏ် ခံရဖို့သာပြင်ထား ကမ္ဘာမှာ မင်းတို့ထက် အင်အားကောင်းတဲ့ လက်နက်ကောင်းတဲ့ အာဏာရှင်တွေတောင် အချိန်တန်တိုင်းပြေးရ သေကြရတာ စာလေးဘာလေးလဲ ရှာဖတ်ဦးကွ..

  1. Anonymous said... :

    အားလုံးအတူတူပဲလေ လက်နက်ကိုင်ပြီးအနိုင်ကျင့်ကျတာကြီးပဲ ကြားကတော့ ပြည်သူတွေခံပေါ့ ပြည်သူတွေဆိုတာအခံဘက်ကပဲလေ လက်နက်ရှိတဲ့လူတွေက လက်နက်အားကိုးနဲ့ပေါ့ အာဏာပြနေကျတာလေ

  1. Anonymous said... :

    ဘော်ဒါတို့ရေတွေ့ပြီနော်-အဖြေပေးလိုက်ပုံကတော့....ဆက်သာတွယ်ပေရော....

  1. Anonymous said... :

    KNU ကစစ်တပ်ပစ်တာကို ပြန်မပစ်ဘူးတဲ့။ ရယ်ရတယ်။ ဟုတ်ပါ့မလား မောင်ကာဋုရဲ့။ အားလုံးအတူတူဘဲ။ ပြည်သူတွေဆီက တောင်းလို့ရရင်ရ ၊ မရရင် ဒမြတိုက်စားကြတာဘဲ။ ဘယ်ကောင်မှ့မကောင်းဘူး။

  1. Ta Tut said... :

    Why ask for peace? Just look at KIA in Northern Shan State. They cited a prison and release political prisoner.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved