နှုတ်ခမ်းမွေး

Sunday, September 25, 2011

....







ခန့်ညားဖို့ နှုတ်ခမ်းမွေးထားသူ ရှိသလို နှုတ်ခမ်းမွေး မထားမှ ခန့်ညားမယ်လို့ ယူဆသူလည်း ရှိပါတယ်။

ကုန်းဘောင်ခေတ်မှာတော့ မင်းတုန်းမင်း၊ ကင်းဝန်မင်းကြီးဦးကောင်း စတဲ့ ဘုရင်တွေ မှူးမတ်တွေက နှုတ်ခမ်းမွေးတွေနဲ့ ခန့်ခန့်ကြီးပါ။
ဒီဘက်ခေတ်မှာတော့ အုပ်ချုပ်သူလူတန်းစားများ နှုတ်ခမ်းမွေး မထားကြပါ။ တခြားလောကသားများမှာပဲ နှုတ်ခမ်းမွေးဖက်ရှင်ကို တွေ့နေရပါတယ်။

အမေရိကန်မှာတော့ အဖွဲ့ ထောင်ထားကြတယ်၊ အမေရိကန်နှုတ်ခမ်းမွေးအသင်း တဲ့။

အသင်းကြီးက နှုတ်ခမ်းမွေးသမားတွေ ခွဲခြားဆက်ဆံခံရမှုကနေ အကာအကွယ်ပေးဖို့၊ နှုတ်ခမ်းမွေးယဉ်ကျေးမှုကို ထိန်းသိမ်းဖို့၊ နှုတ်ခမ်းမွေးသမားတို့ရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ၁၉၆၅ ကတည်းက ဖွဲ့ထားတာပါ တဲ့။

အမေရိကန် နှုတ်ခမ်းမွေး ခရေဇီတွေက မခေကြပါ။ ၁၉၉၀ နောက်ပိုင်း အစပြုတဲ့ နိုင်ငံတကာ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာတော့ အမေရိကန်တွေ နဲ့ ဂျာမန်တွေပဲ ဗိုလ်စွဲလေ့ရှိတယ် တဲ့။


မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးကြောင့် ဥပဓိရုပ် ပို ခန့်သွားသလား။ ဘယ်လိုထင်လဲ။


ဥပမာ - ကျော်သူ၊ ဟစ်တလာ၊ ပါပါလေး၊ ဇော်ဝင်းထွဋ်၊ အဲလက်စ်၊ မာရဇ်ဇ၊ ဖျာပုံနီလုံဦး၊ စိုးသော်တာ
တို့ထဲမှာ ဘယ်သူ့ရဲ့ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး စတိုင်ကို အကြိုက်ဆုံးလဲ။ ဒါမှ မဟုတ် မကြိုက်ဆုံးလဲ ဆိုတဲ့ မေးခွန်းကို တချို့က ဟောဒီလို ဖြေထားကြပါတယ်။


ချေရဲ့ သင်္ကေတမှာ အဲဒီမုတ်ဆိတ်မွေးနဲ့ နှုတ်ခမ်းမွေးပါတယ်လေ။
အပြင်မှာတော့ ဘယ်သူ့စတိုင်မှ မကြိုက်ဘူး။


ဘလော်ဂါ ခင်မင်းဇော်

http://khinminzaw.blogspot.com/

မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးမရှိတာက ဥပဓိရုပ်ကိုပိုပြီး တည်ကြည် ခန့်ညားစေပါတယ်...
မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးထားကြတာ ဘိုးတော်လိုလို၊ ဂမ္ဘီရလိုလို ၊ ဗေဒင်ဆရာလိုလိုလူတွေ ထားကြတာပါ...
ကိုကျော်သူကို မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးထားတာ မကြိုက်ဆုံးပါပဲ၊ နာရေးကူညီမှုလုပ်တာ ဖြစ်ဖြစ်၊ တရား ရလို့ပဲဖြစ်ဖြစ် မထားစေချင်ပါ...
အထူးသဖြင့် လူများများ အမြင်ခံရမယ့်သူတွေဟာ မြင်ရသူ စိတ်ကြည်လင်စေဖို့ လှလှပပ မဟုတ်တောင် သပ်သပ်ရပ်ရပ် နေသင့်ပါတယ်...

ဦးခင်မောင်ထွေး (ထွေးဦးမြန်မာ)
http://htweoomyanmar.com/


ကိုယ်တိုင်ထားကြည့်တော့ အတော့်ကို အိုစာသွားတယ်။
ရိတ်သူပျို၏။

ဘလော်ဂါ မင်းဒင်
http://www.mindin.info/

ဆရာကြီးတွေက မုတ်ဆိတ်မွေး ထားကြတယ်။
xx ဆရာနဲ့ တရုတ်သိုင်းဆရာကြီးတွေ မုတ်ဆိတ်မွေး ထားတယ်။
မုတ်ဆိတ်မွေး ရှိရင် လူရှိန်တယ်။
ပျားလည်း စွဲနိုင်တယ်။
အကြိုက်ဆုံးမုတ်ဆိတ်ကတော့ ဆိတ်နဲ့တူလေ ကြိုက်လေပဲ။
ဆိတ်သားကင်ဆို အရမ်း ကြိုက်တယ်။

ဘလော်ဂါ ပြည်ပရောက်တောအုပ်
http://blueskyforest.blogspot.com/

မုတ်ဆိတ်ရော နှုတ်ခမ်းမွေးရောထားရင် ပဲဟင်းစားတဲ့အခါ အလုပ်ရှုပ်မယ် ထင်တယ်။
ကျနော်ကတော့ ကင်းဝန်မင်းကြီးနှုတ်ခမ်းမွေးကို ပိုကြိုက်ပါတယ်။ ဟစ်တလာနဲ့
ကင်းဝန်မင်းကြီးဦးကောင်း နှုတ်ခမ်းမွေးကို ရောစပ်ပြီး
မိုနာလီဇာပန်းချီကားမှာ တပ်ဆင်ပေးကြည့်တာ
ပိုခန့်မယ် ထင်တာပါပဲ။

ဘလော်ဂါ ဥက္ကာကိုကို
http://www.oakkarkoko.com/

ခန့်တယ်လို့ မထင်ပါဘူး။
ဒါပေမယ့် ပုံစံချင်းအတူတူ ဟစ်တလာနှုတ်ခမ်းမွေးကို မကြိုက်ဘဲ ချာလီချက်ပလင်နှုတ်ခမ်းမွေးကိုတော့ ကြိုက်တယ်ဗျ။


ကာတွန်း ဘီရုမာ
http://beruma.blogspot.com/

နှုတ်ခမ်းမွေးရှိလို့ ဥပဓိရုပ် ပိုခန့် မခန့် ကတော့ လူတစ်ဦးချင်းစီရဲ့ စတိုင်နဲ့ ပဲ ဆိုင်မယ် ထင်ပါမယ်။
အကြိုက်ဆုံးရယ်လို့ တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဦးပါပါလေးကတော့ သူ့ ရဲ့နှုတ်ခမ်းမွေးကြောင့်ပဲ ကျမက သူ့ကို မှတ်မိနေတာလား မသိဘူး။


ဘရဏီ၊ ဒီဗွီဘီ လူငယ့်အသံ

အဲဒါတွေကြောင့် သာမန်ထက်ပိုပြီး ထူးခြားသွားတာတော့ အမှန်ပဲဗျို့ ။ ကြိုက်ခြင်း မကြိုက်ခြင်းတော့ မရှိပါဘူး။ သို့ သော် ( ဥပမာပေါ့ဗျာ - ကိုကျော်သူကို ပြောလိုက်ပါဦး။ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေ ရိတ်ပါဦးလို့ တော့ ကျနော် မပြောပါဘူး။ ) တချို့ က သူတို့ ရဲ့  အလုပ်အကိုင် / ယုံကြည်မှုနဲ့  တစုံ တရာ ( ကျနော်တို့  မသိနိုင်တဲ့ - မသိစေချင်တဲ့ )အပေါ်မှာ ဒါတွေကို တပ်ဆင်ကြတာကိုး။ ကိုယ်ပိုင် အသားအရည်ပေါ်မှာ မျက်နှာပေါ်မှာ ဒါတွေကို လက်ခံထားမှတော့ ဒီအရင် သူတို့ လက်ခံထားတဲ့ ကိစ္စတွေလဲ ရှိနေမှာပေါ့ဗျာ။

ကဗျာဆရာ နေဇော်နိုင်
http://facebook.com/nayzaw.naing

မျက်နှာမှာ အမွေးအမှင် မရှိရင် မိန်းမနဲ့တူတယ်လို့ မိတ်ဆွေအမျိုးသမီးတယောက်က ပြေဖူးတယ်။ မုတ်ဆိတ်မွေးတွေ၊ နှုတ်ခမ်းမွေးတွေက ယောကျာင်္းတယောက်ရဲ့ ဥပဓိရုပ်ကို ပိုမိုပြည့်စုံသွားစေတယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့် လူတိုင်းနဲ့တော့ မလိုက်ဖက်ဘူးဗျ။
အထူးသဖြင့် မြန်မာယောက်ျားတွေ မုတ်ဆိတ်မွေးနှုတ်ခမ်းမွေးထားရင် အတော် အကြည့်ရဆိုးတယ်။ ဘယ်ဦးကြီးရဲ့စတိုင်ကိုတော့ ကြိုက်တယ်။ ခင်ဗျား ဥပမာပေးထားတဲ့သူတွေထက် စာရင်တော့ ကျနော့်ပုံ (မုတ်ဆိတ်နှုတ်ခမ်းမွေးပုသိုင်း) ကတောင် ပိုမိုက်ဦးမယ် ထင်တာပဲ။

ကဗျာဆရာ နှင်းခါးမိုး
http://www.nykomme.blogspot.com/








.........

8 comments :

  1. Anonymous said... :

    ကျနော် ကြိုက်တဲ့ နှူတ်ခမ်းမွှေးကတော ထဲ မှာ စစ်းတိုက် နေ ပြီး ငါးပိ စားနေတုံ့း

  1. Anonymous said... :

    နှုတ်ခမ်းမွှေးကတော့ လူတိုင်းနဲ့တော့ မလိုက်ဘူးလို့ထင်တယ်။ နှုတ်ခမ်းမွှေးကြောင့် ဥပဓိရုပ် ခန့်ညားသွားတဲ့လူရှိသလို။ နှုတ်ခမ်းမွှေးကြောင့် လူပုံစံက ညှင်းသိုးသိုး၊ လန်းလန်းဆန်းဆန်းမရှိ တဲ့ လူတွေလည်းရှိတယ်။

    ကျနော်ကျတော့ ကိုယ့်ကိုကိုယ်နှုတ်ခမ်းမွှေးနဲ့ ကြည့်လို့ ကောင်း၊ မကောင်းတော့မသိဘူး။ တခါတလေ နှုတ်ခမ်းမွှေးမရိတ်ပဲ ထားကြည့်တာ နှုတ်ခမ်းမွှေးက ဘေးမှာပဲပေါက်တယ်။ အလယ်မှာ ထွက်ကိုမလာဘူး။ မော့စ် နှုတ်ခမ်းမွှေးလို့ဖြစ်နေတယ်။ နောက်ဆုံး ဘယ်လို လုပ်ရမှန်းမသိတာနဲ့ နှုတ်ခမ်းမွှေး ထားကိုမထားတော့တာ။

    မြန်မာမင်းသားတွေထဲက လူမင်းတို့၊ မြင်စိုင်းသား အောင်အောင်တို့ကျတော့ နှုတ်ခမ်းမွှေးနဲ့လိုက်တယ်လို့ပြောရမယ်။

    အနောက်နိုင်ငံတွေမှာကျတော့ လူဖြူတော်တော်များများ နှုတ်ခမ်းမွှေးပါမှ ကြည့်လို့ကောင်းတယ်လို့ထင်တယ်။ တချို့မိန်းကလေးတွေပြောတာတော့ ကြားဖူးတယ်။ နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေး ရှိတဲ့ယောင်္ကျားတွေက တခြားယောင်္ကျာတွေနဲ့ ယှဉ်လိုက်ရင် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ပိုပြီးရှိတယ်လို့တော့ ပြောကြတာပဲ။

  1. Anonymous said... :

    နှုတ်ခမ်းမွေးအကြောင်း ဘာကြောင့် ပြောနေ၇တာလဲ

  1. Anonymous said... :

    ကျွန်တော်ကတော့ ဗိုလ်ချုပ်နှုတ်ခမ်းမွှေး ကိုအကြိုက်ဆုံးပဲ.
    နာမည်နဲ့ စတိုင်ကလည်း လိုက်ဖက်တယ်ဗျ...
    တိုက်ရည်ခိုက်ရည်..လက်ရုံးရည်နှလုံးရည်ပြည့်စုံတယ်..
    သတ္တိ ဗျတ္တိ လည်းရှိတယ်....နှုတ်ခမ်းမွှေး လေးနဲ့
    တော်တော် ခန့်ညားတယ်ဗျ..ကြည်ညိုစရာ ကောင်းတယ်..
    မြန်မာတပ်မတော်မှာ ကာချုပ်ကိုသူ့ကိုခန့်ရမှာ..
    ဘာလို့လဲဆိုတော့ သန်းရွှေတို့ ကာချုပ်အသစ်တို့မှာ
    နှတ်ခမ်းမွှေးမရှိကြလို့ပါ...

  1. Anonymous said... :

    အင်း တဖြည်းဖြည်းနဲ့ နိုင်ငံရေးတွေပါလာပါပေါ့။
    သွားလေသူ ဆရာငြိမ်းကျော်ရဲ့ ဝတ္ထုတပုဒ်မှာ ဖတ်ရဘူးတယ်။ လောကမှာ ကိုယ့်ပစ္စည်းနဲ့ကိုယ် လူမုန်းခံရတာ သုံးခုရှိတယ်။ တစ်..နုတ်ခမ်းမွှေး နှစ်.. ဆေးတံ၊ သုံး.. မော်တော်ဆိုင်ကယ် တဲ့။ မယုံမရှိနဲ့ ကိုယ်တွေ့။

  1. Morries said... :

    နှုတ်ခမ်းမွှေးမပါတဲ့ နှုတ်ခမ်းနဲ့ အနမ်းခံရတာ ၊ ဆားမပါတဲ့ဟင်း စားနေရသလိုပဲလို့ပြောတာ နားနဲ့ ဆတ်ဆတ် ကြားခဲ့ရဖူးပါတယ် ။ ။

  1. မောင်ကောင်း said... :

    မောင်ကောင်းလဲ လူကြီးတွေပြောနေတဲ့ နှုတ်ခမ်းမွှေးနဲ့နီးစပ်တာတခုလောက်ဝင်လျှာရှည်လိုက်ဦးမှ - နှုတ်ခမ်းမွှေးအရှည်ထားတာတို့ ဆံပင်အရှည်ထားတာတို့ဆိုတာ ထားတဲ့ သူရဲ့ ဖွဲ့စည်းပုံ ဥပဓိရုပ်နဲ့လဲ ပတ်သက်မယ်ထင်ပါတယ်၊ တချို့ကျပြန်တော့ ညင်းသိုးသိုးဖြစ်သွားတယ် တချို့ကျပြန်တော့ ပိုခန့်ညားလာတယ် - ဥပမာ ကျနော်တို့ ဧရာဝတီဂုရုကြီးကိုပဲကြည့်လေ ဟိုးအရင် သတင်းထောက်ငယ်ဘဝက ဆံတိုနဲ့ကျတော့ သိပ်မခန့်ညားပေမယ့် အခု ဆံရှည်နဲ့ ဂုရုဘဝကျတော့ ပိုခန့်ညားလာတယ်လို့ မောင်ကောင်းတကိုယ်ရေအမြင်ပါ၊ ခုနေ ကိုအောင်ဇော်ဆံပင်ညှပ်လိုက်ရင် လူအတော်များများက သူ့ကို ဘယ်က ချာတိတ်လေးလဲလို့တောင် မြင်ချင်မြင်ကြမယ် :) မောင်ကောင်းပြောလို့ ငါ တော့အရှည်နဲ့ အတော်သင့်နေတယ်လိုက်နေတယ်ဆိုပြီး နှုတ်ခမ်းမွှေးပါအရှည်လိုက်မထားလိုက်နဲ့နော့.. တော်ကြာအပေါ်အကျီင်္လေးယောဂီရောင်မှားဝတ်မိတဲ့နေဆို ဧရာဝတီ အယ်/ချုပ်ကြီးဘဝကနေ ဧရာဝတီသာသာနာပြုဘိုးတော်လေး လိုလို ဖြစ်သွားမယ် ၊ ဆံရှည်လောက်နဲ့ပဲ နားရနှစ်သိမ့်တော်မူလိုက်ပါ :)

  1. Anonymous said... :

    နှုတ်ခမ်းမွှေးမပါတဲ့ နှုတ်ခမ်းနဲ့ အနမ်းခံရတာ ၊ ဆားမပါတဲ့ဟင်း စားနေရသလိုပဲလို့ပြောတာ နားနဲ့ ဆတ်ဆတ် ကြားခဲ့ရဖူးပါတယ် ။ ။ တဲ့ ကိုစိုးအောင်ကြီးရေ ဟုတ်လားဗျ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved